159 Shares 66 Views


Jul 08, 2018
159 66





Ref : tnw

unicode

၂၀၂၃ ခုနှစ်မှာ လကမ္ဘာသို့ ကုန်ပစ္စည်းများ ပို့ဆောင်မယ့် Amazon

လူသားတွေဟာ ကမ္ဘာကြီး မပျက်ဆီးခင်မှာ အာကာသမှ အခြား ဂြိုလ်များသို့ ရွှေ့ပြောင်းအခြေချနေထိုင် နိုင်အောင် ပြင်ဆင်ထားသင့်တယ်လို့ ပညာရှင်အချို့က ဟောကိန်းထုတ်ထားပါတယ်။ နည်းပညာ ကုမ္ပဏီများကလည်း အာကာသသို့ လူသားများ အခြေချနိုင်မယ့်နည်းလမ်းများ ၊ အာကာသမှာ စိုက်ပျိုး မွေးမြူရေးပြုလုပ်နိုင်မယ့် နည်းပညာများကို တီထွင်နေပါတယ်။

အခုတော့ အမေဇုန် အွန်လိုင်း စတိုးဆိုင်ကြီးနဲ့ Blue Origin အမည်ရ အာကာသ နည်းပညာ ကုမ္ပဏီများရဲ့ ပိုင်ရှင် Jeff Bezos က ၂၀၂၃ ခုနှစ်မှာ လကမ္ဘာသို့ လူသားများနဲ့ ကုန်ပစ္စည်းများ ပို့ဆောင်ပေးဖို့ စီစဉ်နေပါတယ်။ သူတို့ရဲ့ စီမံကိန်းကို Blue Moon Project လို့ အမည်ပေးထားပါတယ်။

Blue Origin ရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး ဌာနမှ အကြီးအကဲ ဖြစ်သူ AC Charania က “ လကမ္ဘာကို လူသားများ အခြေချဖို့ စီစဉ်နေပါတယ်။ လကမ္ဘာသို့ အလေးချိန်များစွာ ရှိတဲ့ ကုန်ပစ္စည်းများကိုပါ ပို့ဆောင်မှာဖြစ်ပါတယ်။ ကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာများစွာဟာ လူသားများ အဲဒီမှာ အခြေချနေထိုင်ဖို့အတွက် လိုအပ်ပါတယ်။ “ လို့ Geek Wire ကို ပြောပြပါတယ်။

နာဆာကလည်း လာမယ့်နှစ်အစောပိုင်းမှာ လကမ္ဘာသို့ အာကာသယာဉ်များ စေလွှတ်ဖို့ စီစဉ်နေပါတယ်။ SpaceX CEO Elon Musk က လူသားများအား ၂၀၂၂ ခုနှစ်မှာ အင်္ဂါဂြိုလ်သို့ ပို့ဆောင်မယ်လို့ ပြောပါတယ်။ Blue Origin ဟာ လာမယ့်နှစ် အစောပိုင်းမှာ အာကာသသို့ ခရီးသည်များကို စီးပွားဖြစ် ပို့ဆောင်ပေးဖို့ မျှော်လင့်ထားပါတယ်။

Ref : tnw

You may be interested

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေထဲမှာ စိတ်ရှုပ်ရပြီး အနှောင့်အယှက်ပေးတာ တစ်ခုကိုပြောပါဆိုရင် ညမအိပ်ခင် ဖုန်းအားသွင်းရတာမျိုး၊ စိတ်မချရလို့ မအိပ်ခင် အားသွင်းထားတဲ့မီး ပြန်ပိတ်ရတာမျိုး၊ ဖုန်းအားပြည့်အောင် စောင့်ပြီးမှအိပ်ရတာမျိုး၊ မနက်မိုးလင်းလို့ အပြင်မသွားခင်…

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်
HUBS, LG, NEWS
0 shares0 views

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်

Ko Thuya - Dec 18, 2018

LG က CES 2018 မှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရင်းအမြစ်တစ်ခုက အဲဒီ တီဗီကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၅ လက်မ OLED…

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့
Android, Apple, HUBS
157 shares37 views

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့

Ko Thuya - Dec 18, 2018

စမတ်ဖုန်းများမှာ ဒေတာများကို ကာကွယ်ဖို့ အတွက် လက်ဗွေရာ အာရုံခံ နည်းပညာများ ထည့်သွင်းလာကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမို စိတ်ချရတဲ့ မျက်နှာ အာရုံခံ နည်းပညာများကို အသုံးပြုလာကြပါတယ်။ အဆင့်မြင့် မျက်နှာအာရုံခံ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်တဲ့ ကုမ္ပဏီက Apple ဖြစ်ပါတယ်။…

Leave a Comment

Most from this category