0 Shares 145 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Jul 08, 2018
0 145

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Awakening Portable Energy Mask

Awakening Portable Energy Mask က စြမ္းအားျဖည့္ ေဖ်ာ္ရည္မ်ားလို လူသားမ်ားရဲ႕ စြမ္းအားကို ျဖည့္တင္းေပးတဲ့ မ်က္ႏွာဖံုးေလးပါတဲ့။ စြမ္းအားျဖည့္ ေဖ်ာ္ရည္မ်ားေနရာမွာ အစားထိုးဖို႔ သူ႔ကို ဒီဇိုင္းထုတ္ထားပါတယ္။ သူ႔ကို ၀တ္လိုက္တာနဲ႔ ဖလမ္းဖလမ္း ျဖစ္ၿပီတဲ့။ အရြယ္အစား ေသးငယ္တဲ့အတြက္ အ၀တ္အစားမ်ားရဲ႕ အိတ္ကပ္ထဲေတာင္ ေအးေဆး သယ္လို႔ရပါတယ္။ ပင္ပန္းေနတဲ့ အခါ၊ အခ်ိန္ပို အလုပ္ဆင္းရတဲ့ အခါမ်ားမွာ သူက အေကာင္းဆံုး အေဖာ္ပါ။ အိပ္ယာ မ၀င္ခင္ မိနစ္ သံုးဆယ္ အလိုမွာ သူ႔ကို ခြ်တ္ဖို႔ လိုမယ္ေနာ္။ မဟုတ္ရင္ေတာ့ ဖလမ္းဖလမ္း ျဖစ္ၿပီး အိပ္မေပ်ာ္မွာ စိုးလို႔ပါတဲ့။ နာရီေပါင္းမ်ားစြာ ကားေမာင္းတဲ့ အခါမွာ သူ႔ကို ၀တ္ထားရင္ လန္းဆန္း တက္ၾကြေနမွာပါ။ ၂၆ ေဒၚလာ သတ္မွတ္ထားပါတယ္။

Legrand Radiant Wireless Charger Wall Plate

Legrand Radiant Wireless Charger Wall Plate က ဖုန္းမ်ားအတြက္ ဖန္တီးထားတဲ့ ႀကိဳးမဲ့ အားသြင္းစက္ကေလးပါ။ သူ႔ကို နံရံမွာ ကပ္ထားဖို႔ ဒီဇိုင္းထုတ္ထားေတာ့ သင့္ အလုပ္စားပြဲမွာ မ်က္စိမေနာက္ေတာ့ဘူးေပါ့။ Charging Pad ရဲ႕ အေရွ႕မွာ ဖုန္းကိုထားရွိရမွာပါ။ ဖုန္း ျပဳတ္မက်ေအာင္ ကလစ္ညွပ္ထားေတာ့ အိုေကၿပီေပါ့။ သူ႔ကို Qi စံႏႈန္းပါတဲ့ ဖုန္းမ်ားနဲ႔ တြဲဖက္ သံုးႏိုင္ပါတယ္။ သူက 3.1A Power ျဖင့္ အားျဖည့္ ေပးပါတယ္။ သူ႔ရဲ႕ ေအာက္ေျခမွ LED မီးသီးက အားသြင္းတဲ့ အေျခအေနကို ျပသေပးပါတယ္။ ၇၉.၃၃ ေဒၚလာ သတ္မွတ္ထားပါတယ္။

BrilliantPad Self-Cleaning Dog Pad

ေခြးေလးေတြကို ခ်စ္ပါရဲ႕ … ဒါေပမယ့္ အီအီးက်ံဳးရမွာကို ရြံသူမ်ားအတြက္ေတာ့ သတင္းေကာင္းပါ။ BrilliantPad Self-Cleaning Dog Pad က ေခြးေလးေတြရဲ႕ အီအီးမ်ား ရွဴရွဴးမ်ားကို က်ံဳးေပးႏုိင္ပါတယ္တဲ့။ ေခြးေလးေတြ အီအီးပါၿပီးတာနဲ႔ သူက လိပ္သိမ္းေပးမွာပါ။ ခလုတ္တစ္ခ်က္ႏွိပ္လိုက္တာနဲ႔ Pad အသစ္လဲေပးမွာပါ။ တစ္ေန႔လွ်င္ သံုးႀကိမ္အထိ Pad မ်ားကို အလိုအေလွ်ာက္လဲေပးေအာင္လည္း Timer သတ္မွတ္ထားႏိုင္ပါတယ္။ သူ႔မွာ ဆန္ဆာ တပ္ဆင္ထားတဲ့အတြက္ ေခြးမ်ား အီအီးပါၿပီးတာကို သိၿပီး အလိုအေလွ်ာက္ လဲေပးပါတယ္။ အေလးခ်ိန္ ၂၅ ေပါင္အထိ ရွိတဲ့ ေခြးမ်ား သံုးႏုိင္ပါတယ္။ သူ႔ကို မီးပလပ္ေပါက္နဲ႔ ခ်ိတ္ဆက္ သံုးရမွာပါ။ ၁၅၀ ေဒၚလာ တန္ေၾကးရွိပါတယ္။

Ref : thegadgetflow

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Awakening Portable Energy Mask

Awakening Portable Energy Mask က စွမ်းအားဖြည့် ဖျော်ရည်များလို လူသားများရဲ့ စွမ်းအားကို ဖြည့်တင်းပေးတဲ့ မျက်နှာဖုံးလေးပါတဲ့။ စွမ်းအားဖြည့် ဖျော်ရည်များနေရာမှာ အစားထိုးဖို့ သူ့ကို ဒီဇိုင်းထုတ်ထားပါတယ်။ သူ့ကို ဝတ်လိုက်တာနဲ့ ဖလမ်းဖလမ်း ဖြစ်ပြီတဲ့။ အရွယ်အစား သေးငယ်တဲ့အတွက် အဝတ်အစားများရဲ့ အိတ်ကပ်ထဲတောင် အေးဆေး သယ်လို့ရပါတယ်။ ပင်ပန်းနေတဲ့ အခါ၊ အချိန်ပို အလုပ်ဆင်းရတဲ့ အခါများမှာ သူက အကောင်းဆုံး အဖော်ပါ။ အိပ်ယာ မဝင်ခင် မိနစ် သုံးဆယ် အလိုမှာ သူ့ကို ချွတ်ဖို့ လိုမယ်နော်။ မဟုတ်ရင်တော့ ဖလမ်းဖလမ်း ဖြစ်ပြီး အိပ်မပျော်မှာ စိုးလို့ပါတဲ့။ နာရီပေါင်းများစွာ ကားမောင်းတဲ့ အခါမှာ သူ့ကို ဝတ်ထားရင် လန်းဆန်း တက်ကြွနေမှာပါ။ ၂၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Legrand Radiant Wireless Charger Wall Plate

Legrand Radiant Wireless Charger Wall Plate က ဖုန်းများအတွက် ဖန်တီးထားတဲ့ ကြိုးမဲ့ အားသွင်းစက်ကလေးပါ။ သူ့ကို နံရံမှာ ကပ်ထားဖို့ ဒီဇိုင်းထုတ်ထားတော့ သင့် အလုပ်စားပွဲမှာ မျက်စိမနောက်တော့ဘူးပေါ့။ Charging Pad ရဲ့ အရှေ့မှာ ဖုန်းကိုထားရှိရမှာပါ။ ဖုန်း ပြုတ်မကျအောင် ကလစ်ညှပ်ထားတော့ အိုကေပြီပေါ့။ သူ့ကို Qi စံနှုန်းပါတဲ့ ဖုန်းများနဲ့ တွဲဖက် သုံးနိုင်ပါတယ်။ သူက 3.1A Power ဖြင့် အားဖြည့် ပေးပါတယ်။ သူ့ရဲ့ အောက်ခြေမှ LED မီးသီးက အားသွင်းတဲ့ အခြေအနေကို ပြသပေးပါတယ်။ ၇၉.၃၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။

BrilliantPad Self-Cleaning Dog Pad

ခွေးလေးတွေကို ချစ်ပါရဲ့ … ဒါပေမယ့် အီအီးကျုံးရမှာကို ရွံသူများအတွက်တော့ သတင်းကောင်းပါ။ BrilliantPad Self-Cleaning Dog Pad က ခွေးလေးတွေရဲ့ အီအီးများ ရှူရှူးများကို ကျုံးပေးနိုင်ပါတယ်တဲ့။ ခွေးလေးတွေ အီအီးပါပြီးတာနဲ့ သူက လိပ်သိမ်းပေးမှာပါ။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ Pad အသစ်လဲပေးမှာပါ။ တစ်နေ့လျှင် သုံးကြိမ်အထိ Pad များကို အလိုအလျှောက်လဲပေးအောင်လည်း Timer သတ်မှတ်ထားနိုင်ပါတယ်။ သူ့မှာ ဆန်ဆာ တပ်ဆင်ထားတဲ့အတွက် ခွေးများ အီအီးပါပြီးတာကို သိပြီး အလိုအလျှောက် လဲပေးပါတယ်။ အလေးချိန် ၂၅ ပေါင်အထိ ရှိတဲ့ ခွေးများ သုံးနိုင်ပါတယ်။ သူ့ကို မီးပလပ်ပေါက်နဲ့ ချိတ်ဆက် သုံးရမှာပါ။ ၁၅၀ ဒေါ်လာ တန်ကြေးရှိပါတယ်။

Ref : thegadgetflow

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category