210 Shares 472 Views


Jul 08, 2018
210 472





Download


unicode

သရဲ ဂိမ်း ကြိုက်သူများအတွက် Goosebumps HorrorTown

Goosebumps HorrorTown ဟာ မြို့တည်ဆောက်ရတဲ့ ဂိမ်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထူးခြားတာက မြို့မှ အကောင်များ၊ သရဲများကို နှိမ်နင်းပြီးတော့ မြို့ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကစားသူဟာ လူသား ဇာတ်ကောင်နေရာက ကစားရမှာ ဖြစ်ပြီး ဇာတ်ကောင်ပေါင်း ၁၀၀ ကျော်ထဲက နှစ်သက်တဲ့ ဇာတ်ကောင်ကို ကစားနိုင်ပါတယ်။

Pixowl Inc က ဖန်တီးထားတာ ဖြစ်ပြီး နာမည်ကျော် သရဲကားများမှ ဇာတ်ကောင်များ ပါဝင်ပါတယ်။ သရဲဇာတ်ကောင်နေရာကလည်း ကစားနိုင်ပါတယ်။ လူဇာတ်ကောင်နေရာကနေ ကစားရင် အရင်းအမြစ်များကို ရှာဖွေ စုဆောင်းပြီး မြို့ကိုတည်ဆောက်ရမှာ ဖြစ်ပါတယ်။ အကောင်များရဲ့ လှုပ်ရှားမှုများကို ခြေရာခံ လေ့လာရမှာပါ။ မြေပုံကနေ တည်နေရာ အသစ်များကို ရှာဖွေရမှာ ဖြစ်ပါတယ်။

သရဲ ဇာတ်ကောင်နေရာကနေ ကစားရင်တော့ သရဲများကို စုဆောင်းခြင်း၊ လူများကို ခြောက်လှန့်ခြင်းတို့ကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လူများထံကနေ အရာဝတ္ထုများကို လုယူရမှာ ဖြစ်ပါတယ်။ ဂိမ်းမှာ Goosebumps Fans များ နှစ်သက်မယ့် Game Features များ ထည့်သွင်းထားပါတယ်။ Animations , Missions များက ကောင်းမွန်ပါတယ်။ အခန်း အသစ်များမှာ Content အသစ်များ ထည့်သွင်းပေးထားပါတယ်။

စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဂိမ်း အသစ်ဖြစ်ပါတယ်။ Android 4.4 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။ သူ့ရဲ့ အရွယ်အစားမှာ 76MB ရှိပါတယ်။

Download

Ref : androidauthority , play store

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category