532 Shares 629 Views

Apple ရဲ႕ Portrait Lighting Mode ဆိုတာ ဘာလဲ ?

Jul 08, 2018
532 629

Apple ရဲ႕ Portrait Lighting Mode ဆိုတာ DSLR or Mirrorless Camera မ်ားမွာ ဖန္တီးႏိုင္တဲ့ ေနာက္ခံကို Blur လုပ္ထားတဲ့ ဓါတ္ပံုမ်ားကို ဖုန္းရဲ႕ အေနာက္ကင္မရာ ႏွစ္လံုးကို အသံုးျပဳ၍ ဖန္တီးေပးျခင္း ျဖစ္ပါတယ္။ အဲဒီ Portrait Mode ကို ဓါတ္ပံုနယ္ပယ္မွာ Bokeh လို႔ ေခၚၾကပါတယ္။ ဒီႏွစ္မွာလည္း Apple က Portrait Mode ရဲ႕စြမ္းေဆာင္ခ်က္အသစ္ Portrait Lighting Mode ကို ထည့္ေပးထားၿပီး သင့္ရဲ႕ ဓါတ္ပံုမ်ားမွာ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ အလင္းေရာင္ Effects မ်ား ထည့္သြင္းနုိင္ပါတယ္။

Portrait Lighting ကို သံုးႏုိင္မယ့္ ဖုန္းမ်ား

iPhone 8 Plus နဲ႔ iPhone X တို႔မွာ သူ႔ကို အသံုးျပဳႏုိင္ပါတယ္။ iPhone 7 Plus မွာေတာ့ A10 Processor အေဟာင္းသာပါတဲ့အတြက္ သူ႔ကို အသံုးျပဳလို႔မရပါဘူး။

သူ႔ရဲ႕ အလုပ္လုပ္ပံု

Camera App ကေန Swipe လုပ္၍ Portrait ကို ေရြးခ်ယ္ပါ။ ရိုက္ကူးမယ့္ အရာ၀တၳဳကို ခ်ိန္ရြယ္ပါ။ ၿပီးရင္ေအာက္ေျခမွ Portrait Lighting Effects ကို ေရြးခ်ယ္ၿပီး ဓါတ္ပံုရိုက္ပါ။

Portrait Lighting Effect ကို ဓါတ္ပံုရိုက္ကူးၿပီးမွ ေျပာင္းလို႔ရပါသလား ?

Portrait Lighting Effect ကို ဓါတ္ပံုရိုက္ကူးၿပီးမွ ေျပာင္းလို႔ရပါတယ္။ ဒါေပမယ့္ ဓါတ္ပံုဟာ Portrait Mode ျဖင့္ ရိုက္ကူးထားတဲ့ ဓါတ္ပံု ျဖစ္ရပါမယ္။ Effects ထည့္သြင္းဖို႔အတြက္ Photos App ကို ဖြင့္ပါ။ Portrait Photo ကို ေရြးခ်ယ္ၿပီး Edit ျပဳလုပ္ဖို႔ Slider Icon ကို ႏွိပ္ပါ။ Editing Tools မ်ားရဲ႕ အထက္မွာ စက္၀ိုင္းပံုသ႑ာန္ Portrait Lighting Effects Dial ရွိပါတယ္။ Dial ကို လွည့္၍ ႏွစ္သက္တဲ့ Effect ကို ေရြးခ်ယ္ၿပီး ေအာက္ေျခမွ Done ကို ႏွိပ္ပါ။

Portrait Lighting ဟာ Filter လား ?

Portrait Lighting ဟာ Filter မဟုတ္ဘဲ မ်က္ႏွာ သို႔မဟုတ္ အရာ၀တၳဳအေပၚ က်ေရာက္ေနတဲ့ အလင္းေရာင္မ်ားကို အခ်ိန္နဲ႔တစ္ေျပးညီ ခြဲျခမ္းစိတ္ျဖာျခင္း ျဖစ္တယ္လို႔ Apple က ေျပာပါတယ္။ Portrait Mode က အရာ၀တၳဳနဲ႔ ေနာက္ခံကို ခြဲထုတ္ေပးေအာင္ အေသးစိတ္က်တဲ့ ေဒတာမ်ားကို ေကာက္ယူနိုင္ပါတယ္။ ဥာဏ္ရည္တု နည္းပညာ သို႔မဟုတ္ Machine Learning က Portrait Lighting ကို ဖန္တီးေပးပါတယ္။

Selfie အတြက္ Portrait Lighting ကို သံုးလို႔ရသလား ?

iPhone X မွာေတာ့ Selfie အတြက္ Portrait Lighting ကို သံုးလို႔ရပါတယ္။ iPhone 8 Plus မွာေတာ့ အေရွ႕ကင္မရာ ၁ လံုးသာပါတဲ့အတြက္ သူ႔ကို သံုးလို႔မရပါဘူး။ iPhone X ရဲ႕ အေရွ႕ဘက္မွာ ပင္မ ကင္မရာနဲ႔အတူ Face ID အတြက္ အသံုးျပဳတဲ့ TrueDepth Camera ၁ လံုး အပိုပါပါတယ္။

ref : cnet

unicode

Apple ရဲ့ Portrait Lighting Mode ဆိုတာ ဘာလဲ ?

Apple ရဲ့ Portrait Lighting Mode ဆိုတာ DSLR or Mirrorless Camera များမှာ ဖန်တီးနိုင်တဲ့ နောက်ခံကို Blur လုပ်ထားတဲ့ ဓါတ်ပုံများကို ဖုန်းရဲ့ အနောက်ကင်မရာ နှစ်လုံးကို အသုံးပြု၍ ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ အဲဒီ Portrait Mode ကို ဓါတ်ပုံနယ်ပယ်မှာ Bokeh လို့ ခေါ်ကြပါတယ်။ ဒီနှစ်မှာလည်း Apple က Portrait Mode ရဲ့စွမ်းဆောင်ချက်အသစ် Portrait Lighting Mode ကို ထည့်ပေးထားပြီး သင့်ရဲ့ ဓါတ်ပုံများမှာ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အလင်းရောင် Effects များ ထည့်သွင်းနိုင်ပါတယ်။

Portrait Lighting ကို သုံးနိုင်မယ့် ဖုန်းများ

iPhone 8 Plus နဲ့ iPhone X တို့မှာ သူ့ကို အသုံးပြုနိုင်ပါတယ်။ iPhone 7 Plus မှာတော့ A10 Processor အဟောင်းသာပါတဲ့အတွက် သူ့ကို အသုံးပြုလို့မရပါဘူး။

သူ့ရဲ့ အလုပ်လုပ်ပုံ

Camera App ကနေ Swipe လုပ်၍ Portrait ကို ရွေးချယ်ပါ။ ရိုက်ကူးမယ့် အရာဝတ္ထုကို ချိန်ရွယ်ပါ။ ပြီးရင်အောက်ခြေမှ Portrait Lighting Effects ကို ရွေးချယ်ပြီး ဓါတ်ပုံရိုက်ပါ။

Portrait Lighting Effect ကို ဓါတ်ပုံရိုက်ကူးပြီးမှ ပြောင်းလို့ရပါသလား ?

Portrait Lighting Effect ကို ဓါတ်ပုံရိုက်ကူးပြီးမှ ပြောင်းလို့ရပါတယ်။ ဒါပေမယ့် ဓါတ်ပုံဟာ Portrait Mode ဖြင့် ရိုက်ကူးထားတဲ့ ဓါတ်ပုံ ဖြစ်ရပါမယ်။ Effects ထည့်သွင်းဖို့အတွက် Photos App ကို ဖွင့်ပါ။ Portrait Photo ကို ရွေးချယ်ပြီး Edit ပြုလုပ်ဖို့ Slider Icon ကို နှိပ်ပါ။ Editing Tools များရဲ့ အထက်မှာ စက်ဝိုင်းပုံသဏ္ဍာန် Portrait Lighting Effects Dial ရှိပါတယ်။ Dial ကို လှည့်၍ နှစ်သက်တဲ့ Effect ကို ရွေးချယ်ပြီး အောက်ခြေမှ Done ကို နှိပ်ပါ။

Portrait Lighting ဟာ Filter လား ?

Portrait Lighting ဟာ Filter မဟုတ်ဘဲ မျက်နှာ သို့မဟုတ် အရာဝတ္ထုအပေါ် ကျရောက်နေတဲ့ အလင်းရောင်များကို အချိန်နဲ့တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာခြင်း ဖြစ်တယ်လို့ Apple က ပြောပါတယ်။ Portrait Mode က အရာဝတ္ထုနဲ့ နောက်ခံကို ခွဲထုတ်ပေးအောင် အသေးစိတ်ကျတဲ့ ဒေတာများကို ကောက်ယူနိုင်ပါတယ်။ ဉာဏ်ရည်တု နည်းပညာ သို့မဟုတ် Machine Learning က Portrait Lighting ကို ဖန်တီးပေးပါတယ်။

Selfie အတွက် Portrait Lighting ကို သုံးလို့ရသလား ?

iPhone X မှာတော့ Selfie အတွက် Portrait Lighting ကို သုံးလို့ရပါတယ်။ iPhone 8 Plus မှာတော့ အရှေ့ကင်မရာ ၁ လုံးသာပါတဲ့အတွက် သူ့ကို သုံးလို့မရပါဘူး။ iPhone X ရဲ့ အရှေ့ဘက်မှာ ပင်မ ကင်မရာနဲ့အတူ Face ID အတွက် အသုံးပြုတဲ့ TrueDepth Camera ၁ လုံး အပိုပါပါတယ်။

ref : cnet

You may be interested

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ
NEWS, Softwares & Application
0 shares0 views

အိႏၵိယမွာ Xiaomi Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈ စတင္ ရရွိ

Nigma - Mar 19, 2019

Xioami ဟာ Redmi Go အျပင္ Mi Pay ေငြေပးေခ်ဝန္ေဆာင္မႈကိုလည္း အိႏၵိယမွာ ယေန႔ မိတ္ဆက္ခဲ့ပါတယ္။ Xiaomi ဟာ Mi Play ကို တ႐ုတ္ျပည္တြင္းမွာ ၂၀၁၆ ခုႏွစ္က စတင္ ထုတ္ေပးခဲ့တာ ျဖစ္ၿပီး၊ အိႏၵိယမွာ…

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20
Mobiles & Tablets, NEWS, Samsung
102 shares103 views

Infinity-V Display နဲ႔ ထြက္ရွိလာတဲ့ Samsung Galaxy A20

Nigma - Mar 19, 2019

Samsung က လြန္ခဲ့တဲ့လမွာ Galaxy A10, A30 နဲ႔ A50 ဖုန္းေတြကို မိတ္ဆက္ခဲ့ပါတယ္။ ယေန႔မွာေတာ့ A စီးရီးအသစ္ျဖစ္တဲ့ Galaxy A20 ကို ထပ္မံ မိတ္ဆက္လိုက္ျပန္ပါတယ္။ Samsung Galaxy A20 မွာ Galaxy…

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ
Android, Huawei, HUBS
105 shares15 views

Honor 10 Lite ရဲ႕ 3GB/32GB Model ထြက္ရွိ

Ko Thuya - Mar 19, 2019

Honor က အိႏၵိယမွာ Honor 10 Lite ရဲ႕ ေမာ္ဒယ္အသစ္ကို ေၾကညာလိုက္ပါတယ္။ သူဟာ 3GB RAM, 32GB Storage ပါတဲ့ တန္ဖိုးနည္း ေမာ္ဒယ္ ျဖစ္ပါတယ္။ မူလေမာ္ဒယ္မွာ 4GB RAM , 64GB…

Leave a Comment

Most from this category