420 Shares 158 Views


Jul 08, 2018
420 158





Ref : gsmarena

UNICODE

အနောက်ကင်မရာ ၂ လုံးပါတဲ့ Samsung Galaxy Jean

Samsung က တောင်ကိုရီးယားမှာ Galaxy Jean အမည်ရ စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပါတယ်။ တောင်ကိုရီးယားမှာ KT Carrier ကနေ ရောင်းချမှာပါ။ ဝမ် ၄၄၀ ၀၀၀ သတ်မှတ်ထားပြီး ၃၉၅ ဒေါ်လာဝန်းကျင် ကျသင့်ပါတယ်။ သူဟာ မေလမှာ ကြေညာခဲ့တဲ့ Galaxy A6+(2018) ကို ဆန်းသစ်ထားတဲ့ မော်ဒယ်ဖြစ်ပါတယ်။

ဆမ်ဆောင်းရဲ့ တောင်ကိုရီးယား ဝက်ဆိုက်မှာ Galaxy Jean (A6+) လို့ ရေးသားထားတဲ့ အပြင် မော်ဒယ်နံပါတ်များကလည်း တူညီပါတယ်။ Galaxy Jean နဲ့ Galaxy A6+ ရဲ့ အဓိက ကွာခြားချက်မှာ Memory ဖြစ်ပြီး 3GB RAM/ 32GB Internal Storage နဲ့ 4GB RAM / 64GB Internal Storage များ အသီးသီး ထည့်သွင်းထားပါတယ်။

အခြား အစိတ်အပိုင်းများက တူညီကြပါတယ်။ Galaxy Jean မှာ ၆ လက်မ Infinity Display ထည့်သွင်းထားပါတယ်။ Octa-Core 1.8GHz Processor မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပါပြီး 16MP နဲ့ 5MP များ ဖြစ်ကြပါတယ်။ အရှေ့ဘက်မှာ 24MP Camera တစ်လုံး ထည့်သွင်းထားပါတယ်။

ဘက်ထရီကတော့ 3500mAh ဖြစ်ပါတယ်။ ဆမ်ဆောင်းက Galaxy A6+(2018) ကို တောင်ကိုရီးယား အပြင် တရုတ်မှာလည်း ရောင်းချပေးခဲ့ဖူးပါတယ်။ တရုတ်မှာတော့ သူ့ကို Galaxy A9 Star Lite အမည်ဖြင့် ရောင်းချပေးထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် Galaxy Jean ကိုလည်း တောင်ကိုရီးယား ပြင်ပမှာ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category