ဂူထဲပိတ္မိေနတဲ့ ကေလးမ်ားကိုအရြယ္ေသး ေရငုပ္သေဘၤာျဖင့္ ကယ္တင္မယ့္ Elon Musk
လက္ရွိမွာေတာ့ ထုိင္းႏိုင္ငံ ဂူတစ္ခုထဲမွာ ေရႀကီးမႈေၾကာင့္ ပိတ္မိေနတဲ့ ကေလး ၁၂ ဦးနဲ႔ နည္းျပတစ္ဦးတို႔ကို ကယ္တင္ႏုိင္မယ့္ နည္းလမ္းမ်ားကို ပညာရွင္မ်ားက စဥ္းစားေနၾကပါတယ္။ အာကာသ နည္းပညာ ကုမၸဏီ SpaceX ၊ လွ်ပ္စစ္ကား ကုမၸဏီ Tesla တို႔ကို တည္ေထာင္ထားတဲ့ Elon Musk ကလည္း ကေလးမ်ားအား ကယ္ဆယ္ေပးဖို႔ ပါ၀င္လာပါတယ္။ သူ႔ ကုမၸဏီမွ အင္ဂ်င္နီယာမ်ားကိုလည္း ထိုင္းသို႔ ေစလႊတ္ထားပါတယ္။
အဲဒီေနာက္မွာသူက Falcon 9 Rocket ရဲ႕ အစိတ္အပိုင္းမ်ားျဖင့္ အရြယ္ေသး ေရငုပ္သေဘၤာ သို႔မဟုတ္ Tube ကို တည္ေဆာက္ေနတယ္လို႔ ေျပာပါတယ္။ အဲဒီ ေရငုပ္သေဘၤာမ်ားထဲမွာ ကေလးတစ္ဦးစီကို ထည့္သြင္းၿပီး ေရငုပ္သမားမ်ားက သေဘၤာကို ဆြဲလာျခင္းျဖင့္ ကေလးမ်ားကို ကယ္တင္မွာ ျဖစ္ပါတယ္။ Musk ရဲ႕ ေရငုပ္သေဘၤာ အစီအစဥ္သာ ေအာင္ျမင္မယ္ဆိုရင္ ကေလးမ်ားကို အႏၱရာယ္မ်ားတဲ့ ေရငုပ္နည္းကိုလည္း သင္ေပးစရာ မလိုေတာ့ပါဘူး။
သေဘၤာမ်ား တည္ေဆာက္ဖို႔ အခ်ိန္ ၈ နာရီပဲ လိုပါတယ္။ ယခုတစ္ပတ္ အေစာပိုင္းက မတ္ခ္ဟာ ဂူကို အေပါက္ေဖာက္ျခင္း၊ ေလမႈတ္သြင္းႏုိင္တဲ့ Tube ကို တည္ေဆာက္ျခင္း ကေန Kevlar Escape Pod ကို တီထြင္ျခင္းအထိ ဂူထဲ ပိတ္မိေနတဲ့ကေလးမ်ားကို ကယ္တင္ဖို႔ နည္းလမ္းမ်ားကို စဥ္းစားခဲ့ၾကပါတယ္လို႔ ေျပာပါတယ္။ အခုေတာ့ ဂူထဲမွာ သြားလာႏုိင္ေအာင္ ေသးငယ္တဲ့ ေရငုပ္သေဘၤာကို ဦးစားေပး တည္ေဆာက္မွာ ျဖစ္ပါတယ္။
အခုေတာ့ သူလည္း ထိုင္းကို လိုက္သြားပါၿပီ။ သူက သေဘၤာဟာ ေလမခိုဘဲ ေရေအာက္ထဲ ျမဳပ္ေနေအာင္ ကေလးမ်ားနဲ႔ Fit ျဖစ္ေအာင္ တည္ေဆာက္မယ္လို႔ ေရးသားထားပါတယ္။ ေရေအာက္ထဲ ျမဳပ္ေစဖို႔ အေလးခ်ိန္မ်ားလည္း ထပ္ျဖည့္ထားမယ္လို႔ ေျဖၾကားထားပါတယ္။ သေဘၤာရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္မွာ လက္ကိုင္မ်ားလည္း ပါမွာ ျဖစ္ၿပီး ကယ္ဆယ္ေရးသမားမ်ားက သေဘၤာကို လြယ္ကူစြာ ကိုင္တြယ္ႏုိင္ေအာင္ပါ။ သေဘၤာေလးစီးအထိ ခ်ိတ္ဆက္ထားႏုိင္းပါတယ္။
Ref : theverge
unicode
ဂူထဲပိတ်မိနေတဲ့ ကလေးများကိုအရွယ်သေး ရေငုပ်သင်္ဘောဖြင့် ကယ်တင်မယ့် Elon Musk
လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဂူတစ်ခုထဲမှာ ရေကြီးမှုကြောင့် ပိတ်မိနေတဲ့ ကလေး ၁၂ ဦးနဲ့ နည်းပြတစ်ဦးတို့ကို ကယ်တင်နိုင်မယ့် နည်းလမ်းများကို ပညာရှင်များက စဉ်းစားနေကြပါတယ်။ အာကာသ နည်းပညာ ကုမ္ပဏီ SpaceX ၊ လျှပ်စစ်ကား ကုမ္ပဏီ Tesla တို့ကို တည်ထောင်ထားတဲ့ Elon Musk ကလည်း ကလေးများအား ကယ်ဆယ်ပေးဖို့ ပါဝင်လာပါတယ်။ သူ့ ကုမ္ပဏီမှ အင်ဂျင်နီယာများကိုလည်း ထိုင်းသို့ စေလွှတ်ထားပါတယ်။
အဲဒီနောက်မှာသူက Falcon 9 Rocket ရဲ့ အစိတ်အပိုင်းများဖြင့် အရွယ်သေး ရေငုပ်သင်္ဘော သို့မဟုတ် Tube ကို တည်ဆောက်နေတယ်လို့ ပြောပါတယ်။ အဲဒီ ရေငုပ်သင်္ဘောများထဲမှာ ကလေးတစ်ဦးစီကို ထည့်သွင်းပြီး ရေငုပ်သမားများက သင်္ဘောကို ဆွဲလာခြင်းဖြင့် ကလေးများကို ကယ်တင်မှာ ဖြစ်ပါတယ်။ Musk ရဲ့ ရေငုပ်သင်္ဘော အစီအစဉ်သာ အောင်မြင်မယ်ဆိုရင် ကလေးများကို အန္တရာယ်များတဲ့ ရေငုပ်နည်းကိုလည်း သင်ပေးစရာ မလိုတော့ပါဘူး။
သင်္ဘောများ တည်ဆောက်ဖို့ အချိန် ၈ နာရီပဲ လိုပါတယ်။ ယခုတစ်ပတ် အစောပိုင်းက မတ်ခ်ဟာ ဂူကို အပေါက်ဖောက်ခြင်း၊ လေမှုတ်သွင်းနိုင်တဲ့ Tube ကို တည်ဆောက်ခြင်း ကနေ Kevlar Escape Pod ကို တီထွင်ခြင်းအထိ ဂူထဲ ပိတ်မိနေတဲ့ကလေးများကို ကယ်တင်ဖို့ နည်းလမ်းများကို စဉ်းစားခဲ့ကြပါတယ်လို့ ပြောပါတယ်။ အခုတော့ ဂူထဲမှာ သွားလာနိုင်အောင် သေးငယ်တဲ့ ရေငုပ်သင်္ဘောကို ဦးစားပေး တည်ဆောက်မှာ ဖြစ်ပါတယ်။
အခုတော့ သူလည်း ထိုင်းကို လိုက်သွားပါပြီ။ သူက သင်္ဘောဟာ လေမခိုဘဲ ရေအောက်ထဲ မြုပ်နေအောင် ကလေးများနဲ့ Fit ဖြစ်အောင် တည်ဆောက်မယ်လို့ ရေးသားထားပါတယ်။ ရေအောက်ထဲ မြုပ်စေဖို့ အလေးချိန်များလည်း ထပ်ဖြည့်ထားမယ်လို့ ဖြေကြားထားပါတယ်။ သင်္ဘောရဲ့ အရှေ့နဲ့ အနောက်ဘက်မှာ လက်ကိုင်များလည်း ပါမှာ ဖြစ်ပြီး ကယ်ဆယ်ရေးသမားများက သင်္ဘောကို လွယ်ကူစွာ ကိုင်တွယ်နိုင်အောင်ပါ။ သင်္ဘောလေးစီးအထိ ချိတ်ဆက်ထားနိုင်းပါတယ်။
Ref : theverge
You may be interested

စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ Epic Skater 2
Ko Thuya - Feb 23, 2019Epic Skater 2 ဟာ စကိတ္စီး ၀ါသနာရွင္မ်ားအတြက္ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

သင့္ Browser ကို ေႏွးေကြးေစတဲ့ Browser Extensions ေတြကို ဘယ္လုိ ရွာမလဲ
Ko Thuya - Feb 23, 2019Browser Extensions ေတြဟာ အသံုး၀င္လွပါတယ္။ဒါေပမယ့္ Browser Extensions ေတြက သင့္ System ရဲ ့ Memory ကို အသံုးျပဳေနၾကပါတယ္။Browser Extensions အမ်ားအျပားအသံုးျပဳျခင္းဟာ သင့္ Browser ကို ေလးလံေစပါတယ္။ အဲဒီအတြက္ Memory အသံုးျပဳမွုမ်ားတဲ့…

လာမယ့္တစ္ပတ္မွာ Redmi Note 7 Pro ကို ေၾကညာမည္
Ko Thuya - Feb 23, 2019Redmi ရဲ႕ စီအီးအိုက Note 7 Pro ကို လာမယ့္တစ္ပတ္မွာ ေၾကညာမယ္လို႔ ၀ီဘိုကေန အတည္ျပဳလိုက္ပါတယ္။ သူ႔မွာ 48MP Camera ပါလာမွာ ျဖစ္ၿပီး Sony IMX586 ျဖစ္ပါတယ္။ မၾကာခင္ကလည္း Redmi India က…
Most from this category

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Ko Thuya - Feb 23, 2019
Leave a Comment
You must be logged in to post a comment.