333 Shares 211 Views


Jul 07, 2018
333 211





Ref : gsmarena

unicode

Samsung Galaxy S10 မှာ ဘေးဘက် Fingerprint Scanner နဲ့ Wide Angle Lens ပါမည်

လာမယ့်နှစ် အစောပိုင်းမှာ မိတ်ဆက်မယ့် Samsung Galaxy S10 ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း SamMobile က Galaxy S10 Series ၃ လုံးရဲ့ သတင်းအချက်အလက် အချို့ကို ဖော်ပြလိုက်ပါတယ်။ အဲဒီအထဲမှ တစ်လုံးမှာ ဘေးဘက် Fingerprint Scanner ပါမယ်လို့ သိရပါတယ်။ Galaxy S10+ မှာ ကင်မရာ သုံးလုံးနဲ့ မြင်ကွင်းကျယ် ကင်မရာ ပါမှာပါ။

ဒီနှစ်မှာ Galaxy S Series များကို ၂ လုံး မဟုတ်ဘဲ ၃ လုံးတောင် ထုတ်လုပ်ရောင်းချမှာပါ။ Plus Version မှာ ၆.၄၄ လက်မ မျက်နှာပြင်နဲ့ Standard Model မှာ ၆.၂ လက်မ မျက်နှာပြင်များ ပါလာမှာပါ။ တန်ဖိုးနည်း မော်ဒယ်မှာ ၅.၈ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာပါ။

တန်ဖိုး ကြီး မော်ဒယ်နှစ်ခုထဲမှ တစ်လုံးမှာ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ Curved အစား Flat Infinity Display တပ်ဆင်ထားမှာပါ။ အဲဒီအလုံးမှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာလည်း ပါလာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်း အားလုံးမှာ 3D Face Scanning နည်းပညာလည်း ပါလာနိုင်ပါတယ်။ ဒါ့အပြင် Iris Scanning လည်း ထည့်ပေးထားမှာပါ။

Plus Model မှ တတိယ ကင်မရာဟာ ၁၂၃ ဒီဂရီ မြင်ကွင်းကျယ်ကို ပံ့ပိုးပေးမှာ ဖြစ်ပြီး 16MP Resolution ဖြစ်ပါတယ်။ 12MP+13MP Dual Main Camera များ ထည့်သွင်းထားမှာလို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

You may be interested

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
215 shares59 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ…

Leave a Comment

Most from this category