158 Shares 164 Views

YouTube ကို ဆရာကျကျကြည့်နိုင်ဖို့

Jul 21, 2018
158 164

[Zawgyi]


Keyboard Shortcuts




youtube-phone


youtube-search



youtube-specific-time


youtube-dark-theme



Ref: MakeTechEasier

[Unicode]

အခုနောက်ပိုင်း လူတိုင်းနီးပါးလိုလို YouTube တော်တော်ကြည့်လာတာ တွေ့ရပါတယ်။ YouTube မှာ တစ်မိနစ်တိုင်း ဗီဒီယို ၃နာရီစာလောက် တင်နေကြတာဖြစ်ပြီး YouTube ကနေ တိုက်ရိုက်ကြည့်တဲ့သူတွေလည်း မနည်းပါဘူး။ YouTube geek မဟုတ်သေးတဲ့သူတွေအတွက် ကြည့်တဲ့အခါ အလွယ်တကူသုံးနိုင်တဲ့ ကီးဘုတ် ShortCut လေးတွေ Feature လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Keyboard Shortcuts

youtube-keyboard-shortcuts

YouTube ကြည့်တဲ့အခါ Esc ခလုတ်ကိုနှိပ်ရင် Full-Screen mode ကနေ ထွက်သွားပြီး ပုံမှန်ဆိုဒ်ပြန်ရောက်သွားတယ်ဆိုတာတော့ အားလုံးသိကြပါတယ်။ ကျွန်တော်ကတော့ မောက်စ်ကိုသွားကိုင်နေရတာမကြိုက်တော့ ကီးဘုတ်ခလုတ်တွေသုံးရတာပိုအဆင်ပြေပါတယ်။ Esc အပြင် နောက်ထပ်ကီးတွေကတော့

  • 0 ကနေ 9 အတွင်းဂဏန်းတွေကိုနှိပ်ရင် နှိပ်လိုက်တဲ့ဂဏန်းတွေအတိုင်း % တွက်ပြီး ကျော်ပေးသွားပါတယ်။ ဥပမာ “3” ကိုနှိပ်ရင် ဗီဒီယိုရဲ့ 30% နေရာကိုရောက်သွားပါတယ်။ “5” ကိုနှိပ်ရင် ဗီဒီယိုရဲ့တစ်ဝက်နေရာကိုရောက်သွားပြီး 0 ကိုနှိပ်လိုက်ရင်တော့ အစကိုရောက်သွားမှာပါ။
  • “Spacebar” ကိုနှိပ်ရင် ခဏ pause လုပ်ပေးတယ်ဆိုတာတော့ YouTube user တိုင်းသိကြပါတယ်။ တကယ်လို့ “Spacebar” အလုပ်မလုပ်ရင်တော့ “K” ကို နှိပ်လို့လည်းရပါတယ်။
  • ဗီဒီယိုကို လက်ရှိရောက်နေတဲ့နေရာကနေ ၁၀စက္ကန့်နောက်ပြန်သွားချင်ရင် “J” ကိုနှိပ်ပြီး ရှေ့၁၀စက္ကန့်ကို ကြိုသွားချင်ရင်တော့ “L” ကိုနှိပ်လို့ရပါတယ်။ Left Arrow ဆိုရင်တော့ နောက်ပြန် ၅စက္ကန့် Right Arrow နှိပ်ရင်တော့ ရှေ့၅စက္ကန့်ကိုကျော်သွားလို့ရပါတယ်။
  • ဗီဒီယိုကို အသံပိတ်ချင်ရင်တော့ “M” (mute) ကိုနှိပ်ပြီး အသံပြန်ထွက်ချင်ရင် နောက်တစ်ချက်ပြန်နှိပ်ပါ။
  • Screen အပြည့် Full-Screen လုပ်ချင်ရင် “F” ကိုနှိပ်ပြီး ပြန်ထွက်ချင်ရင် “F” သို့မဟုတ် “Esc” ကိုနှိပ်ထွက်ပါ။
  • ဗီဒီယိုတွေကို ရှေ့ကြိုရစ်ချင်ရင် Shift+> ကိုနှိပ်ပြီး နောက်ပြန်ရစ်ချင်ရင်တော့ Shift+< ကိုနှိပ်ပါ။
  • Playlist ထဲမှာရှိနေတဲ့ ဗီဒီယိုတွေကိုကြည့်နေတယ်ဆိုရင်တော့ အဲဒီဗီဒီယိုရဲ့ ရှေ့တစ်ပုဒ်ကို သွားချင်ရင် Shift + N  ကိုနှိပ်ပြီး အရင်တစ်ပုဒ်ကိုပြန်သွားချင်ရင်တော့ Shift + P ကိုနှိပ်လို့ရပါတယ်။

youtube-phone

ဒါကတော့ ကွန်ပျူတာတွေမှာသုံးတဲ့နည်းပါ။ မိုဘိုင်းလ်ဖုန်းတွေကတော့ မထူးလည်းကိုင်သုံးနေရတာဆိုတော့ အဲ့လောက်မရှုပ်ပါဘူး။ မိုဘိုင်းလ်မှာ ဗီဒီယိုတွေကြည့်ရင်တော့ Screen ရဲ့ (ပြနေတဲ့ဗီဒီယိုရဲ့) ဘယ်ဘက်ဘေးကို ၂ချက်နှိပ်ရင် ၁၀စက္ကန့်နောက်ဆုတ်ပြီး ညာဘက်ကို ၂ချက်ထိလိုက်ရင် ၁၀စက္ကန့်ရှေ့ကျော်ပေးသွားမှာပါ။

youtube-search

YouTube ရဲ့ Search Function ကလည်း တော်တော်လေးကို အသုံးဝင်ပါတယ်။ ကိုယ်ရှာနေတာတွေကိုတိတိကျကျရှာတွေ့နိုင်ဖို့ symbols တွေ စကားလုံးတွေကိုသုံးလို့ရနိုင်ပါတယ်။

  • ကိုယ်ရှာချင်တဲ့စာလုံး၊ စာစုကို မျက်တောင်အဖွင့်အပိတ်ပါထည့်ရှာရင် ရှာလိုက်တဲ့စကားလုံးတစ်လုံးချင်းစီနဲ့ပတ်သတ်တာတွေကိုပဲ ပြပေးနိုင်လို့ ရှာရပိုလွယ်ပါတယ်။ plus (+) ထည့်လိုက်ရင် စာလုံးကိုထပ်ပေါင်းထည့် , minus (-) ထည့်ရင် ရှာတဲ့ထဲက အဲဒီစာလုံးကိုဖြုတ်ပြီးရှာပေးပါလိမ့်မယ်။
  • ဗီဒီယို Quality ကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ HD ဆိုတာလေးကိုပါ ထည့်ရှာလိုက်ရင် Resolution ကောင်းတဲ့ဗီဒီယိုတွေကိုပဲ ရွေးထုတ်ပေးပါလိမ့်မယ်။ အလားတူပဲ 3D content တွေကြည့်ချင်ရင် “3D” လို့ရိုက်လိုက်ရုံပါပဲ။

youtube-specific-time

တစ်ခါတစ်လေ တစ်ယောက်ယောက်ကို ဗီဒီယိုလင့်ခ် Share ပေးချင်တဲ့အခါမျိုးမှာ ဗီဒီယိုကြီးက အရမ်းရှည်နေရင် ကိုယ်စကြည့်စေချင်တဲ့နေရာကိုပါ ထ ည့်ပေးလိုက်လို့ရပါတယ်။ ကိုယ်စကြည့်စေချင်တဲ့နေရာရောက်ရင် Right click ကိုထောက်ပြီး “Copy video URL at current time” ဆိုတာကိုနှိပ်လိုက်ရင် သူများဆီရောက်တဲ့အခါ ကိုယ်ကြည့်စေချင်တဲ့နေရာလေးကနေ စပြပါလိမ့်မယ်။

youtube-dark-theme

ပုံမှန်လို အဖြူရောင်နောက်ခံမကြိုက်ဘူး အနက်ရောင်ပြောင်းချင်တယ်ဆိုရင်တော့ “Dark Theme” ဆိုတာလေးရှိပါတယ်။ ညအမှောင်ထဲမှာဗီဒီယိုတွေကြည့်ရင်တော့ Dark Theme ပြောင်းလိုက်တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ပြောင်းချင်ရင်တော့ ပထမဆုံး YouTube အကောင့်ကို Log in ဝင်ထားပါ။ ဝင်ပြီးသားဆိုရင်တော့ ညာဘက်ထောင့်က အကောင့် Menu ကိုနှိပ် “Dark Theme” လေးကို “On” ပေးလိုက်ရုံပါပဲ။

YouTube ကိုပဲကြည့်ဖြစ်တယ်ဆိုတဲ့သူတွေအတွက် တစ်ချို့အချက်လေးတွေ သိပြီးသားဖြစ်သလို မသိသေးတဲ့သူတွေရှိရင်လည်း အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်ရင်း…

Ref: MakeTechEasier

You may be interested

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေထဲမှာ စိတ်ရှုပ်ရပြီး အနှောင့်အယှက်ပေးတာ တစ်ခုကိုပြောပါဆိုရင် ညမအိပ်ခင် ဖုန်းအားသွင်းရတာမျိုး၊ စိတ်မချရလို့ မအိပ်ခင် အားသွင်းထားတဲ့မီး ပြန်ပိတ်ရတာမျိုး၊ ဖုန်းအားပြည့်အောင် စောင့်ပြီးမှအိပ်ရတာမျိုး၊ မနက်မိုးလင်းလို့ အပြင်မသွားခင်…

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်
HUBS, LG, NEWS
0 shares0 views

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်

Ko Thuya - Dec 18, 2018

LG က CES 2018 မှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရင်းအမြစ်တစ်ခုက အဲဒီ တီဗီကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၅ လက်မ OLED…

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့
Android, Apple, HUBS
157 shares37 views

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့

Ko Thuya - Dec 18, 2018

စမတ်ဖုန်းများမှာ ဒေတာများကို ကာကွယ်ဖို့ အတွက် လက်ဗွေရာ အာရုံခံ နည်းပညာများ ထည့်သွင်းလာကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမို စိတ်ချရတဲ့ မျက်နှာ အာရုံခံ နည်းပညာများကို အသုံးပြုလာကြပါတယ်။ အဆင့်မြင့် မျက်နှာအာရုံခံ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်တဲ့ ကုမ္ပဏီက Apple ဖြစ်ပါတယ်။…

Leave a Comment

Most from this category