422 Shares 305 Views

စမတ္ဖုန္းေတြေနရာမွာအစားထိုးလာမယ့္ LG Smart Pen

Jul 07, 2018
422 305

[Zawgyi]

LG ကေတာ့ စမတ္ဖုန္းေတြေနရာမွာလံုးဝအစားထုိးႏုိင္မယ့္ Smartpen အတြက္ မူပိုင္ခြင့္တင္လိုက္ပါျပီ။ ေနာက္လာမယ့္လေတြကေတာ့ Stylus ေတြနဲ႔ပတ္သတ္ျပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့လေတြျဖစ္လာပါျပီ။

ဘာလုိ႔လဲဆိုေတာ့ မၾကာခင္မွာပဲထြက္လာေတာ့မယ့္ Samsung Galaxy Note 9 မွာလည္း S Pen ေတြက Bluetooth ေတြ Music playback control ေတြအျပင္ တျခား feature ေတြနဲ႔ထပ္ျမွင့္တင္ထားတယ္ဆိုတဲ့ သတင္းေတြရထားလို႔ပါပဲ။

LG patents a crazy rollable smart pen that aims to replace your smartphone

အရင္က LG ကလည္း ၂၀၁၅ တုန္းက ေကြးေခါက္ႏုိင္တဲ့ Smart Pen/ Stylus နဲ႔ဆုရခဲ့ဖူးပါတယ္။ အခုလည္း မူပိုင္ခြင့္တင္ထားတဲ့ပံုေတြအတိုင္းဆိုရင္ Display က ၂ခုေတာင္ပါ။ အေသးေလးပိစိေလးမွာေတာ့ Notification အနည္းငယ္နဲ႔ တကယ္အသံုးဝင္မယ့္ App Shortcut ေလးေတြပဲျပေပးမွာျဖစ္ပါတယ္။

LG's smart pen patent application images

ေနာက္ Display အၾကီးကေတာ့ ေကြးညႊတ္ႏုိင္တဲ့ Display ျဖစ္ျပီး Stylus ရဲ႕ကိုယ္ထည္ထဲမွာလိပ္ဝင္ေနမွာပါ။ ခလုတ္ေလးႏိွပ္လိုက္မွ အျပင္ကိုထြက္လာမွာျဖစ္ျပီး LG ကေတာ့ ဒီတီထြင္မႈက စမတ္ဖုန္းေတြကို အစားထိုးႏုိင္ဖို႔ေမွ်ာ္လင့္ထားပါတယ္။

Image result for Flexible display

ေနာက္ထပ္တျခား စမတ္ပစၥည္းေတြနဲ႔ခ်ိတ္ဆက္ႏုိင္ျပီး ဥပမာ စာရြက္ေပၚမွာ Smartpen နဲ႔ေရးလိုက္သမွ်က တက္ဘလက္မွာေအာ္တိုလာေပၚေနတာမ်ိဳး လုပ္ေပးႏိုင္မယ္လို႔ မူပိုင္ခြင့္ကေဖာ္ျပထားပါတယ္။

LG's smart pen patent application images

ဒါေပမယ့္ ေမးခြန္းထုတ္ရရင္ေတာ့ စမတ္ဖုန္းေတြေနရာမွာအစားထိုးမယ္ဆိုရရင္ စမတ္ဖုန္းေတြမွာ ပါသမွ် gyro, e-compass, proximity, pressure, camera, eye-tracking sensor နဲ႔ fingerprint-sensor စတာေတြကို ဘယ္နားမွာထားမလဲဆိုတာပါ။ မုိက္ခရိုဖုန္းေတြ၊ earpiece ေတြကေတာ့ ပါမွာျဖစ္လို႔ ဒီ Digital Pen နဲ႔ဖုန္းေျပာလို႔ေတာ့ရမွာပါ။

ဖုန္းတစ္လံုးကို လံုးဝအစားထိုးႏုိင္ဖို႔အတြက္ကေတာ့ ခုနကေျပာတဲ့ Sensor ေတြေရာ တျခား အစိတ္အပိုင္းေတြကိုေရာ ဒီ Stylus ေသးေသးလည္းမွာ ထည့္လို႔ရႏုိင္ပါ့မလားဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။

[Unicode]

LG ကတော့ စမတ်ဖုန်းတွေနေရာမှာလုံးဝအစားထိုးနိုင်မယ့် Smartpen အတွက် မူပိုင်ခွင့်တင်လိုက်ပါပြီ။ နောက်လာမယ့်လတွေကတော့ Stylus တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့လတွေဖြစ်လာပါပြီ။

ဘာလို့လဲဆိုတော့ မကြာခင်မှာပဲထွက်လာတော့မယ့် Samsung Galaxy Note 9 မှာလည်း S Pen တွေက Bluetooth တွေ Music playback control တွေအပြင် တခြား feature တွေနဲ့ထပ်မြှင့်တင်ထားတယ်ဆိုတဲ့ သတင်းတွေရထားလို့ပါပဲ။

LG patents a crazy rollable smart pen that aims to replace your smartphone

အရင်က LG ကလည်း ၂၀၁၅ တုန်းက ကွေးခေါက်နိုင်တဲ့ Smart Pen/ Stylus နဲ့ဆုရခဲ့ဖူးပါတယ်။ အခုလည်း မူပိုင်ခွင့်တင်ထားတဲ့ပုံတွေအတိုင်းဆိုရင် Display က ၂ခုတောင်ပါ။ အသေးလေးပိစိလေးမှာတော့ Notification အနည်းငယ်နဲ့ တကယ်အသုံးဝင်မယ့် App Shortcut လေးတွေပဲပြပေးမှာဖြစ်ပါတယ်။

LG's smart pen patent application images

နောက် Display အကြီးကတော့ ကွေးညွှတ်နိုင်တဲ့ Display ဖြစ်ပြီး Stylus ရဲ့ကိုယ်ထည်ထဲမှာလိပ်ဝင်နေမှာပါ။ ခလုတ်လေးနှိပ်လိုက်မှ အပြင်ကိုထွက်လာမှာဖြစ်ပြီး LG ကတော့ ဒီတီထွင်မှုက စမတ်ဖုန်းတွေကို အစားထိုးနိုင်ဖို့မျှော်လင့်ထားပါတယ်။

Image result for Flexible display

နောက်ထပ်တခြား စမတ်ပစ္စည်းတွေနဲ့ချိတ်ဆက်နိုင်ပြီး ဥပမာ စာရွက်ပေါ်မှာ Smartpen နဲ့ရေးလိုက်သမျှက တက်ဘလက်မှာအော်တိုလာပေါ်နေတာမျိုး လုပ်ပေးနိုင်မယ်လို့ မူပိုင်ခွင့်ကဖော်ပြထားပါတယ်။

LG's smart pen patent application images

ဒါပေမယ့် မေးခွန်းထုတ်ရရင်တော့ စမတ်ဖုန်းတွေနေရာမှာအစားထိုးမယ်ဆိုရရင် စမတ်ဖုန်းတွေမှာ ပါသမျှ gyro, e-compass, proximity, pressure, camera, eye-tracking sensor နဲ့ fingerprint-sensor စတာတွေကို ဘယ်နားမှာထားမလဲဆိုတာပါ။ မိုက်ခရိုဖုန်းတွေ၊ earpiece တွေကတော့ ပါမှာဖြစ်လို့ ဒီ Digital Pen နဲ့ဖုန်းပြောလို့တော့ရမှာပါ။

ဖုန်းတစ်လုံးကို လုံးဝအစားထိုးနိုင်ဖို့အတွက်ကတော့ ခုနကပြောတဲ့ Sensor တွေရော တခြား အစိတ်အပိုင်းတွေကိုရော ဒီ Stylus သေးသေးလည်းမှာ ထည့်လို့ရနိုင်ပါ့မလားဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category