172 Shares 195 Views
တကယ့်ဘဝမှာကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်းဇာတ်ကောင်တွေကိုဖန်တီးနိုင်တဲ့The Sims Mobile ဂိမ်း
Jul 06, 2018
172 195
[Zawgyi]
ဒေါင်းလုပ်ချချင်ရင် (Android)—-> https://play.google.com/store/apps/details?id=com.ea.gp.simsmobile&hl=en
iOS —> https://itunes.apple.com/us/app/the-sims-mobile/id1144258115?mt=8
Play Store ပေါ်ကနေ ကိုယ့်နိုင်ငံမှာမရနိုင်တဲ့ app တွေကိုဒေါင်းလုပ်ဆွဲနည်း
[Unicode]
ဒီတစ်ပတ် TGIF အတွက်မိတ်ဆက်ပေးချင်တဲ့ဂိမ်းလေးကတော့ တကယ့်အပြင်လက်တွေ့ဘဝမှာဖြစ်ချင်တဲ့ပုံစံအတိုင်း ဂိမ်းထဲမှာကိုယ့်စိတ်ကြိုက် ပြောင်းလဲလို့ရမယ့် ဂိမ်းလေးတစ်ခုအကြောင်းပါ။ ­­­
ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ကြိုက်ဇာတ်ကောင် Sim ကိုရွေးပြီး ကိုယ့်စိတ်ကြိုက်ပြင်ဆင်ပေးလိုက်ပါ။ ဖက်ရှင်တွေ ဆံပင်စတိုင်လ် ဒီဇိုင်းကာလာဘာညာတွေစိတ်ကြိုက်ပြင်ဆင်ပေးပြီးရင်တော့ ကိုယ့် Sims ရဲ့အိမ်အတွက် ကြိုက်တဲ့ဒီဇိုင်းတွေ Decoration တွေနဲ့ ပြီးပြည့်စုံတဲ့အိမ်တစ်လုံးဖန်တီးပေးနိုင်ပါတယ်။ အလုပ်တစ်ခု goal ပြီးသွားတိုင်း ပိုချမ်းသာလာပြီး ပျော်စရာကောင်းလာတဲ့အခိုက်အတန့်တွေ ဝါသနာပါတဲ့အရာတွေလုပ်၊ သူငယ်ချင်း ချစ်သူ Relationship ေတွဖန်တီးပြီး ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကို တစ်ဖြည်းဖြည်းမြှင့်တင်သွားရမှာပါ။ ဒါတွေအပြင် သူငယ်ချင်းတွေနဲ့ ပါတီလုပ်၊ မြို့ထဲမှာဆိုရှယ်ကျကျနေ၊ အထူးစီစဉ်ထားတဲ့ပွဲတွေတက်၊ ကိုယ်ကြိုက်တဲ့ Sims တွေကို စတစ်ကာတွေပေး ဒီလိုနဲ့ဆော့ရတာအရှိန်တက်လာပါလိမ့်မယ်။
Sim ဇာတ်ကောင်လေးတွေကို အလှပြင်ပေး Fashion Shop မှာ မိတ်ဖွဲ့ စိတ်ကူးထဲကတခမ်းတနားအဝတ်စင်ကြီးတွေနဲ့အတူဂိမ်းထဲပျော်မွေ့ Sim တစ်ယောက်ချင်းစီအတွက် စိတ်ကြိုက်ဝါသနာတွေရွေးပေး ဒါကတော့ Personality အတွက်ပါ။
နောက်တစ်ဆင့်က အိမ်ရဲ့ပစ္စည်းအထားအသိုတွေ ပရိဘောဂ၊အလှဆင်ပစ္စည်းရွေးချယ်တာတွေ decoration တွေနဲ့ ပြီးပြည့်စုံတဲ့အိမ်တစ်လုံးဖြစ်အောင် ဖန်တီးသွားနိုင်ပါတယ်။ အိမ်အပြင်ထွက် ဖက်ရှင်ပြပွဲ၊ စားသောက်ဆိုင်၊ နိုက်ကလပ်သွားတာတွေကလည်း ကိုယ့်စိတ်ကြိုက်ပါပဲ။
ကိုယ့် Sims ရဲ့လူနေမှုအဆင့်အတန်းအတွက် အလုပ်တွေ ဝါသနာတွေကို ကိုယ်တိုင်ရွေးချယ်ထိန်းကျောင်းပေးသွားရမှာဖြစ်ပြီး နောက်ဆုံး Relationship တွေ မိသားစုရသွားတဲ့အထိပါ ဆော့ကစားနိုင်တာကတော့ နိုင်ငံတကာမှာဒီဂိမ်းနာမည်ကြီးနေရတဲ့အကြောင်းရင်းပါပဲ။ တကယ့်အပြင်လူနေမှုဘဝပုံစံအတိုင်းဂိမ်းကိုအသက်ဝင်အောင်ဖန်တီးထားပြီး ကိုယ့်ရွေးချယ်မှု ကိုယ်လမ်းကြောင်းပေးလိုက်တဲ့အတိုင်း ဘဝပုံစံကနောက်ကလိုက်လာမယ့် ဂိမ်းတစ်မျိုးပါ။ ဆော့ဖို့အတွက် အချိန်ပေးရတာတန်တဲ့ဂိမ်းတစ်ခုလို့တော့ ပြောချင်ပါတယ်။(trailer ကြည့်ပြီး အရမ်းကိုစိတ်ဝင်စားသွားတယ် )
ဒေါင်းလုပ်ချချင်ရင်—-> https://play.google.com/store/apps/details?id=com.ea.gp.simsmobile&hl=en
ဒီနိုင်ငံမှာမရသေးတဲ့အတွက် VPN ကျော်ပြီး ဒေါင်းလုပ်ချမှရပါမယ်။ VPN ကျော်နည်းကိုအောက်ကလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Play Store ပေါ်ကနေ ကိုယ့်နိုင်ငံမှာမရနိုင်တဲ့ app တွေကိုဒေါင်းလုပ်ဆွဲနည်း
You may be interested
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Ko Thuya - Nov 16, 2018
ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Ko Thuya - Nov 16, 2018
Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Ko Thuya - Nov 16, 2018
ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…
Leave a Comment
Most from this category