0 Shares 199 Views
Jul 06, 2018
0 199
[Zawgyi]
Ref: gadgets.ndtv
[Unicode]
ZenFone 5Z ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ Asus
ထိုင်ဝမ်နိုင်ငံ အခြေစိုက် အီလက်ထရောနစ် ကုမ္မဏီကြီး တစ်ခုဖြစ်တဲ့ Asus အနေနဲ့ သူတို့ရဲ့ Flagship စမတ်ဖုန်း ZenFone 5Z ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ZenFone 5Z ဟာ OnePlus 6 နဲ့ Honor 10 တို့ လိုမျိူး စျေးသက်သာတဲ့ Flagship စမတ်ဖုန်း အမျိူးအစား ဖြစ်ပါတယ်။ ZenFone 5 စီးရီးတွေ ဖြစ်တဲ့ ZenFone 5Z, ZenFone 5 နဲ့ ZenFone 5 Lite တို့ကို MWC 2018 မှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာတော့ ZenFone 5Z တစ်မျိူးတည်းသာ မိတ်ဆက်သေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ZenFone 5 နဲ့ ZenFone Max Pro (M1) တို့ကို မနေ့ (ဇူလိုင်လ ၅ရက်နေ့က) မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
Asus ZenFone 5Z ဟာ Android 8.0 Oreo ကို Customize ပြုလုပ်ထားတဲ့ ZenUI 5.0 နဲ့ ပွဲထွက်လာတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Android P ကိုလည်း မကြာခင် Update လုပ်နိုင်မယ်လို့ သိရပါတယ်။ ၆.၂ လက်မ မျက်နှာပြင် အကျယ်ရှိ IPS+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2246 pixels ရှိပါမယ်။ Snapdragon 845 SoC ကို အသုံးပြုထားပြီး Adreno 630 GPU ပါဝင်မှာ ဖြစ်ပါတယ်။ RAM အနေနဲ့ 6GB/8GB ၂မျိူး ထုတ်လုပ်ထားပြီး Storage ကိုတော့ 64GB/128GB/256GB ဆိုပြီး ၃မျိူး ရွေးချယ် ဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် MicroSD ကိုလည်း 2TB အထိ ထည့်သွင်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
12MP (f/1.8, OIS) + 8MP (f/2.2) ကင်မရာတွေကို နောက်ကျောဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ FaceUnlock အသုံးပြုနိုင်မယ့် 8MP ကင်မရာကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် FaceUnlock အပြင် Fingerprint Sensor ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏ 3300mAh ပါဝင်ပြီး Quick Charge 3.0 အမြန်အားသွင်းစနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ 165grams သာ ရှိတာကြောင့် ပေါ့ပေ့ါပါးပါး စမတ်ဖုန်းကို ကိုင်ဆောင်ချင်တဲ့သူများအတွက် အသင့်တော်ဆုံး စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။
Asus ZenFone 5Z ကို အိန္ဒိယနိုင်ငံမှာ မော်ဒယ် ၃မျိူးနဲ့ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ RAM 6GB/ROM 64GB မော်ဒယ်ကို အိန္ဒိယငွေ ၂၉၉,၉၉ ရူပီး (မြန်မာငွေ ၆သိန်း ဝန်းကျင်)၊ RAM 6GB/ROM 128GB မော်ဒယ်ကို အိန္ဒိယငွေ ၃၂၉,၉၉ ရူပီး (မြန်မာငွေ ၆သိန်းခွဲ ဝန်းကျင်)၊ RAM 8GB/ROM 256GB မော်ဒယ်ကို အိန္ဒိယငွေ ၃၆၉,၉၉ ရူပီး (မြန်မာငွေ ၇သိန်းခွဲ ဝန်းကျင်)နဲ့ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: gadgets.ndtv
You may be interested
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views
Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Ko Thuya - Apr 21, 2019
Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views
EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Ko Thuya - Apr 21, 2019
Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views
F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Ko Thuya - Apr 21, 2019
မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…
Leave a Comment
Most from this category