156 Shares 93 Views


Jul 06, 2018
156 93




Ref : theverge

unicode

ဂျပန်မှာ မောင်းသူမဲ့ ဘတ်စ်ကား ပြေးဆွဲမယ့် Baidu

ဘိုင်ဒူးဟာ တရုတ်ရဲ့ Google လို့ တင်စားခံရတဲ့ Search Engine Company ဖြစ်ပြီး ဒီနှစ်ထဲမှာ တရုတ်မှာ မောင်းသူမဲ့ ကားများကို ပြေးဆွဲမယ်လို့ သိရပါတယ်။ ဘိုင်ဒူးဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ဂျပန်တွင် မောင်းသူမဲ့ ဘတ်စ်ကားများကို ပြေးဆွဲမှာ ဖြစ်တယ်လို့ Bloomberg က ပြောပါတယ်။

ဘတ်စ်ကားတစ်စီးမှာ ခရီးသည် ၁၄ ဦးလိုက်ပါနိုင်ပြီး ယာဉ်မောင်း ထိုင်ခုံနဲ့ စတီယာရင် မပါပါဘူး။ Apolong ဟာ Level 4 Autonomous Driving စွမ်းရည် ရှိတဲ့အတွက် အချို့ ဧရိယာများမှာ စောင့်ကြည့် ထိန်းချုပ်မယ့် လူတောင် လိုက်ပါစရာ မလိုပါဘူးလို့ National Highway Traffic Safety Administration (NHTSA) က ပြောပါတယ်။ ဘိုင်ဒူးက Apollo လို့ ခေါ်တဲ့ သူ့ရဲ့ မောင်းသူမဲ့ ပလက်ဖောင်းရဲ့ Updates များကိုလည်း ကြေညာခဲ့ပါတယ်။

ဘိုင်ဒူးက SB Drive နဲ့ ပူးပေါင်းပြီး ဂျပန်မှာ သူ့ရဲ့ ဘတ်စ်ကားများကို ပြေးဆွဲမှာ ဖြစ်ပါတယ်။ SB Drive ဟာ Softbank ရဲ့ မောင်းသူမဲ့ အများသုံး သယ်ယူပို့ဆောင်ရေး နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီခွဲ ဖြစ်ပါတယ်။ ဘိုင်ဒူးဟာ Apolong လို့ခေါ်တဲ့ မောင်းသူမဲ့ ဘတ်စ်ကားများကို ဖန်တီးဖို့ တရုတ် ဘတ်စ်ကား ထုတ်လုပ်သူ King Long နဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။ စုစုပေါင်း ကားအစီးရေ ၁၀၀ ကို ထုတ်လုပ်ပြီး ဖြစ်ပါတယ်လို့ Bloomberg က ပြောပါတယ်။

Ref : theverge

You may be interested

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ
Mobiles & Tablets, NEWS, Samsung
0 shares0 views

Samsung Galaxy A40 စမတ်ဖုန်း ထွက်ရှိ

Nigma - Mar 21, 2019

Galaxy A Series ဖုန်းအသစ် Galaxy A30 နဲ့ Galaxy A50 တို့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နောက်ထပ် Galaxy A Series ဖုန်းအသစ်တမျိုးကို နယ်သာလန်နိုင်ငံမှာ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Galaxy A30 နဲ့…

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ
NEWS, Softwares & Application
59 shares208 views

Messenger မှာ မက်ဆေ့တခုကို ရွေးချယ် Reply ပြန်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ

Nigma - Mar 21, 2019

Messenger မှာ အဓိက လိုအပ်နေတဲ့ လုပ်ဆောင်ချက်အသစ်တခု ပါဝင်လာပါတယ်။ Quoted replies ဆိုတဲ့ လုပ်ဆောင်ချက်ပါ။ မက်ဆေ့တခုကို ရွေးချယ်ပြီး Reply ပြန်ပြောနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အများကြီးနဲ့ Group Chat ပြောတဲ့အခါ တယောက်တပေါက်နဲ့ ပြန်ပြောရတာ အခက်တွေ့ကြမှာပါ။…

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi
Android, HUBS, Mobiles & Tablets
108 shares131 views

မတ်လကုန်မှာ Redmi Note 7 အလုံးရေ ၄ သန်း ရောင်းချနိုင်ဖို့ ကြိုးစားနေတဲ့ Xiaomi

Ko Thuya - Mar 21, 2019

Xiaomi က ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ Redmi Note 7 ကို ကြေညာခဲ့ပါတယ်။ ရှောင်မီရဲ့ ဥက္ကဌ ဖြစ်သူက ပထမဆုံး ရောင်းတဲ့ လမှာ အလုံးရေ ၁ သန်းရောင်းချနိုင်ဖို့ ကြိုးစားမယ်လို့ အဲဒီအချိန်က ပြောခဲ့ပါတယ်။ တကယ်လည်း…

Leave a Comment

Most from this category