785 Shares 791 Views

Samsung က 3D Face Recognition ကို မွတ္ပံုတင္

Jul 06, 2018
785 791

ဆမ္ေဆာင္းက iPhone X မွာ ပါတဲ့ 3D Face Recognition လို နည္းပညာကို အေမရိကန္ Patent Office မွာ မွတ္ပံုတင္ထားပါတယ္။ အဲဒီနည္းပညာကို ေနာက္ထုတ္မယ့္ Galaxy S10 မွာ ထည့္သြင္းထားႏုိင္ပါတယ္။ ဒီနည္းပညာဟာ ဒီႏွစ္ထဲမွာ မိတ္ဆက္မယ့္ Galaxy Note 9 မွာေတာ့ မပါေလာက္ပါဘူး။ Galaxy S10 ကိုေတာ့ လာမယ့္ႏွစ္ အေစာပိုင္းမွာ ေၾကညာမွာ ျဖစ္ပါတယ္။

Galaxy S10 မွာ Iris Scanner လည္း ပါလာမယ္လို႔ သိရပါတယ္။ ဆမ္ေဆာင္းက အဲဒီ Biometric နည္းပညာမ်ားကို ဖန္တီးေနတာ ၾကာၿပီ ျဖစ္ပါတယ္။ ယခင္ကလည္း ေတာင္ကိုရီးယားက ထြက္လာတဲ့သတင္းအရ သူ႔မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာပါလာမယ္လို႔ သိရပါတယ္။ စကရင္ အရြယ္အစား ႏွစ္မ်ိဳးကို ေရြးခ်ယ္ႏုိင္မွာ ျဖစ္ၿပီး လာမယ့္ႏွစ္မွာ ေရာင္းခ်မွာပါ။

စကရင္ အရြယ္အစားမ်ား အေနနဲ႔ ၅.၈ လက္မနဲ႔ ၆.၃ လက္မတို႔ကို ထုတ္လုပ္ေပးထားမွာ ျဖစ္ပါတယ္။ Galaxy S10 နဲ႔ Galaxy S10 Plus မ်ားမွာ အသီးသီး ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ Galaxy S9 နဲ႔ Galaxy S9 Plus မ်ားမွာေတာ့ ၅.၈ လက္မနဲ႔ ၆.၂ လက္မ မ်က္ႏွာျပင္မ်ား ထည့္သြင္းေပးထားၾကတာ ျဖစ္ပါတယ္။

Galaxy S10 Series မ်ားကို ျမင္ရဖို႔ လမ်ားစြာ လိုေသးေပမယ့္ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားဟာ သိပ္မၾကာခင္ကလည္း ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အဲဒီသတင္းမ်ားထဲမွ တစ္ခုက ဖုန္း အသစ္မ်ားမွာ အေနာက္ကင္မရာ သံုးလံုး ထည့္သြင္းထားမယ္လို႔ ျဖစ္ပါတယ္။ ဒါဟာ ဟြာေ၀းရဲ႕ အေနာက္ကင္မရာ သံုးလံုးတပ္ ဖုန္းမ်ားကို ယွဥ္ၿပိဳင္ဖို႔ ျဖစ္ပါတယ္။

Ref : gsmarena

unicode

Samsung က 3D Face Recognition ကို မှတ်ပုံတင်

ဆမ်ဆောင်းက iPhone X မှာ ပါတဲ့ 3D Face Recognition လို နည်းပညာကို အမေရိကန် Patent Office မှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီနည်းပညာကို နောက်ထုတ်မယ့် Galaxy S10 မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒီနည်းပညာဟာ ဒီနှစ်ထဲမှာ မိတ်ဆက်မယ့် Galaxy Note 9 မှာတော့ မပါလောက်ပါဘူး။ Galaxy S10 ကိုတော့ လာမယ့်နှစ် အစောပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။

Galaxy S10 မှာ Iris Scanner လည်း ပါလာမယ်လို့ သိရပါတယ်။ ဆမ်ဆောင်းက အဲဒီ Biometric နည်းပညာများကို ဖန်တီးနေတာ ကြာပြီ ဖြစ်ပါတယ်။ ယခင်ကလည်း တောင်ကိုရီးယားက ထွက်လာတဲ့သတင်းအရ သူ့မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါလာမယ်လို့ သိရပါတယ်။ စကရင် အရွယ်အစား နှစ်မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းချမှာပါ။

စကရင် အရွယ်အစားများ အနေနဲ့ ၅.၈ လက်မနဲ့ ၆.၃ လက်မတို့ကို ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ Galaxy S10 နဲ့ Galaxy S10 Plus များမှာ အသီးသီး ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Galaxy S9 နဲ့ Galaxy S9 Plus များမှာတော့ ၅.၈ လက်မနဲ့ ၆.၂ လက်မ မျက်နှာပြင်များ ထည့်သွင်းပေးထားကြတာ ဖြစ်ပါတယ်။

Galaxy S10 Series များကို မြင်ရဖို့ လများစွာ လိုသေးပေမယ့် သူတို့ရဲ့ သတင်းအချက်အလက်များဟာ သိပ်မကြာခင်ကလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီသတင်းများထဲမှ တစ်ခုက ဖုန်း အသစ်များမှာ အနောက်ကင်မရာ သုံးလုံး ထည့်သွင်းထားမယ်လို့ ဖြစ်ပါတယ်။ ဒါဟာ ဟွာဝေးရဲ့ အနောက်ကင်မရာ သုံးလုံးတပ် ဖုန်းများကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?
FEATURES, Softwares & Application
0 shares0 views

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွ သတင္း၊ ေဆာင္းပါး ၊ ပို႔စ္၊ ဗီဒီယို ၊ ဓါတ္ပံုမ်ားကို Facebook ထဲမွာ သိမ္းထားႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္ေပးထားတာ ၾကာပါၿပီ။ ဒါေပမယ့္ ၀က္ဆိုက္မ်ားကို ၾကည့္ေနရင္းကေန သတင္း၊ ေဆာင္းပါးမ်ားကို Facebook…

စြမ္းေဆာင္ရည္ ၆ဆပိုျမင့္တဲ့ RTX 2000 စီးရီး GPU ေတြကို မိတ္ဆက္လိုက္တဲ့ Nvidia
Gaming, NEWS
131 shares63 views

စြမ္းေဆာင္ရည္ ၆ဆပိုျမင့္တဲ့ RTX 2000 စီးရီး GPU ေတြကို မိတ္ဆက္လိုက္တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မွာေတာ့ Nvidia ကေန သူ႔ရဲ႕ high-end graphic ကဒ္ေတြျဖစ္တဲ့ GeForce RTX 2070, RTX 2080 နဲ႔ RTX 2080 Ti တို႔ကို မိတ္ဆက္လိုက္ပါတယ္။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ႕ သတင္းအခ်က္အလက္မ်ား Geekbench မွာ ထြက္ေပၚလာ

Ko Thuya - Aug 21, 2018

ေရွာင္မီက Pocophone F1 အမည္ရ စမတ္ဖုန္း အသစ္ကို ဖန္တီးေနတဲ့ သတင္းမ်ား မၾကာခဏ ထြက္ေပၚလာပါတယ္။ သူ႔ကို ယခုလ ၂၂ ရက္ေန႔မွာ အိႏၵိယမွာ ေၾကညာမယ္လို႔လည္း သတင္းထြက္ေနပါတယ္။ အခုေတာ့ Geekbench မွာ သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာၿပီး…

Leave a Comment

Most from this category