0 Shares 12013 Views

Full Screen Design , Pop-Up Camera နဲ႔ ပြဲထြက္လာမယ့္ Xiaomi Mi Mix 3

Jul 06, 2018
0 12013

Xiaomi Mi Mix 3 ရဲ႕ သတင္းအခ်က္အလက္မ်ား မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုလည္း သူ႔ရဲ႕ ဓါတ္ပံုမ်ား အြန္လိုင္းမွာ ထြက္ေပၚလာပါတယ္။ ဓါတ္ပံုမ်ားအရ သူ႔မွာ Notch ေတာင္ မပါဘဲ လံုး၀ ေဘာင္ေပ်ာက္ ဒီဇိုင္း ျဖစ္ပါတယ္။ သူ႔ရဲ႕ User Interface ကိုလည္း ေတြ႕ျမင္ရၿပီး MIUI 9 ထည့္သြင္းထားတာကို ေတြ႕ရပါတယ္။ သူ႔ရဲ႕ Selfie Camera ဟာ Vivo Nex လို Pop-up Camera ျဖစ္ႏုိင္ပါတယ္။ ယခု ဓါတ္ပံုမ်ားကေတာ့ ဖုန္းရဲ႕ အေရွ႕ဘက္ကိုသာ ျပသထားတာပါ။

ယခင္ကလည္း သူ႔ရဲ႕ ေက်ာဘက္ ဓါတ္ပံုမ်ား ထြက္ေပၚခဲ့ဖူးပါတယ္။ ပံုမွာအတိုင္းဆုိရင္ေတာ့ ေက်ာဘက္ dual-camera ကိုေဒါင္လိုက္ထားထားတဲ့ပံုပါပဲ။ သူ႔ရဲဲ႕ေက်ာဘက္ကိုယ္ထည္ပံုစံဒီဇုိင္းက iPhone X နဲ႔ ေတာ္ေတာ္ေလးတူေနေပမယ့္ fingerprint scanner ေလးနဲ႔ “Mi Mix designed by Xiaomi” ဆုိတဲ့စာသားေလးက ကြဲျပားတာကိုသိသာေစတဲ့အခ်က္ကေလးေတြပါ။

Xiaomi က သူ႔ရဲ႕ Mi Mix flagship စီးရီးမွာေနာက္ထြက္လာမယ့္ဖုန္းတစ္လံုးနဲ႔ပတ္သက္ျပီး သတင္းထြက္တာ ေတာ္ေတာ္ေလးေတာ့ ေစာေနေသးတယ္ထင္ပါတယ္။ Xiaomi ကေတာ့ ေဒါင္လုိက္ကင္မရာတပ္ဆင္ပံုနဲ႔ပတ္သတ္ျပီး ပံုစံ၂မ်ိဳးကိုမိတ္ဆက္ခဲ့ပါတယ္။ Mi 5s Plus မွာဆိုရင္ မွန္တစ္ေနရာထဲရဲ႕ေအာက္မွာပဲ ကင္မရာ၂လံုးကိုတပ္ထားျပီး Mi 6 မွာေတာ့ ကင္္မရာ၂လံုးကို သပ္သပ္စီခြဲျပီးတပ္ဆင္ထားပါတယ္။ ဒီပံုစံ၂မ်ိဳးထဲက ဘယ္ပံုစံနဲ႔လာမလဲေတာ့မသိေသးပါဘူး။

Ref : gsmarena

unicode

Full Screen Design , Pop-Up Camera နဲ့ ပွဲထွက်လာမယ့် Xiaomi Mi Mix 3

Xiaomi Mi Mix 3 ရဲ့ သတင်းအချက်အလက်များ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံများအရ သူ့မှာ Notch တောင် မပါဘဲ လုံး၀ ဘောင်ပျောက် ဒီဇိုင်း ဖြစ်ပါတယ်။ သူ့ရဲ့ User Interface ကိုလည်း တွေ့မြင်ရပြီး MIUI 9 ထည့်သွင်းထားတာကို တွေ့ရပါတယ်။ သူ့ရဲ့ Selfie Camera ဟာ Vivo Nex လို Pop-up Camera ဖြစ်နိုင်ပါတယ်။ ယခု ဓါတ်ပုံများကတော့ ဖုန်းရဲ့ အရှေ့ဘက်ကိုသာ ပြသထားတာပါ။

ယခင်ကလည်း သူ့ရဲ့ ကျောဘက် ဓါတ်ပုံများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ပုံမှာအတိုင်းဆိုရင်တော့ ကျောဘက် dual-camera ကိုဒေါင်လိုက်ထားထားတဲ့ပုံပါပဲ။ သူ့ရဲ့ကျောဘက်ကိုယ်ထည်ပုံစံဒီဇိုင်းက iPhone X နဲ့ တော်တော်လေးတူနေပေမယ့် fingerprint scanner လေးနဲ့ “Mi Mix designed by Xiaomi” ဆိုတဲ့စာသားလေးက ကွဲပြားတာကိုသိသာစေတဲ့အချက်ကလေးတွေပါ။

Xiaomi က သူ့ရဲ့ Mi Mix flagship စီးရီးမှာနောက်ထွက်လာမယ့်ဖုန်းတစ်လုံးနဲ့ပတ်သက်ပြီး သတင်းထွက်တာ တော်တော်လေးတော့ စောနေသေးတယ်ထင်ပါတယ်။ Xiaomi ကတော့ ဒေါင်လိုက်ကင်မရာတပ်ဆင်ပုံနဲ့ပတ်သတ်ပြီး ပုံစံ၂မျိုးကိုမိတ်ဆက်ခဲ့ပါတယ်။ Mi 5s Plus မှာဆိုရင် မှန်တစ်နေရာထဲရဲ့အောက်မှာပဲ ကင်မရာ၂လုံးကိုတပ်ထားပြီး Mi 6 မှာတော့ ကင်မရာ၂လုံးကို သပ်သပ်စီခွဲပြီးတပ်ဆင်ထားပါတယ်။ ဒီပုံစံ၂မျိုးထဲက ဘယ်ပုံစံနဲ့လာမလဲတော့မသိသေးပါဘူး။

Ref : gsmarena

You may be interested

Xiaomi က အိႏၵိယမွာ မုတ္ဆိတ္ရိတ္စက္ကို ေရာင္းခ်
Gadgets, HUBS, NEWS
0 shares0 views

Xiaomi က အိႏၵိယမွာ မုတ္ဆိတ္ရိတ္စက္ကို ေရာင္းခ်

Ko Thuya - Jun 26, 2019

Xiaomi က အိႏၵိယမွာ စမတ္ဖုန္း ၊ တက္ဘလက္နဲ႔ တီဗီမ်ားကိုသာ ေရာင္းခ်တာ မဟုတ္ပါဘူး။ အီလက္ထေရာနစ္ ကိရိယာမ်ိဳးစံုကို ေရာင္းခ်ေပးေနပါတယ္။ အခုလည္း Mi Beard Trimmer ကို ေၾကညာလိုက္ပါတယ္။ အိႏၵိယမွ အမ်ိဳးသားမ်ား ႏွစ္သက္တဲ့ Stainless-steel Blades…

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares16 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares11 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Leave a Comment

Most from this category