384 Shares 156 Views

Xiaomi Mi A2 ဒီဇိုင္းနဲ႔ ေဆာ့ဖ္ဝဲလ္အခ်က္အလက္ပံုမ်ားေပၚထြက္လာခဲ့

Jul 05, 2018
384 156

[Zawgyi]

Xiaomi ကေန Mi A1 ရဲ႕ေနာက္မ်ိဳးဆက္ဖုန္းတစ္လံုးထြက္ေတာ့မယ္ဆိုတဲ့သတင္းက ဟိုဟိုဒီဒီေတြကေန ၾကားေနရပါျပီ။ ဧျပီလ Mi 6X ကိုမိတ္ဆက္ျပီးကတည္းက Mi A2 ထြက္မယ္လို႔ ေမွ်ာ္လင့္ထားခဲ့ၾကျပီး အခုပံုတစ္ပံုကေနသိလုိက္ရတဲ့ ဖုန္းပံုစံဒီဇုိင္းနဲ႔ ေဆာ့ဖ္ဝဲလ္အေသးစိတ္ေတြေၾကာင့္ ေမွ်ာ္ေနသူေတြရင္ထဲ အေပ်ာ္လြန္ေနမယ္ထင္ပါတယ္။

မႏွစ္က Mi 5X တုန္းက Android One စမတ္ဖုန္းအေနနဲ႔ထြက္ခဲ့သလို ဒီႏွစ္ Mi 6X လည္းတူတူပဲျဖစ္ပါလိမ့္မယ္။ ေစ်းသက္သာေအာင္ဖန္တီးထားရတဲ့အတြက္ ေစ်းကြက္ထဲကတျခားစမတ္ဖုန္းေတြနဲ႔ယွဥ္ရင္ နည္းနည္းေတာ့ထူရင္ထူေနပါလိမ့္မယ္။ ေရွ႕ဘက္ဖုန္းပံုဒီဇုိင္းေတာ့ထြက္လာေပမယ့္ ေနာက္ဘက္ဒီဇိုင္းအတြက္ေတာ့ ဘာပံုမွမထြက္ေသးပါဘူး။ Mi 6X လုိပဲဆိုရင္ေတာ့ အလူမီနီယမ္ကိုယ္ထည္ကိုမွ ေက်ာဘက္ကင္မရာကိုေထာင့္မွာ ေဒါင္လိုက္တပ္ဆင္ထားပါလိ့မ္မယ္။ ဒီႏွစ္ ၂၀၁၈ေမာ္ဒယ္လ္လည္း ေက်ာဘက္ Fingerprint Scanner နဲ႔လာဦးမယ့္ပံုပါပဲ။

Xiaomi Mi A2 design and software details get reconfirmed in live image

ဒီဇုိင္းအျပင္ ေနာက္ထပ္သိခ်င္ေနၾကတဲ့တစ္ခ်က္က Stock Android ျဖစ္မလားဆိုတာပါ။ ပံုမွာျပထားတဲ့ေဆာ့ဖ္ဝဲလ္အခ်က္အလက္ေတြအတုိင္းဆို Android 8.1 Oreo နဲ႔လာမွာျဖစ္ေပမယ့္ ေမလ Security Patch သြင္းထားတယ္ဆိုေတာ့ Prototype အလံုးလည္းျဖစ္ရင္ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ဇူလုိင္လ ၾသဂုတ္လ patch ေတြသြင္းလို႔ရဖို႔နဲ႔ ထြက္လာျပီးေနာက္ပိုင္း Android 9.0 P ကိုလည္းျမန္ျမန္ျမွင့္လို႔ရဖို႔ ေမွ်ာ္လင့္မိပါတယ္။

ခုခ်ိန္ထိကေတာ့ Xiaomi အေနနဲ႔ ဘယ္ေတာ့မွတရားဝင္ခ်ျပမလဲဆိုတာမသိရေသးပါဘူး။ ျဖစ္ႏုိင္ေခ်မ်ားတာကေတာ့ ၾသဂုတ္လအစပိုင္းေလာက္မွာ တရားဝင္မိတ္ဆက္လာႏုိင္တယ္လို႔ေတာ့ ထင္တာပါပဲ။

Ref: PhoneArena

[Unicode]

Xiaomi ကနေ Mi A1 ရဲ့နောက်မျိုးဆက်ဖုန်းတစ်လုံးထွက်တော့မယ်ဆိုတဲ့သတင်းက ဟိုဟိုဒီဒီတွေကနေ ကြားနေရပါပြီ။ ဧပြီလ Mi 6X ကိုမိတ်ဆက်ပြီးကတည်းက Mi A2 ထွက်မယ်လို့ မျှော်လင့်ထားခဲ့ကြပြီး အခုပုံတစ်ပုံကနေသိလိုက်ရတဲ့ ဖုန်းပုံစံဒီဇိုင်းနဲ့ ဆော့ဖ်ဝဲလ်အသေးစိတ်တွေကြောင့် မျှော်နေသူတွေရင်ထဲ အပျော်လွန်နေမယ်ထင်ပါတယ်။

မနှစ်က Mi 5X တုန်းက Android One စမတ်ဖုန်းအနေနဲ့ထွက်ခဲ့သလို ဒီနှစ် Mi 6X လည်းတူတူပဲဖြစ်ပါလိမ့်မယ်။ ဈေးသက်သာအောင်ဖန်တီးထားရတဲ့အတွက် ဈေးကွက်ထဲကတခြားစမတ်ဖုန်းတွေနဲ့ယှဉ်ရင် နည်းနည်းတော့ထူရင်ထူနေပါလိမ့်မယ်။ ရှေ့ဘက်ဖုန်းပုံဒီဇိုင်းတော့ထွက်လာပေမယ့် နောက်ဘက်ဒီဇိုင်းအတွက်တော့ ဘာပုံမှမထွက်သေးပါဘူး။ Mi 6X လိုပဲဆိုရင်တော့ အလူမီနီယမ်ကိုယ်ထည်ကိုမှ ကျောဘက်ကင်မရာကိုထောင့်မှာ ဒေါင်လိုက်တပ်ဆင်ထားပါလိ့မ်မယ်။ ဒီနှစ် ၂၀၁၈မော်ဒယ်လ်လည်း ကျောဘက် Fingerprint Scanner နဲ့လာဦးမယ့်ပုံပါပဲ။

Xiaomi Mi A2 design and software details get reconfirmed in live image

ဒီဇိုင်းအပြင် နောက်ထပ်သိချင်နေကြတဲ့တစ်ချက်က Stock Android ဖြစ်မလားဆိုတာပါ။ ပုံမှာပြထားတဲ့ဆော့ဖ်ဝဲလ်အချက်အလက်တွေအတိုင်းဆို Android 8.1 Oreo နဲ့လာမှာဖြစ်ပေမယ့် မေလ Security Patch သွင်းထားတယ်ဆိုတော့ Prototype အလုံးလည်းဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဇူလိုင်လ သြဂုတ်လ patch တွေသွင်းလို့ရဖို့နဲ့ ထွက်လာပြီးနောက်ပိုင်း Android 9.0 P ကိုလည်းမြန်မြန်မြှင့်လို့ရဖို့ မျှော်လင့်မိပါတယ်။

ခုချိန်ထိကတော့ Xiaomi အနေနဲ့ ဘယ်တော့မှတရားဝင်ချပြမလဲဆိုတာမသိရသေးပါဘူး။ ဖြစ်နိုင်ချေများတာကတော့ သြဂုတ်လအစပိုင်းလောက်မှာ တရားဝင်မိတ်ဆက်လာနိုင်တယ်လို့တော့ ထင်တာပါပဲ။

Ref: PhoneArena

You may be interested

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ ့ျမန္ႏႈန္းျမင့္ စြမ္းေဆာင္ခ်က္ေတြနဲ႔ အံ့ၾသမင္သက္သြားေစမယ့္ OPPO R17 Pro သင္႔ရဲ႕တစ္ေန႔တာ လုပ္ေဆာင္ခ်က္ေတြထဲမွာ စိတ္ရႈပ္ရျပီး အေႏွာင့္အယွက္ေပးတာ တစ္ခုကိုေျပာပါဆိုရင္ ညမအိပ္ခင္ ဖုန္းအားသြင္းရတာမ်ိုဳး၊ စိတ္မခ်ရလို႔ မအိပ္ခင္ အားသြင္းထားတဲ့မီး ျပန္ပိတ္ရတာမ်ိဳး၊ ဖုန္းအားျပည္႔ေအာင္ ေစာင္႔ျပီးမွအိပ္ရတာမ်ိဳး၊ မနက္မိုးလင္းလို႔ အျပင္မသြားခင္…

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္
HUBS, LG, NEWS
0 shares0 views

LG က စကၠဴလို ေခါက္လိပ္ႏိုင္တဲ့ တီဗီကို ၂၀၁၉ ခုႏွစ္မွာ ေရာင္းခ်ႏိုင္

Ko Thuya - Dec 18, 2018

LG က CES 2018 မွာ စကၠဴလို ေခါက္လိပ္ႏုိင္တဲ့ တီဗီ နမူနာ ေမာ္ဒယ္ကို ျပသခဲ့ပါတယ္။ အခုေတာ့ Bloomberg ရဲ႕ သတင္းအရင္းအျမစ္တစ္ခုက အဲဒီ တီဗီကို လာမယ့္ႏွစ္မွာ ေရာင္းမယ္လို႔ ေျပာပါတယ္။ ၆၅ လက္မ OLED…

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့
Android, Apple, HUBS
81 shares30 views

Android Phone မ်ားရဲ႕ Face Recognition ကို 3D Printed Head ျဖင့္ လွည့္စားႏုိင္ခဲ့

Ko Thuya - Dec 18, 2018

စမတ္ဖုန္းမ်ားမွာ ေဒတာမ်ားကို ကာကြယ္ဖို႔ အတြက္ လက္ေဗြရာ အာရံုခံ နည္းပညာမ်ား ထည့္သြင္းလာၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ ပိုမို စိတ္ခ်ရတဲ့ မ်က္ႏွာ အာရံုခံ နည္းပညာမ်ားကို အသံုးျပဳလာၾကပါတယ္။ အဆင့္ျမင့္ မ်က္ႏွာအာရံုခံ နည္းပညာကို ပထမဆံုး အသံုးျပဳႏုိင္တဲ့ ကုမၸဏီက Apple ျဖစ္ပါတယ္။…

Leave a Comment

Most from this category