0 Shares 2257 Views

နားၾကပ္ေတြရဲ႕ Driver က အသံ Quality အတြက္ဘယ္ေလာက္ေတာင္အေရးပါလဲ?

Jul 05, 2018
0 2257

[Zawgyi]

သီခ်င္းနားေထာင္ ဇာတ္ကားေတြၾကည့္တဲ့အခါ အသံအရည္အေသြးေကာင္းေကာင္းကိုမွ နားေထာင္ခ်င္ပါတယ္ဆိုတဲ့သူေတြအတြက္ အခုဆိုေစ်းကြက္ထဲမွာ Brand အမ်ိဳးမ်ိဳး ဒီဇုိင္းအဖံုဖံုနဲ႔ နားၾကပ္ေတြ ေတာ္ေတာ္ေရြးခ်ယ္စရာမ်ားပါတယ္။ ဒါေပမယ့္ ကိုယ္နဲ႔တကယ္ကိုက္မယ့္တစ္ခုကို ေရြးခ်ယ္ဖို႔ကခက္ခဲသလို Specs ေတြၾကည့္ရံုနဲ႔ဝယ္ဖို႔ဆိုတာလည္း မလြယ္ျပန္ပါဘူး။

နားၾကပ္တစ္ခုရဲ႕ Specs ေတြဆိုတာကလည္း ေျပာရရင္ရႈပ္ပါတယ္။ ဒီပို႔စ္မွာေတာ့ နားၾကပ္ေတြမွာအေရးၾကီးဆံုးအစိတ္အပိုင္းထဲက တစ္ခုျဖစ္တဲ့ Driver ေတြအေၾကာင္းပါ။ ဒီနားၾကပ္ Driver ေတြက အသံရဲ႕အရည္အေသြးကို ဘယ္ေလာက္ထိေတာင္ သြားသက္ေရာက္ႏုိင္လဲဆိုတာၾကည့္ၾကည့္ရေအာင္…

နားၾကပ္ Driver ဆိုတာဘာလဲ?

earphones-driver-explained

နားၾကပ္ Driver ေတြဆိုတာကလွ်ပ္စစ္ signal ေတြကို အသံအျဖစ္ေျပာင္းလဲေပးရတဲ့ အစိတ္အပိုင္းေတြျဖစ္လို႔ နားၾကပ္ေတြမွာအေရးပါဆံုးလို႔ ေျပာလို႔ရပါတယ္။ ေျပာရရင္ Driver ေတြက နားၾကပ္ထဲကေလာ္စပီကာအေသးစားေလးေတြလုိပါပဲ။

Driver တစ္ခုမွာအစိတ္အပိုင္း ၃ခုပါပါတယ္။

၁. သံလုိက္စက္ကြင္းဖန္တီးေပးတဲ့ သံလိုက္

၂. အသံလိႈင္းေတြကိုဖန္တီးဖို႔တုန္ခါရတဲ့ Diaphragm

၃. လွ်ပ္စီးေၾကာင္းျဖတ္သြားတဲ့အခါ Diaphragm ေတြကိုတုန္ခါေစျပီး ကုိယ္ၾကားႏုိင္တဲ့အသံထိဖန္တီးေပးႏုိင္တဲ့ Voice Coils ေတြပါဝင္ပါတယ္။

နားၾကပ္ Driver ေတြကေတာ့အဝိုင္းပံုစံျဖစ္ျပီး ဖန္တီးတဲ့သူနဲ႔ ထြက္ခ်င္တဲ့အသံ Output ကိုလိုက္ျပီး အရြယ္အစားေတြကြာသြားပါတယ္။

အသံအရည္အေသြးနဲ႔ Driver အရြယ္အစား ဘယ္လိုပတ္သတ္ေနလဲ?

ရွင္းရွင္းေလးေျပာရရင္ Driver ၾကီးေလေလ Bass သံ ပိုေကာင္းေလေလပါပဲ။ Driver အရြယ္အစားၾကီးတုိင္းေတာ့ အသံအရည္အေသြးေကာင္းသြားတာမဟုတ္ပါဘူး။ အသံအရည္အေသြးအေပၚမွာသြားသက္ေရာက္တဲ့ တျခားအခ်က္ေလးေတြလည္းရိွပါေသးတယ္။

နားၾကပ္ (Earphone) Driver တစ္ခုက အခ်င္း 8mm ကေန 15mm အတြင္းရိွျပီး Headphone ေတြရဲ႕ Driver ကေတာ့ အခ်င္း 20mm ကေန 50mm အတြင္းရိွပါတယ္။ နားၾကပ္ရဲ႕အသံက်ယ္မက်ယ္ဆိုတာ Driver အရြယ္အစားကအဆံုးအျဖတ္ေပးပါတယ္။

လူအမ်ားစုသိၾကတာက Driver အရြယ္အစားၾကီးေလ အသံပိုေကာင္းေလလို႔သိၾကတာပါ။ တကယ္တမ္းက အဲလိုေျပာလို႔မရပါဘူး။ အခ်င္းပိုၾကီးသြားတဲ့အတြက္ Bass သံပိုရွင္းသြားရံုပါ။ Driver ၾကီးၾကီးေတြၾကံဳေတြ႔ရတဲ့ျပႆနာက ၾကိမ္ႏႈန္းျမင့္ေတြကိုထုတ္တဲ့ေနရာမွာ အေသးေတြထက္ပိုခက္ခဲတာပါပဲ။

earphones-drivers-earpods

Driver ၾကီးလို႔ Output ျမင့္ေပမယ့္ ပိုေကာင္းသြားတာမ်ိဳးမဟုတ္ပါဘူး။ နားၾကပ္တစ္ခုနဲ႔တစ္ခုကို အရည္အေသြးကြာသြားေစတဲ့ထဲမွာ အတြင္းထဲက တစ္ျခားအစိတ္အပိုင္းေတြအမ်ိဳးမ်ိဳးလည္း ပါေနပါေသးတယ္။ ဥပမာ Apple ရဲ႕ AirPod ေတြဆုိရင္လည္း Driver ဆိုဒ္ေသးတာပါပဲ။ ဒါေပမယ့္ တျခား Brand က Driver အၾကီးသံုးထားတဲ့နားၾကပ္ေတြကို ယွဥ္ႏုိင္တာပါပဲ။ ဆိုေတာ့ Driver ဆိုဒ္ထက္ Driver အမ်ိဳးအစားေတြ ၾကိမ္ႏႈန္းဘယ္ေလာက္ရႏုိင္လဲဆိုတာေတြက အသံကိုအဓိကသြားသက္ေရာက္တယ္ဆိုတာကို ထည့္စဥ္းစားမွရမွာပါ။

Driver Unit အမ်ဳိးအစားမ်ား

ခုနကေျပာခဲသလို Driver အမ်ိဳးအစားေတြကအသံအရည္အေသြးအတြက္အေရးၾကီးပါတယ္။ ဒီေတာ့ ဒီေန႔ေခတ္ နားၾကပ္ေတြ Headphone ေတြမွာသံုးတတ္တဲ့အမ်ိဳးအစားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁. Dynamic Drivers

dynamic-drivers-1

Bass သံေကာင္းတဲ့နားၾကပ္ကိုရွာေနတယ္ဆိုရင္ေတာ့ Dynamic Driver သံုးထားတဲ့နားၾကပ္ေတြကိုရွာပါ။ အခ်င္းပိုၾကီးျပီး Headphone ေတြမွာပဲအသံုးမ်ားပါတယ္။ သူက bass သံေကာင္းေကာင္းထုတ္ေပးႏုိင္ျပီး အားသိပ္မကုန္ဘဲ အသံ pressure ေကာင္းေကာင္းေပးနုိင္ပါတယ္။

၂. Planar Magnetic Drivers

သူကေတာ့ အခုေခတ္ေစ်းကြက္ထဲမွာရိွတ့ဲ အျမင့္စားအေကာင္းစား နားၾကပ္ေတြ headphone ေတြမွာေတြ႔ရတဲ့အမ်ဳိးအစားပါ။ သူကေတာ့ သံလုိက္ေတြၾကားမွာ Diaphragm ကိုညွပ္ထည့္ထားပါတယ္။

earphone drivers

ဒီ Driver ေတြကေတာ့ အရမ္းျပတ္သားၾကည္လင္တဲ့အသံေတြကိုေပးႏုိင္ျပီး ဘာအသံ Effect မွာထပ္မထည့္ မျပင္ဆင္ဘဲနဲ႔ေတာင္ အရမး္အေသးစိတ္က်တဲ့အသံေတြကို ေပးစြမ္းႏုိင္ပါတယ္။ ဒါေၾကာင့္လည္း အသံကြာလတီအရမ္းအသားေပးတဲ့သူေတြက ဒါမ်ိဳးေတြကိုပဲေရြးၾကတာပါ။

၃. Balanced Armature Drivers

သူကေတာ့အရမ္းကိုေသးငယ္တဲ့ Driver ေတြျဖစ္ျပီးေတာ့ ထုတ္လုပ္သူေတြကေတာ့ နားၾကပ္တစ္ဖက္တည္းမွာတင္ Driver အမ်ားၾကီးခြဲထည့္ထားပါတယ္။ in-ear monitor အမ်ားစုကေတာ့ Driver ၁ခုကေန ၄ခုအတြင္း သံုးထားတာကိုေတြ႔ရပါတယ္။

direct-armature-drivers-for-earphones

နားၾကပ္တစ္ဖက္တည္းမွာတင္ Driver ေတြခြဲထည့္ထားတဲ့အတြက္ ၾကိမ္ႏႈန္းအမ်ိဳးမ်ိဳးထုတ္ႏုိင္ဖို႔ ပိုအဆင္ေျပသြားပါတယ္။ သူကေတာ့ နားထဲထည့္တဲ့ earbud ေတြ in-ear headphone ေတြမွာသံုးတတ္ပါတယ္။

၄. Electrostatic Driver

သူကေတာ့ ရွားပါးျပီးအရမ္းေစ်းၾကီးတဲ့အမ်ိဳးအစားပါ။ လံုးဝျပီးျပည့္စံုတဲ့အသံအရည္အေသြးၾကည္လင္ျပတ္သားမႈကို ေပးႏုိင္ျပီး ေစ်းလည္းေခါင္ခိုက္ေနျပီး အေကာင္းစားဆိုတ့ဲနားၾကပ္ေတြမွာသာေတြ႔ရတဲ့အမ်ဳိးအစားပါ။

ဘာကိုဝယ္သင့္သလဲ??

သူလည္းဖုန္းေတြလိုပဲ ကုိယ္ကဘာအတြက္သံုးမလဲဆိုတာေပၚမူတည္ပါတယ္။ ကိုယ္ကအသံခပ္က်ယ္က်ယ္ၾကိဳက္တယ္ သီခ်င္းေတြထဲမွာစီးေျမာေနရတာၾကိဳက္တယ္ဆိုရင္ေတာ့ dynamic driver ေတြထဲက ရွာၾကည့္ပါ။

ဂိမ္းအတြက္ပဲသံုးမယ္ဆိုရင္ေတာ့ bass သံေတြ ဘာေတြသိပ္စဥ္းစားစရာမလုိပါဘူး။ Balanced armature driver ေတြထဲက ေရြးလို႔ရပါတယ္။

အသံအရည္အေသြးအေကာင္းဆံုးကိုမွ နွစ္သက္တယ္ဆိုရင္ေတာ့ Magnetic Driver ေတြေရြးႏုိင္ျပီး ဘတ္ဂ်တ္ကိုလံုးဝလွည့္ၾကည့္စရာမလိုဘူးဆိုရင္ေတာ့ Electrostatic Driver ေတြကိုသာေရြးလိုက္ပါ။ ခုေနာက္ပိုင္းဆို အသံ noise ေတြမပါေအာင္ Noise Cancellation နည္းပညာေတြကိုပါ ထည့္သံုးေပးလာၾကတဲ့အတြက္ ေတာ္ေတာ္ေလးအဆင္ေျပလာတာကိုေတြ႔ရပါတယ္။ ဒါဆို နားၾကပ္မွာ Driver အရြယ္အစားအျပင္ အမ်ိဳးအစားကလည္းအေရးၾကီးတယ္ဆိုတာ သိၾက၊သိျပီးျပီထင္ပါတယ္။ လက္ရိွမွာေရာ ဘယ္ နားၾကပ္အမ်ိဳးအစားနဲ႔အဆင္ေျပေနလဲဆိုတာ ကြန္မန္႔မွာမွ်ေဝခဲ့ပါဦး……

[Unicode]

သီချင်းနားထောင် ဇာတ်ကားတွေကြည့်တဲ့အခါ အသံအရည်အသွေးကောင်းကောင်းကိုမှ နားထောင်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် အခုဆိုဈေးကွက်ထဲမှာ Brand အမျိုးမျိုး ဒီဇိုင်းအဖုံဖုံနဲ့ နားကြပ်တွေ တော်တော်ရွေးချယ်စရာများပါတယ်။ ဒါပေမယ့် ကိုယ်နဲ့တကယ်ကိုက်မယ့်တစ်ခုကို ရွေးချယ်ဖို့ကခက်ခဲသလို Specs တွေကြည့်ရုံနဲ့ဝယ်ဖို့ဆိုတာလည်း မလွယ်ပြန်ပါဘူး။

နားကြပ်တစ်ခုရဲ့ Specs တွေဆိုတာကလည်း ပြောရရင်ရှုပ်ပါတယ်။ ဒီပို့စ်မှာတော့ နားကြပ်တွေမှာအရေးကြီးဆုံးအစိတ်အပိုင်းထဲက တစ်ခုဖြစ်တဲ့ Driver တွေအကြောင်းပါ။ ဒီနားကြပ် Driver တွေက အသံရဲ့အရည်အသွေးကို ဘယ်လောက်ထိတောင် သွားသက်ရောက်နိုင်လဲဆိုတာကြည့်ကြည့်ရအောင်…

နားကြပ် Driver ဆိုတာဘာလဲ?

earphones-driver-explained

နားကြပ် Driver တွေဆိုတာကလျှပ်စစ် signal တွေကို အသံအဖြစ်ပြောင်းလဲပေးရတဲ့ အစိတ်အပိုင်းတွေဖြစ်လို့ နားကြပ်တွေမှာအရေးပါဆုံးလို့ ပြောလို့ရပါတယ်။ ပြောရရင် Driver တွေက နားကြပ်ထဲကလော်စပီကာအသေးစားလေးတွေလိုပါပဲ။

Driver တစ်ခုမှာအစိတ်အပိုင်း ၃ခုပါပါတယ်။

၁. သံလိုက်စက်ကွင်းဖန်တီးပေးတဲ့ သံလိုက်

၂. အသံလှိုင်းတွေကိုဖန်တီးဖို့တုန်ခါရတဲ့ Diaphragm

၃. လျှပ်စီးကြောင်းဖြတ်သွားတဲ့အခါ Diaphragm တွေကိုတုန်ခါစေပြီး ကိုယ်ကြားနိုင်တဲ့အသံထိဖန်တီးပေးနိုင်တဲ့ Voice Coils တွေပါဝင်ပါတယ်။

နားကြပ် Driver တွေကတော့အဝိုင်းပုံစံဖြစ်ပြီး ဖန်တီးတဲ့သူနဲ့ ထွက်ချင်တဲ့အသံ Output ကိုလိုက်ပြီး အရွယ်အစားတွေကွာသွားပါတယ်။

အသံအရည်အသွေးနဲ့ Driver အရွယ်အစား ဘယ်လိုပတ်သတ်နေလဲ?

ရှင်းရှင်းလေးပြောရရင် Driver ကြီးလေလေ Bass သံ ပိုကောင်းလေလေပါပဲ။ Driver အရွယ်အစားကြီးတိုင်းတော့ အသံအရည်အသွေးကောင်းသွားတာမဟုတ်ပါဘူး။ အသံအရည်အသွေးအပေါ်မှာသွားသက်ရောက်တဲ့ တခြားအချက်လေးတွေလည်းရှိပါသေးတယ်။

နားကြပ် (Earphone) Driver တစ်ခုက အချင်း 8mm ကနေ 15mm အတွင်းရှိပြီး Headphone တွေရဲ့ Driver ကတော့ အချင်း 20mm ကနေ 50mm အတွင်းရှိပါတယ်။ နားကြပ်ရဲ့အသံကျယ်မကျယ်ဆိုတာ Driver အရွယ်အစားကအဆုံးအဖြတ်ပေးပါတယ်။

လူအများစုသိကြတာက Driver အရွယ်အစားကြီးလေ အသံပိုကောင်းလေလို့သိကြတာပါ။ တကယ်တမ်းက အဲလိုပြောလို့မရပါဘူး။ အချင်းပိုကြီးသွားတဲ့အတွက် Bass သံပိုရှင်းသွားရုံပါ။ Driver ကြီးကြီးတွေကြုံတွေ့ရတဲ့ပြဿနာက ကြိမ်နှုန်းမြင့်တွေကိုထုတ်တဲ့နေရာမှာ အသေးတွေထက်ပိုခက်ခဲတာပါပဲ။

earphones-drivers-earpods

Driver ကြီးလို့ Output မြင့်ပေမယ့် ပိုကောင်းသွားတာမျိုးမဟုတ်ပါဘူး။ နားကြပ်တစ်ခုနဲ့တစ်ခုကို အရည်အသွေးကွာသွားစေတဲ့ထဲမှာ အတွင်းထဲက တစ်ခြားအစိတ်အပိုင်းတွေအမျိုးမျိုးလည်း ပါနေပါသေးတယ်။ ဥပမာ Apple ရဲ့ AirPod တွေဆိုရင်လည်း Driver ဆိုဒ်သေးတာပါပဲ။ ဒါပေမယ့် တခြား Brand က Driver အကြီးသုံးထားတဲ့နားကြပ်တွေကို ယှဉ်နိုင်တာပါပဲ။ ဆိုတော့ Driver ဆိုဒ်ထက် Driver အမျိုးအစားတွေ ကြိမ်နှုန်းဘယ်လောက်ရနိုင်လဲဆိုတာတွေက အသံကိုအဓိကသွားသက်ရောက်တယ်ဆိုတာကို ထည့်စဉ်းစားမှရမှာပါ။

Driver Unit အမျိုးအစားများ

ခုနကပြောခဲသလို Driver အမျိုးအစားတွေကအသံအရည်အသွေးအတွက်အရေးကြီးပါတယ်။ ဒီတော့ ဒီနေ့ခေတ် နားကြပ်တွေ Headphone တွေမှာသုံးတတ်တဲ့အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. Dynamic Drivers

dynamic-drivers-1

Bass သံကောင်းတဲ့နားကြပ်ကိုရှာနေတယ်ဆိုရင်တော့ Dynamic Driver သုံးထားတဲ့နားကြပ်တွေကိုရှာပါ။ အချင်းပိုကြီးပြီး Headphone တွေမှာပဲအသုံးများပါတယ်။ သူက bass သံကောင်းကောင်းထုတ်ပေးနိုင်ပြီး အားသိပ်မကုန်ဘဲ အသံ pressure ကောင်းကောင်းပေးနိုင်ပါတယ်။

၂. Planar Magnetic Drivers

သူကတော့ အခုခေတ်ဈေးကွက်ထဲမှာရှိတဲ့ အမြင့်စားအကောင်းစား နားကြပ်တွေ headphone တွေမှာတွေ့ရတဲ့အမျိုးအစားပါ။ သူကတော့ သံလိုက်တွေကြားမှာ Diaphragm ကိုညှပ်ထည့်ထားပါတယ်။

earphone drivers

ဒီ Driver တွေကတော့ အရမ်းပြတ်သားကြည်လင်တဲ့အသံတွေကိုပေးနိုင်ပြီး ဘာအသံ Effect မှာထပ်မထည့် မပြင်ဆင်ဘဲနဲ့တောင် အရမ်းအသေးစိတ်ကျတဲ့အသံတွေကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်လည်း အသံကွာလတီအရမ်းအသားပေးတဲ့သူတွေက ဒါမျိုးတွေကိုပဲရွေးကြတာပါ။

၃. Balanced Armature Drivers

သူကတော့အရမ်းကိုသေးငယ်တဲ့ Driver တွေဖြစ်ပြီးတော့ ထုတ်လုပ်သူတွေကတော့ နားကြပ်တစ်ဖက်တည်းမှာတင် Driver အများကြီးခွဲထည့်ထားပါတယ်။ in-ear monitor အများစုကတော့ Driver ၁ခုကနေ ၄ခုအတွင်း သုံးထားတာကိုတွေ့ရပါတယ်။

direct-armature-drivers-for-earphones

နားကြပ်တစ်ဖက်တည်းမှာတင် Driver တွေခွဲထည့်ထားတဲ့အတွက် ကြိမ်နှုန်းအမျိုးမျိုးထုတ်နိုင်ဖို့ ပိုအဆင်ပြေသွားပါတယ်။ သူကတော့ နားထဲထည့်တဲ့ earbud တွေ in-ear headphone တွေမှာသုံးတတ်ပါတယ်။

၄. Electrostatic Driver

သူကတော့ ရှားပါးပြီးအရမ်းဈေးကြီးတဲ့အမျိုးအစားပါ။ လုံးဝပြီးပြည့်စုံတဲ့အသံအရည်အသွေးကြည်လင်ပြတ်သားမှုကို ပေးနိုင်ပြီး ဈေးလည်းခေါင်ခိုက်နေပြီး အကောင်းစားဆိုတဲ့နားကြပ်တွေမှာသာတွေ့ရတဲ့အမျိုးအစားပါ။

ဘာကိုဝယ်သင့်သလဲ??

သူလည်းဖုန်းတွေလိုပဲ ကိုယ်ကဘာအတွက်သုံးမလဲဆိုတာပေါ်မူတည်ပါတယ်။ ကိုယ်ကအသံခပ်ကျယ်ကျယ်ကြိုက်တယ် သီချင်းတွေထဲမှာစီးမြောနေရတာကြိုက်တယ်ဆိုရင်တော့ dynamic driver တွေထဲက ရှာကြည့်ပါ။

ဂိမ်းအတွက်ပဲသုံးမယ်ဆိုရင်တော့ bass သံတွေ ဘာတွေသိပ်စဉ်းစားစရာမလိုပါဘူး။ Balanced armature driver တွေထဲက ရွေးလို့ရပါတယ်။

အသံအရည်အသွေးအကောင်းဆုံးကိုမှ နှစ်သက်တယ်ဆိုရင်တော့ Magnetic Driver တွေရွေးနိုင်ပြီး ဘတ်ဂျတ်ကိုလုံးဝလှည့်ကြည့်စရာမလိုဘူးဆိုရင်တော့ Electrostatic Driver တွေကိုသာရွေးလိုက်ပါ။ ခုနောက်ပိုင်းဆို အသံ noise တွေမပါအောင် Noise Cancellation နည်းပညာတွေကိုပါ ထည့်သုံးပေးလာကြတဲ့အတွက် တော်တော်လေးအဆင်ပြေလာတာကိုတွေ့ရပါတယ်။ ဒါဆို နားကြပ်မှာ Driver အရွယ်အစားအပြင် အမျိုးအစားကလည်းအရေးကြီးတယ်ဆိုတာ သိကြ၊သိပြီးပြီထင်ပါတယ်။ လက်ရှိမှာရော ဘယ် နားကြပ်အမျိုးအစားနဲ့အဆင်ပြေနေလဲဆိုတာ ကွန်မန့်မှာမျှဝေခဲ့ပါဦး……

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category