157 Shares 158 Views

သင့္ ဖုန္းမွ အမိႈက္မ်ားကို ရွင္းလင္းေပးၿပီး လွ်င္ျမန္ေစမယ့္ SD Maid – System Cleaning Tool

Jul 05, 2018
157 158

Android Device မ်ားဟာ အသံုးျပဳတာ ၾကာလာတာနဲ႔ အမွ် အမိႈက္ဖိုင္္မ်ားနဲ႔ ျပည့္ႏွက္လာပါတယ္။ ဒီလို အမိႈက္ဖိုင္မ်ား ျပည့္လာရင္ေတာ့ ဖုန္းေလးလံျခင္း၊ Apps အသစ္မ်ား အင္စေတာလုပ္၍ မရျခင္း၊ ဖိုင္အသစ္မ်ား သိမ္းဆည္း၍ မရျခင္း စတဲ့ ျပႆနာမ်ားကို ရင္ဆိုင္လာရမွာ ျဖစ္ပါတယ္။ အဲဒီအတြက္ စမတ္ဖုန္းမွ အမိႈက္မ်ားကို သန္႔ရွင္းေရးလုပ္တဲ့ App မ်ားျဖင့္ အစဥ္အၿမဲ ရွင္းလင္းေပးသင့္ပါတယ္။ အဲဒီလို Apps မ်ားထဲမွာ နာမည္ႀကီးတဲ့ တစ္ခုက SD Maid – System Cleaning Tool ျဖစ္ပါတယ္။ သူက Apps မ်ားကို Uninstall လုပ္ၿပီးေနာက္ က်န္ခဲ့တဲ့ အမိႈက္ဖိုင္မ်ား၊ Logs ၊ Crash Reports မ်ား၊ Duplicates မ်ား၊ ဖိုဒါအလြတ္မ်ားကို ရွင္းလင္းေပးႏုိင္ပါတယ္။ App မ်ားရဲ႕ Databases မ်ားကိုလည္း ခ်ံဳ႕ေပးႏုိင္ပါတယ္။ သင့္ Device ရဲ႕ Storage ကို အေသးစိတ္ ေလ့လာႏိုင္ပါတယ္။ ဖိုင္မ်ားကို Name, Content, Date မ်ားျဖင့္ ရွာေဖြႏုိင္ပါတယ္။ Schedule ျပဳလုပ္၍ သန္႔ရွင္းေရး လုပ္ေပးႏိုင္ပါတယ္။ သူ႔အတြက္ Widgets ကို ဖန္တီးေပးထားတဲ့အတြက္ အလုပ္မ်ား လွ်င္ျမန္စြာ လုပ္ႏုိင္ပါတယ္။ အခု App User Guide မွာ Pro Version အသံုးျပဳနည္းကို ေဖာ္ျပေပးလိုက္ပါတယ္။

App ရဲ႕ Home Screen မွာ Tools ၄ ခုကို ျပသေပးထားပါတယ္။ အမိႈက္မ်ားကို ရွင္းေပးမယ့္ CorpseFinder ရဲ႕ ညာဘက္ေဘးမွ ခလုတ္ကို ႏွိပ္ပါ။ ေနာက္အဆင့္မွာ သူက Storage Access ကို ရရွိဖို႔ လိုအပ္တဲ့ အဆင့္မ်ားကို လုပ္ခိုင္းမွာပါ။ Next ႏွိပ္ၿပီး ေနာက္အဆင့္မွာ Grant Access ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာ အမိႈက္ဖိုင္မ်ားကို ရွင္းလင္းရတဲ့ စကရင္ကို ေရာက္မွွာပါ။ အမိႈက္ဖိုင္ အေရအတြက္နဲ႔ အရြယ္အစားကို ျပသေပးထားပါတယ္။ အေသးစိတ္ ၾကည့္ခ်င္ရင္ CorpseFinder ကိို တစ္ခ်က္ႏွိပ္ပါ။ ေအာက္ေျခမွ Run now ကို ႏွိပ္ရင္ အမိႈက္ဖိုင္အားလံုးကို ရွင္းေပးမွာပါ။

Home Screen မွ SystemCleaner ကို Run ပါ။ သူက Temporary Files မ်ားနဲ႔ ဖိုဒါအလြတ္မ်ားကို ရွာေပးႏုိင္ပါတယ္။ ရွာၿပီးရင္ ဖိုင္မ်ားကို အေသးစိတ္ ၾကည့္ႏုိင္သလို ေအာက္ေျခမွ Run now ကို ႏွိပ္၍ ရွင္းႏုိင္ပါတယ္။

App မ်ားမွ မလိုအပ္တဲ့ ဖိုင္မ်ားကို ရွင္းဖို႔အတြက္ Home Screen မွ AppCleaner ကို Run ပါ။

Run ၿပီးရင္ AppCleaner ကို တစ္ခ်က္ႏွိပ္ပါ။ ဒါဆိုရင္ App တစ္ခုစီမွ အမိႈက္ဖိုင္မ်ားနဲ႔ အရြယ္အစားကို ျမင္ရမွာ ျဖစ္ပါတယ္။ App တစ္ခုရဲ႕ ညာဘက္မွ ခလုတ္ကို ႏွိပ္၍ ဖိုင္မ်ားကို အေသးစိတ္ ေလ့လာႏုိင္ပါတယ္။ ၿပီးရင္ေတာ့ Home Screen ကို ျပန္သြားၿပီး ေအာက္ေျခမွ Run now ကို ႏွိပ္၍ ရွင္းႏုိင္ပါတယ္။

Home Screen မွ Database ကေတာ့ App မ်ားရဲ႕ Database ကို ရွင္းလင္းေပးတာ ျဖစ္ပါတယ္။ အဲဒါကို Run ၾကည့္တဲ့ အခါမွာ စာေရးသူ ဖုန္းမွ Evernote ရဲ႕ Database ကို ရွင္းလင္းဖို႔ ျပသေပးပါတယ္။ Evernote ရဲ႕ Database ကို ရွင္းလိုက္ရင္ စာေရးသူ သိမ္းထားတဲ့ မွတ္စုမ်ား ပ်က္ဆီးသြားမွာ ျဖစ္တဲ့ အတြက္ မရွင္းလင္းဘဲ Exclude လုပ္ထားလိုက္ပါတယ္။ Database ဟာ သင့္ဖုန္းမွ App မ်ားရဲ႕ အေရးႀကီးတဲ့ ဖိုင္မ်ားကို ရွင္းလင္းမွာ ျဖစ္တဲ့အတြက္ ေသခ်ာစြာ မသိရင္ သူ႔ကို မသံုးသင့္ပါဘူး။

Home Screen ရဲ႕ ဘယ္ဘက္အေပၚေထာင့္မွ Menu ကေန Duplicates File မ်ားကို ရွာေဖြေပးတဲ့ Tool နဲ႔ Schedule လုပ္၍ အလို အေလွ်ာက္ သန္႔ရွင္းေရးလုပ္ေစျခင္းမ်ားကို လုပ္ေဆာင္ႏုိင္ပါတယ္။

သူ႔ရဲ႕ ဖိုင္အရြယ္အစားမွာ 5.3MB ျဖစ္ၿပီး ေအာက္ပါ လင့္မွာ ရယူနိုင္ပါတယ္။

Download

Ref : appreview

unicode

သင့် ဖုန်းမှ အမှိုက်များကို ရှင်းလင်းပေးပြီး လျှင်မြန်စေမယ့် SD Maid – System Cleaning Tool

Android Device များဟာ အသုံးပြုတာ ကြာလာတာနဲ့ အမျှ အမှိုက်ဖိုင်များနဲ့ ပြည့်နှက်လာပါတယ်။ ဒီလို အမှိုက်ဖိုင်များ ပြည့်လာရင်တော့ ဖုန်းလေးလံခြင်း၊ Apps အသစ်များ အင်စတောလုပ်၍ မရခြင်း၊ ဖိုင်အသစ်များ သိမ်းဆည်း၍ မရခြင်း စတဲ့ ပြဿနာများကို ရင်ဆိုင်လာရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းမှ အမှိုက်များကို သန့်ရှင်းရေးလုပ်တဲ့ App များဖြင့် အစဉ်အမြဲ ရှင်းလင်းပေးသင့်ပါတယ်။ အဲဒီလို Apps များထဲမှာ နာမည်ကြီးတဲ့ တစ်ခုက SD Maid – System Cleaning Tool ဖြစ်ပါတယ်။ သူက Apps များကို Uninstall လုပ်ပြီးနောက် ကျန်ခဲ့တဲ့ အမှိုက်ဖိုင်များ၊ Logs ၊ Crash Reports များ၊ Duplicates များ၊ ဖိုဒါအလွတ်များကို ရှင်းလင်းပေးနိုင်ပါတယ်။ App များရဲ့ Databases များကိုလည်း ချုံ့ပေးနိုင်ပါတယ်။ သင့် Device ရဲ့ Storage ကို အသေးစိတ် လေ့လာနိုင်ပါတယ်။ ဖိုင်များကို Name, Content, Date များဖြင့် ရှာဖွေနိုင်ပါတယ်။ Schedule ပြုလုပ်၍ သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။ သူ့အတွက် Widgets ကို ဖန်တီးပေးထားတဲ့အတွက် အလုပ်များ လျှင်မြန်စွာ လုပ်နိုင်ပါတယ်။ အခု App User Guide မှာ Pro Version အသုံးပြုနည်းကို ဖော်ပြပေးလိုက်ပါတယ်။

App ရဲ့ Home Screen မှာ Tools ၄ ခုကို ပြသပေးထားပါတယ်။ အမှိုက်များကို ရှင်းပေးမယ့် CorpseFinder ရဲ့ ညာဘက်ဘေးမှ ခလုတ်ကို နှိပ်ပါ။ နောက်အဆင့်မှာ သူက Storage Access ကို ရရှိဖို့ လိုအပ်တဲ့ အဆင့်များကို လုပ်ခိုင်းမှာပါ။ Next နှိပ်ပြီး နောက်အဆင့်မှာ Grant Access ကို နှိပ်ပါ။

နောက်အဆင့်မှာ အမှိုက်ဖိုင်များကို ရှင်းလင်းရတဲ့ စကရင်ကို ရောက်မှာပါ။ အမှိုက်ဖိုင် အရေအတွက်နဲ့ အရွယ်အစားကို ပြသပေးထားပါတယ်။ အသေးစိတ် ကြည့်ချင်ရင် CorpseFinder ကို တစ်ချက်နှိပ်ပါ။ အောက်ခြေမှ Run now ကို နှိပ်ရင် အမှိုက်ဖိုင်အားလုံးကို ရှင်းပေးမှာပါ။

Home Screen မှ SystemCleaner ကို Run ပါ။ သူက Temporary Files များနဲ့ ဖိုဒါအလွတ်များကို ရှာပေးနိုင်ပါတယ်။ ရှာပြီးရင် ဖိုင်များကို အသေးစိတ် ကြည့်နိုင်သလို အောက်ခြေမှ Run now ကို နှိပ်၍ ရှင်းနိုင်ပါတယ်။

App များမှ မလိုအပ်တဲ့ ဖိုင်များကို ရှင်းဖို့အတွက် Home Screen မှ AppCleaner ကို Run ပါ။

Run ပြီးရင် AppCleaner ကို တစ်ချက်နှိပ်ပါ။ ဒါဆိုရင် App တစ်ခုစီမှ အမှိုက်ဖိုင်များနဲ့ အရွယ်အစားကို မြင်ရမှာ ဖြစ်ပါတယ်။ App တစ်ခုရဲ့ ညာဘက်မှ ခလုတ်ကို နှိပ်၍ ဖိုင်များကို အသေးစိတ် လေ့လာနိုင်ပါတယ်။ ပြီးရင်တော့ Home Screen ကို ပြန်သွားပြီး အောက်ခြေမှ Run now ကို နှိပ်၍ ရှင်းနိုင်ပါတယ်။

Home Screen မှ Database ကတော့ App များရဲ့ Database ကို ရှင်းလင်းပေးတာ ဖြစ်ပါတယ်။ အဲဒါကို Run ကြည့်တဲ့ အခါမှာ စာရေးသူ ဖုန်းမှ Evernote ရဲ့ Database ကို ရှင်းလင်းဖို့ ပြသပေးပါတယ်။ Evernote ရဲ့ Database ကို ရှင်းလိုက်ရင် စာရေးသူ သိမ်းထားတဲ့ မှတ်စုများ ပျက်ဆီးသွားမှာ ဖြစ်တဲ့ အတွက် မရှင်းလင်းဘဲ Exclude လုပ်ထားလိုက်ပါတယ်။ Database ဟာ သင့်ဖုန်းမှ App များရဲ့ အရေးကြီးတဲ့ ဖိုင်များကို ရှင်းလင်းမှာ ဖြစ်တဲ့အတွက် သေချာစွာ မသိရင် သူ့ကို မသုံးသင့်ပါဘူး။

Home Screen ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ Menu ကနေ Duplicates File များကို ရှာဖွေပေးတဲ့ Tool နဲ့ Schedule လုပ်၍ အလို အလျှောက် သန့်ရှင်းရေးလုပ်စေခြင်းများကို လုပ်ဆောင်နိုင်ပါတယ်။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 5.3MB ဖြစ်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။

Download

Ref : appreview

You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Feb 17, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္

Ko Thuya - Feb 17, 2019

နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…

Leave a Comment

Most from this category