1065 Shares 1133 Views


Jul 05, 2018
1065 1133





Ref : tnw

unicode

Samsung က ကွေးညွှတ် ဖုန်းအတွက် ကွေးညွှတ် ဘက်ထရီကို ဖန်တီးနေ

ဆမ်ဆောင်းက ကွေးညွှတ် သုံးနိုင်တဲ့ စမတ်ဖုန်း နည်းပညာမှာ ထိပ်တန်းက ပြေးနေတယ်လို့ သတင်းများက ဆိုပါတယ်။ ကုမ္ပဏီက ကွေးညွှတ်နိုင်တဲ့ ဘက်ထရီများကို မြောက်များစွာ ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို ဖန်တီးနေပါတယ်။

ဆမ်ဆောင်းရဲ့ အဲဒီ ဘက်ထရီများဟာ 3000mAh နဲ့ 6000mAh အကြား စွမ်းအင် ပမာဏကို သိုလှောင်နိုင်တဲ့အတွက် ဘက်ထရီ သက်တမ်း အလွန် ကောင်းမှာ ဖြစ်ပါတယ်။ ဆမ်ဆောင်းဟာ ကွေးညွှတ်နိုင်တဲ့ OLED Screens များကို စတင် စမ်းသပ်ထုတ်လုပ်တော့မယ်လို့ တောင်ကိုရီးယား သတင်းဌာန ET News က ပြောပါတယ်။ ကွေးညွှတ် စကရင်နဲ့ ဘက်ထရီများကို Galaxy X လို့ အမည်ပေးမယ်လို့ ထင်ရတဲ့ ကွေးညွှတ် စမတ်ဖုန်းမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းကို လာမယ့်နှစ်မှာ စတင် ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။

Samsung ဟာ ၂၀၁၁ ခုနှစ်ကတည်းက ကွေးညွှတ်နိုင်တဲ့ စကရင်ကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ ထွက်ခဲ့တာပါ။ အဲဒီနှစ်မှာပဲ အဲဒီ စကရင်ရဲ့ နမူနာကို ပြသခဲ့ပါတယ်။ အဲဒီ အချိန်က ကုမ္ပဏီဟာ စကရင်ကို အကြိမ်ပေါင်း ၁၀၀ ၀၀၀ အထိ ခေါက်ချိုးနိုင်ပြီး အဲဒီနောက်မှာ Brightness ဟာ ၆ ခိုင်နှုန်း ကျဆင်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ထွက်နေတဲ့ သတင်းများအရ အဲဒီ စမတ်ဖုန်းဟာ ၁၉၀၀ ဒေါ်လာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဆမ်ဆောင်းရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ပြိုင်ဖက်များကို အလဲထိုးနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ Apple, Huawei, Xiaomi , ZTE တို့ကလည်း ကွေးညွှတ် စမတ်ဖုန်းများကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : tnw

You may be interested

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares0 views

Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy

Ko Thuya - Oct 18, 2018

သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…

Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares0 views

Lenovo ရဲ့ Foldable Tablet လာမည်

Ko Thuya - Oct 18, 2018

ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views

Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone

Ko Thuya - Oct 18, 2018

Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…

Leave a Comment

Most from this category