949 Shares 446 Views


Jul 05, 2018
949 446




Ref : gsmarena

unicode

AnTuTu က စွမ်းဆောင်ရည် အကောင်းဆုံး ဖုန်းစာရင်းကို ပြသ

စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ AnTuTu Benchmark က ထွက်ရှိပြီးသမျှ ဖုန်းများအားလုံးထဲမှ စွမ်းဆောင်ရည် အကောင်းဆုံး စမတ်ဖုန်း စာရင်းကို လစဉ် ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။ အခုလည်း ဇွန်လအထိထွက်ရှိပြီး ဖုန်းများရဲ့ စာရင်းကို ပြသလိုက်ပါတယ်။ စာရင်းမှာ Snapdragon 845 ထည့်ထားတဲ့ ဖုန်းများသာ အများစု ပါလာပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီဇိုင်းထုတ်ထားတဲ့ အပိုင်းမှာ အနည်းငယ် ကွာခြားတဲ့အတွက်သာ ရမှတ်များ ကွဲပြားသွားကြတာပါ။ အန်းဒရွိုက်ဗားရှင်းများ မတူညီကြတာကလည်း ရမှတ်များ ကွာခြားစေပါတယ်။

စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက Xiaomi Black Shark ဖြစ်ပြီး ပူပူနွေးနွေး ကြေညာထားတဲ့ Vivo NEX S က နံပါတ် ၂ နေရာကို ရယူလိုက်ပါတယ်။ OnePlus 6 က နံပါတ် ၃ နေရာမှာ ရပ်တည်နေပါတယ်။ သူတို့ရဲ့ အနောက်မှာ Xiaomi Mi 8, Smartisan Nut R1, Samsung Galaxy S9+, Mi Mix 2S, Samsung Galaxy S9, Sony Xperia XZ2 နဲ ZTE nubia Red Magic တိုက အသီးသီး ရပ်တည်နေပါတယ်။

မှတ်သားစရာကောင်းတာက Snapdragon 835 ပါတဲ့ တစ်လုံးထဲသော ZTE Nubia Red Magic သာ ဒီစာရင်းမှာ ပါဝင်နေတာပါ။ ဒီစာရင်းမှာပါတဲ့ Galaxy S Series များဟာ Snapdragon ထည့်ထားတဲ့ မော်ဒယ်များ ဖြစ်ပါတယ်။ AnTuTu Version 7 ကို အသုံးပြုပြီး စွမ်းရည်ကို စမ်းသပ်ခဲ့ကြပါတယ်။ ရမှတ်များဟာ အလွန် ကွာခြားခြင်း မရှိပါဘူး။

Ref : gsmarena

You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Feb 17, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

Ko Thuya - Feb 17, 2019

နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…

Leave a Comment

Most from this category