194 Shares 105 Views
Jul 05, 2018
194 105
Ref : gsmarena
unicode
ကုမ္ပဏီ ဥက္ကဌက မကြာခင် Honor Note 10 ကို ကြေညာမယ်လို့ အတည်ပြု
ပြီးခဲ့တဲ့ နှစ်က Honor Note 9 ကို ထုတ်လုပ်ရောင်းချခြင်း မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ Honor Note 10 ကို ရောင်းချပေးတော့မှာပါ။ Honor ရဲ့ ဥက္ကဌ ဖြစ်သူ Zhao Ming က ဒီသတင်းကို ဝီဘိုမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဝီဘိုမှ ပို့စ်မှာ သူက “ ကုမ္ပဏီဟာ နှစ်နှစ်ကြာ အဲဒီ စမတ်ဖုန်းကို ဖန်တီးနေပါတယ်။ ဒါ့ကြောင့်လည်း Note 9 ကို မရောင်းချခဲ့တာပါ။ Fans များအနေနဲ့ အဲဒီ ဖုန်းကို တရားဝင် မိတ်ဆက်မယ့် အချိန်ကို စောင့်မျှော်နိုင်ကြပါပြီ။ “ လို့ ပြောပါတယ်။ Honor Note 10 နဲ့ အတူ အခြား ထုတ်ကုန်များကိုလည်း အဲဒီ ပွဲမှာ ပြသနိုင်ပါတယ်။
ဝီဘိုမှ ပို့စ်မှာ အဲဒီ စမတ်ဖုန်းရဲ့ Specifications များကို အရိပ်အမြွက် ပြောကြားထားခြင်း မရှိပါဘူး။ မကြာခင်မှာ ကြေညာတော့မယ်ဆိုတာကိုပဲ ပြောကြားထားပါတယ်။ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအရ သူ့မှာ အရွယ်အစား ကြီးမားတဲ့ ၆.၉ လက်မ Super AMOLED Display တပ်ဆင်ထားမှာ ဖြစ်ပြီး ဆမ်ဆောင်းက ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ Honor Note 10 မှာ HiSilicon Kirin 980 Chipset ထည့်သွင်းထားနိုင်ပါတယ်။
Zhao Ming က သိပ်မကြာခင်ကလည်း ဖျော်ဖြေရေးအတွက် ရည်ရွယ်ထားတဲ့ အရွယ်ကြီး Honor စမတ်ဖုန်း အသစ်တစ်လုံးကို ပြင်ဆင်နေတယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲဒါဟာ Honor Note 10 ဖြစ်နိုင်ပါတယ်။ သူဟာ စွမ်းဆောင်ရည်မြင့် အမျိုးအစား ဖြစ်ပြီး တန်ဖိုးကြီးမားမှာပါ။
Ref : gsmarena
You may be interested
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Android, FEATURES, HUBS
0 shares21 views
Android မှာ အလုပ်တွေ အလိုအလျှောက် လုပ်ပေးမယ့် Taskzy
Ko Thuya - Oct 18, 2018
သင်ပြုလုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး သင့်ဖုန်းမှ App များကို အလိုအလျှောက် ဖွင့်ပေးနိုင်ရင် အလွန် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သင် Headset တပ်လိုက်တဲ့ အချိန်မှာ သင်နှစ်သက်တဲ့ Music App ကို ဖွင့်ပေးခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများပြုလုပ်ရင်…
Lenovo ရဲ့ Foldable Tablet လာမည်
Android, HUBS, Lenovo
0 shares2 views
Lenovo ရဲ့ Foldable Tablet လာမည်
Ko Thuya - Oct 18, 2018
ခေါက်ချိုးကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်းများကို ကုမ္ပဏီများက တီထွင်ဖန်တီးနေတဲ့ သတင်းများ ထွက်ပေါ်နေတာ နှစ်အနည်းငယ်တောင် ကြာပါပြီ။ ဈေးကွက်ထဲကိုတော့ အဲဒီ စမတ်ဖုန်းများ မရောက်လာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပထမဆုံး ဈေးကွက်ထဲ ရောက်လာနိုင်တာက လီနိုဗိုရဲ့ ကွေးညွှတ် ခေါက်ချိုး နိုင်တဲ့…
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Apple, Drone, Gadgets
0 shares2 views
Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ Drone
Ko Thuya - Oct 18, 2018
Skydio က သူ့ရဲ့ R1 Drone ကို Apple Watch ကနေ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းပေးလိုက်ပြီိလို့ ကြေညာလိုက်ပါတယ်။ Skydio R1 ဟာ လူတွေက မထိန်းချုပ်ရင်တောင် အလိုအလျှောက် ပျံသန်းပြီး ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းလို…
Leave a Comment
Most from this category