218 Shares 130 Views

ကြိုးမဲ့နားကြပ်တွေကိုပါ ထည့်သိမ်းလို့ရတဲ့စမတ်နာရီအသစ်ကို Huawei ဖန်တီး

Jul 04, 2018
218 130

[Zawgyi]








Ref: Android Authority

[Unicode]

Huawei ကတော့ Bluetooth နားကြပ်တွေကိုပါ ထည့်သိမ်းလို့ရမယ့် စမတ်နာရီအတွက် မူပိုင်ခွင့်ရလာခဲ့ပါပြီ။ ဒီမူပိုင်ခွင့်ကို ဇွန်လ ၂၈ရက်နေ့ကမှ ကမ္ဘာ့မူပိုင်ခွင့်ဆိုင်ရာအဖွဲအစည်းက အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

Image result for Huawei could be working on a smartwatch that stores true wireless earbuds

မူပိုင်ခွင့်မှာတော့ စမတ်နာရီထဲမှာ နားကြပ်တွေကို ပုံစံ၃မျိုးနဲ့သိမ်းလို့ရတဲ့ဒီဇိုင်းတွေကို ဖော်ပြထားပါတယ်။ ဒီဇိုင်း၂ခုမှာတော့ နားကြပ်တွေထည့်သိမ်းလို့ရမယ့်အပေါက်လေး Built-in ပါဝင်ပါတယ်။ အဲဒီထဲကပထမဒီဇိုင်းကတော့ နာရီအိုးရဲ့တစ်ဖက်တစ်ချက်စီမှာ နားကြပ်သိမ်းလို့ရမယ့်အပေါက်လေးတွေပါဝင်ပြီး ဒုတိယဒီဇိုင်းကတော့ လက်ကောက်ဝတ်အောက် လတ်ပတ်ကြိုးပေါ်မှာသိမ်းလို့ရနိုင်မယ့်ဒီဇိုင်းပါ။

Huawei Smartwatch earbuds

နားကြပ်တွေကတော့ ရေစိုလည်းခံပြီး Noise Cancellation feature နဲ့လာမယ်လို့ LetsGoDigital ကဆိုထားပါတယ်။ နားကြပ်သိမ်းလို့ရတဲ့နေရာလည်းပါတာအပြင် Noise ဖယ်ရှားပေးနိုင်တဲ့နားကြပ်တွေပါပါလာတယ်ဆိုတော့ ဈေးကတော့ တော်တော်လေးများမယ့်ပုံပါပဲ။

Huawei Watch 2 ကိုတော့ ဧပြီ ၂၀၁၇ မှာတုန်းက ထုတ်လုပ်ခဲ့ပြီး သူ့ကိုမှ နည်းနည်းလေးမြှင့်ထားတဲ့ဗားရှင်းကို မေလကုန်မှာမိတ်ဆက်ခဲ့ပြန်တာဖြစ်လို့ Huawei Watch 3 ကို အလောတကြီးထုတ်မှာမဟုတ်ဘူးလို့ စီအီးအိုကဆိုခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းကပဲ Touch-Sensitive ဘောင်တွေနဲ့စမတ်နာရီအတွက် မူပိုင်ခွင့်နဲ့ ဂိမ်းအသားပေးစမတ်နာရီမူပိုင်ခွင့်ကို Huawei က ရခဲ့ပြီးသားပါ။ မူပိုင်ခွင့်တင်တိုင်းလည်း ထွက်လာမယ်လို့တပ်အပ်ပြောလို့မရတဲ့အတွက် နားကြပ်ပါပါတဲ့ဒီစမတ်နာရီလည်း ထွက်လာပါ့မလားဆိုတာစောင့်ကြည့်ရုံအပြင်မရှိပါဘူး။

Ref: Android Authority

You may be interested

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေထဲမှာ စိတ်ရှုပ်ရပြီး အနှောင့်အယှက်ပေးတာ တစ်ခုကိုပြောပါဆိုရင် ညမအိပ်ခင် ဖုန်းအားသွင်းရတာမျိုး၊ စိတ်မချရလို့ မအိပ်ခင် အားသွင်းထားတဲ့မီး ပြန်ပိတ်ရတာမျိုး၊ ဖုန်းအားပြည့်အောင် စောင့်ပြီးမှအိပ်ရတာမျိုး၊ မနက်မိုးလင်းလို့ အပြင်မသွားခင်…

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်
HUBS, LG, NEWS
0 shares0 views

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်

Ko Thuya - Dec 18, 2018

LG က CES 2018 မှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရင်းအမြစ်တစ်ခုက အဲဒီ တီဗီကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၅ လက်မ OLED…

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့
Android, Apple, HUBS
157 shares37 views

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့

Ko Thuya - Dec 18, 2018

စမတ်ဖုန်းများမှာ ဒေတာများကို ကာကွယ်ဖို့ အတွက် လက်ဗွေရာ အာရုံခံ နည်းပညာများ ထည့်သွင်းလာကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမို စိတ်ချရတဲ့ မျက်နှာ အာရုံခံ နည်းပညာများကို အသုံးပြုလာကြပါတယ်။ အဆင့်မြင့် မျက်နှာအာရုံခံ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်တဲ့ ကုမ္ပဏီက Apple ဖြစ်ပါတယ်။…

Leave a Comment

Most from this category