0 Shares 232 Views

Superman ကိုယ်တိုင်မိတ်ဆက်ခဲ့တဲ့ Huawei P9 စမတ်ဖုန်း

Apr 08, 2016
0 232

Batman တစ်ယောက် သူ့ရဲ့နောက်ဆုံးပေါ် gadget တွေနဲ့ အလုပ်ရှုပ်နေချိန်မှာ Superman ကလည်း နောက်ဆုံးပေါ် Huawei P9 ဖုန်းလေးကိုင်ပြီး အိုက်တင်တွေများနေခဲ့ပါတယ်။

Superman မင်းသား Henry Caill ဟာ ဗုဒ္ဓဟူးနေ့က လန်ဒန်မှာပြုလုပ်ခဲ့တဲ့ Huawei P9 မိတ်ဆက်ပွဲမှာ စင်ပေါ်အထိ တက်ရောက်လာပြီး ကင်မရာနှစ်လုံးပါတဲ့ Huawei P9 ဖုန်းကို ကြော်ငြာဝင် မိတ်ဆက်သွားပေးခဲ့ပါတယ်။

စူပါကင်မရာဖုန်းလို့ ကြွေးကြော်ထားတဲ့ Huawei P9 ဟာ DC ရဲ့ စူပါမန်းတစ်ယောက်နဲ့တင် ကြော်ငြာမှာမဟုတ်ဘဲ Marvel က နောက်ထပ် စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Black Widow နဲ့ပါ ကြော်ငြာဝင်သွားဦးမှာပါ။

Black Widow အဖြစ် သရုပ်ဆောင်သူ Scarlet Johansson ဟာ မိတ်ဆက်ပွဲမှာမပါဝင်ပေမယ့်၊ P9 ဖုန်း ကြော်ငြာအစီအစဉ်တွေမှာ သူမရဲ့ရုပ်ပုံအသုံးပြုခွင့်ပေးထားတယ်လို့ သိရပါတယ်။

huawei-p9-scarlett-johansson-700x365

ဗုဒ္ဓဟူးနေ့က ထွက်ရှိခဲ့တဲ့ Huawei P9 စမတ်ဖုန်းဟာ စမတ်ဖုန်းကင်မရာလောကကို ပြောင်းလဲပစ်မယ့်ဖုန်းလို့ ရေပန်းစားနေပြီး၊ နာမည်ကျော်ဂျာမန်ကင်မရာကုမ္ပဏီ Leica က ထုတ်လုပ်ပေးထားတဲ့ စွမ်းဆောင်ရည်မြင့် ကင်မရာဆန်ဆာနှစ်လုံးသုံးထားတဲ့ဖုန်း ဖြစ်ပါတယ်။

Ref: Cnet

 

 

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
150 shares246 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
282 shares1263 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
427 shares1346 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category