Pop-Up Camera မ်ားဟာ ၂၀၁၈ ခုႏွစ္ ဖုန္းဒီဇိုင္းအတြက္ အလန္းစားလား ? အဂြမ္းစားလား?
Oppo Find X နဲ႔ Vivo Nex တို႔ဟာ ဒီႏွစ္ရဲ႕ Wow ျဖစ္ေစတဲ့ ဖုန္းႏွစ္လံုးပါ။ သူတို႔မွာ Pop-Up Camera or Mechanical Camera မ်ား ထည့္သြင္းထားတဲ့အတြက္ တကယ့္ကို မ်က္နွာျပင္ ေဘးေဘာင္မဲ့ ဖုန္းမ်ားကို ဖန္တီးေပးပါတယ္။ စကရင္ရဲ႕ အထက္မွာ Notch မထည့္ထားဘဲ ကင္မရာမ်ားဟာ ဖုန္းရဲ႕ ထိပ္ကေန ထြက္လာတာပါ။ Vivo ကေတာ့ အရြယ္ေသး Pop-Up Camera ကို သံုးထားပါတယ္။ Oppo ကေတာ့ ဖုန္း ထိပ္ပိုင္းတစ္ခုလံုးဟာ အထက္ကို တက္လာတဲ့ ဒီဇိုင္းကို သံုးထားပါတယ္။
Oppo Find X ရဲ႕ စကရင္ကို ေအာက္ကေန အထက္ကို ပြတ္ဆြဲလိုက္တာနဲ႔ ကင္မရာ ထြက္လာမွာ ျဖစ္ၿပီး Face Unlock ျဖင့္ ဖုန္းကို Unlock လုပ္ရတာပါ။ တစ္စကၠန္႔ေလာက္ အတြင္းမွာတင္ လွ်င္ျမန္စြာ Unlock ျဖစ္သြားတာက Wow လို႔ ေျပာရမွာပါ။ ဟာ့ဒ္၀ဲ အင္ဂ်င္နီယာ နည္းပညာနဲ႔ ေဆာ့ဖ္၀ဲ ဒီဇိုင္း တြဲဖက္မႈက အလြန္ ေကာင္းပါတယ္။ စမတ္ဖုန္း နယ္ပယ္မွ လူမ်ားကလည္း အဲဒီ ဖုန္းႏွစ္လံုးေၾကာင့္ အုတ္ေအာ္ေသာင္းနင္း ျဖစ္သြားခ့ဲပါတယ္။
ဒါေပမယ့္ Pop-Up Camera ပါတဲ့ အဲဒီလို ဖုန္းမ်ားမွာ အားနည္းခ်က္မ်ား ရွိေနပါတယ္။ ေခတ္ေပၚ စမတ္ဖုန္းမ်ားမွာ ေရစိုခံ စြမ္းရည္မ်ား ထည့္ေပးထားပါတယ္။ ဒီလို ေရစိုခံႏုိင္ဖို႔ ဖုန္းမ်ားကို အလံုပိတ္ ဒီဇိုင္း ဖန္တီးထားၾကပါတယ္။ Find X ရဲ႕ ကင္မရာ အစိတ္အပိုင္းေၾကာင့္ ေရစိမ့္၀င္ႏုိင္တဲ့ ျပႆနာ ရွိပါတယ္။ ဒါ့အျပင္ ဖုန္၊ သဲ၊ ေခြ်းမ်ားဟာလည္း Slider Module ထဲ ၀င္သြားႏုိင္ပါတယ္။ ဒီလို Mechanical Camera မ်ားဟာ ဖုန္းရဲ႕ အၾကမ္းခံမႈကို အားနည္းေစပါတယ္။ ေနာက္တစ္ခုက Find X ရဲ႕ ကင္မရာေၾကာင့္ Phone Case မ်ား ဖန္တီးဖုိ႔ ခက္ခဲေစပါတယ္။ မျဖစ္ႏိုင္ဘူးလို႔ မဆိုလိုပါဘူး။ ဒါေပမယ့္ အာရံုစားေစမွာပါ။
ဒါ့အျပင္ ကင္မရာကို အထုတ္၊ အသြင္းလုပ္တဲ့အခါမွာ လႈပ္ရွားမႈမ်ား ပါလာပါတယ္။ အဲဒီအတြက္ အဲဒီဖုန္းမ်ားမွာ စြမ္းအင္စားသံုးမႈ မ်ားျပားမွာပါ။ အဲဒီအတြက္ ဘက္ထရီ သက္တမ္း အားနည္းမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ Find X မွာ လက္ေဗြရာ ကိရိယာ မပါတဲ့အတြက္ ကင္မရာကေနပဲ Unlock လုပ္ရမွာပါ။ အဲဒီအတြက္ တစ္ရက္မွာ အႀကိမ္မ်ားစြာ ကင္မရာကို အထုတ္၊ အသြင္းလုပ္ရမွာပါ။
အက်ဥ္းခ်ဳပ္ ေျပာရရင္ေတာ့ Oppo Find X နဲ႔ Vivo Nex တို႔ဟာ တကယ့္ကို ေဘာင္ေပ်ာက္ စမတ္ဖုန္းမ်ား ျဖစ္ၿပီး အလြန္ လွပပါတယ္။ သူတို႔ရဲ႕ ကင္မရာ ဒီဇိုင္းမ်ားကလည္း အလန္းစားပါ။ ဒါေပမယ့္ အထက္မွာ ေဖာ္ျပထားတဲ့ အားနည္းခ်က္မ်ား ရွိေနပါတယ္။ သူ တို႔ကို ေရာင္းခ်ၿပီးေနာက္မွာေတာ့ အဲဒီ ဖုန္းမ်ားဟာ လက္ေတြ႕ကမာၻမွာ အသံုးျပဳရတာ အဆင္ေျပမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။
Ref : theverge
unicode
Pop-Up Camera များဟာ ၂၀၁၈ ခုနှစ် ဖုန်းဒီဇိုင်းအတွက် အလန်းစားလား ? အဂွမ်းစားလား?
Oppo Find X နဲ့ Vivo Nex တို့ဟာ ဒီနှစ်ရဲ့ Wow ဖြစ်စေတဲ့ ဖုန်းနှစ်လုံးပါ။ သူတို့မှာ Pop-Up Camera or Mechanical Camera များ ထည့်သွင်းထားတဲ့အတွက် တကယ့်ကို မျက်နှာပြင် ဘေးဘောင်မဲ့ ဖုန်းများကို ဖန်တီးပေးပါတယ်။ စကရင်ရဲ့ အထက်မှာ Notch မထည့်ထားဘဲ ကင်မရာများဟာ ဖုန်းရဲ့ ထိပ်ကနေ ထွက်လာတာပါ။ Vivo ကတော့ အရွယ်သေး Pop-Up Camera ကို သုံးထားပါတယ်။ Oppo ကတော့ ဖုန်း ထိပ်ပိုင်းတစ်ခုလုံးဟာ အထက်ကို တက်လာတဲ့ ဒီဇိုင်းကို သုံးထားပါတယ်။
Oppo Find X ရဲ့ စကရင်ကို အောက်ကနေ အထက်ကို ပွတ်ဆွဲလိုက်တာနဲ့ ကင်မရာ ထွက်လာမှာ ဖြစ်ပြီး Face Unlock ဖြင့် ဖုန်းကို Unlock လုပ်ရတာပါ။ တစ်စက္ကန့်လောက် အတွင်းမှာတင် လျှင်မြန်စွာ Unlock ဖြစ်သွားတာက Wow လို့ ပြောရမှာပါ။ ဟာ့ဒ်ဝဲ အင်ဂျင်နီယာ နည်းပညာနဲ့ ဆော့ဖ်ဝဲ ဒီဇိုင်း တွဲဖက်မှုက အလွန် ကောင်းပါတယ်။ စမတ်ဖုန်း နယ်ပယ်မှ လူများကလည်း အဲဒီ ဖုန်းနှစ်လုံးကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။
ဒါပေမယ့် Pop-Up Camera ပါတဲ့ အဲဒီလို ဖုန်းများမှာ အားနည်းချက်များ ရှိနေပါတယ်။ ခေတ်ပေါ် စမတ်ဖုန်းများမှာ ရေစိုခံ စွမ်းရည်များ ထည့်ပေးထားပါတယ်။ ဒီလို ရေစိုခံနိုင်ဖို့ ဖုန်းများကို အလုံပိတ် ဒီဇိုင်း ဖန်တီးထားကြပါတယ်။ Find X ရဲ့ ကင်မရာ အစိတ်အပိုင်းကြောင့် ရေစိမ့်ဝင်နိုင်တဲ့ ပြဿနာ ရှိပါတယ်။ ဒါ့အပြင် ဖုန်၊ သဲ၊ ချွေးများဟာလည်း Slider Module ထဲ ဝင်သွားနိုင်ပါတယ်။ ဒီလို Mechanical Camera များဟာ ဖုန်းရဲ့ အကြမ်းခံမှုကို အားနည်းစေပါတယ်။ နောက်တစ်ခုက Find X ရဲ့ ကင်မရာကြောင့် Phone Case များ ဖန်တီးဖို့ ခက်ခဲစေပါတယ်။ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အာရုံစားစေမှာပါ။
ဒါ့အပြင် ကင်မရာကို အထုတ်၊ အသွင်းလုပ်တဲ့အခါမှာ လှုပ်ရှားမှုများ ပါလာပါတယ်။ အဲဒီအတွက် အဲဒီဖုန်းများမှာ စွမ်းအင်စားသုံးမှု များပြားမှာပါ။ အဲဒီအတွက် ဘက်ထရီ သက်တမ်း အားနည်းမလားဆိုတာ စောင့်ကြည့်ရမှာပါ။ Find X မှာ လက်ဗွေရာ ကိရိယာ မပါတဲ့အတွက် ကင်မရာကနေပဲ Unlock လုပ်ရမှာပါ။ အဲဒီအတွက် တစ်ရက်မှာ အကြိမ်များစွာ ကင်မရာကို အထုတ်၊ အသွင်းလုပ်ရမှာပါ။
အကျဉ်းချုပ် ပြောရရင်တော့ Oppo Find X နဲ့ Vivo Nex တို့ဟာ တကယ့်ကို ဘောင်ပျောက် စမတ်ဖုန်းများ ဖြစ်ပြီး အလွန် လှပပါတယ်။ သူတို့ရဲ့ ကင်မရာ ဒီဇိုင်းများကလည်း အလန်းစားပါ။ ဒါပေမယ့် အထက်မှာ ဖော်ပြထားတဲ့ အားနည်းချက်များ ရှိနေပါတယ်။ သူ တို့ကို ရောင်းချပြီးနောက်မှာတော့ အဲဒီ ဖုန်းများဟာ လက်တွေ့ကမ္ဘာမှာ အသုံးပြုရတာ အဆင်ပြေမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : theverge
You may be interested

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Ko Thuya - Feb 17, 2019ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ 11/2/2019 48MP Camera ပါလာမယ့္ Vivo V15 Pro AR Navigation Feature ကို Google Maps မွာ စမ္းသပ္ေန 12/2/2019 ဆိုက္ဘာ လံုျခံဳေရး အတြက္…

LG က ၂၄ ရက္ေန႔မွာ 5G Phone ကို ေၾကညာမည္
Ko Thuya - Feb 17, 2019နာမည္ေက်ာ္ Leaker တစ္ဦး ျဖစ္တဲ့ Evan Blass က LG ရဲ႕ 5G Phone ျဖစ္တဲ့ V50 ThinQ ကို မွ်ေ၀လိုက္ပါတယ္။ ဓါတ္ပံုမွ ဖုန္းပံုတြင္ ၂၄ ရက္ကို ျပသထားတာကို ျမင္ရတဲ့ အတြက္…

FullHD Display နဲ႔ Android 9.0 Pie ပါလာမယ့္ Huawei P30 နဲ႔ P30 Pro
Ko Thuya - Feb 17, 2019Huawei က မတ္လကုန္မွာ P30 Series မ်ားကို ျပင္သစ္ႏိုင္ငံ ပဲရစ္တြင္ ေၾကညာမယ္လို႔ ေျပာထားပါတယ္။ Huawei P20 ကိုလည္း ၿပီးခဲ့တဲ့ ႏွစ္ မတ္လကုန္မွာ ပဲရစ္တြင္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ P30 နဲ႔ P30…
Most from this category

Xiaomi Mi 9 ရဲ႕ ေစ်းႏႈန္းေတြ ထြက္ေပၚလာ
Ko Thuya - Feb 16, 2019
Leave a Comment
You must be logged in to post a comment.