64 Shares 89 Views

နံရံတွေပေါ်မှာ စိတ်ကြိုက် ပုံဆွဲစာရေး၊ ပြန်ဖျက်ပေးနိုင်တဲ့စက်ရုပ်ငယ် (Scribit)

Jul 05, 2018
64 89

[Zawgyi]






[Unicode]

ဒီနေ့လိုခေတ်မျိုးမှာတော့ ကိုယ်တိုင်ပုံဆွဲနိုင်တဲ့စက်ရုပ်စက်တွေဆိုတာ အသစ်အဆန်းမဟုတ်သလို ဝဘ်နဲ့ချိတ်ဆက်ပြီး နံရံပေါ်မှာပုံတွေဖော်ပြတယ်ဆိုတာမျိုးကလည်း အခုမှအဆန်းတကြယ်ပေါ်လာတာမဟုတ်ပါဘူး။ ဒါပေမယ့် အသစ်အဆန်းဖြစ်သွားတာက ဒီအိုင်ဒီယာ၂ခုလုံးကို စက်ပစ္စည်းတစ်ခုတည်းမှာပေါင်းစည်းလိုက်နိုင်တာပါ။

အခုဖော်ပြပေးလိုက်တဲ့စက်ရုပ်ငယ်လေးကတော့ နံရံပေါ်မှာပုံတွေကို သပ်သပ်ရပ်ရပ်ဆွဲနိုင်ရုံတင်မကဘဲ ကိုယ်က Decoration ပြောင်းချင်တဲ့အခါမျိုးမှာလည်း ဆွဲထားတဲ့ပုံတွေပြန်ဖျက်ပေးနိုင်ပြီး ကိုယ်လိုချင်တဲ့ပုံကိုပြန်ပြောင်းပေးနိုင်ပါတယ်။

ဒေါင်လိုက်ရှိနေတဲ့ဘယ်မျက်နှာပြင်ပေါ်မှာမဆို စာရေးနိုင် ပုံတွေဆွဲပြီးအလှဆင်ပေးနိုင်တဲ့စက်ရုပ်ငယ်လေးတစ်ရုပ်ဖြစ်ပြီး နံရံတစ်ခုရှိနေရုံနဲ့တင် စိတ်ကြိုက်ပုံတွေအမျိုးမျိုး ပြောင်းဆွဲနိုင်ပါတယ်။ ဘယ်ပုံဆွဲချင်လဲဆိုတာကတော့ Scribit ရဲ့မိုဘိုင်းလ် App ကလေးကနေ Web မှာရှိသမျှ ဘယ်ပုံမဆိုရှာလို့ရနိုင်ပါတယ်။

စားသောက်ဆိုင်မှာ တစ်နေ့တာမီနူးရေးချင်တာပဲဖြစ်ဖြစ် တစ်ရက်တာကိုစိတ်ခွန်အားပေးမယ့် စာတမ်းတွေရေးချင်တာပဲဖြစ်ဖြစ် နာမည်ကြီးပန်းချီဆရာကြီးတွေရဲ့ ပုံတွေ အခန်းနံရံမှာဆွဲထားပြီး ကြည့်ချင်တာပဲဖြစ်ဖြစ် တော်တော်အဆင်ပြေပါတယ်။ အထူးသဖြင့် ကော်ဖီဆိုင်လေးတွေဆိုရင်တော့ တစ်နေ့တစ်မျိုး မရိုးရတဲ့ Decoration လေးတွေနဲ့ အလှဆင်လို့ရတာပေါ့။ ပြောရရင် ဒီစက်ရုပ်ငယ်လေးက ဆန်းသစ်တဲ့အတွေးနဲ့ ခေတ်လူနေမှုဘဝနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးနိုင်တဲ့အိုင်ဒီယာလေးတစ်ခုလို့ မြင်ပါတယ်။ သူ့ရဲ့ဈေးနှုန်းလေးကတော့ $349 ရှိပြီး Shipping အတွက်ကတော့ $29 လောက်ကျသင့်မှာဖြစ်ပါတယ်။ (အောက်မှာသူ့ကို ဘယ်လိုသုံးရလဲဆိုတာ ကြည့်ကြည့်ပါဦး)

Ref: KickStarter/DigitalTrends

You may be interested

Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
100 shares11 views

Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်

Ko Thuya - Aug 19, 2018

ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…

ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
94 shares14 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Aug 19, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…

Leave a Comment

Most from this category