0 Shares 159 Views

Microsoft ရဲ႕ ေဒၚလာ ၄၀၀ တန္ တန္ဖိုးနည္း Surface Tablet လာမည္

Jul 04, 2018
0 159

မိုက္ကရိုေဆာ့ဖ္က တန္ဖိုးနည္း Surface Tablet ကို ထုတ္လုပ္ေရာင္းခ်မယ္ဆိုတဲ့ သတင္းမ်ားဟာ လအနည္းငယ္ကတည္းက သတင္းထြက္ခဲ့ပါတယ္။ သူ႔ရဲ႕ ေစ်းႏႈန္းဟာ ေဒၚလာ ၄၀၀ ၀န္းက်င္သာ ရွိႏုိင္ပါတယ္။

အခုေတာ့ ကုမၸဏီက သူ႔ကို အေမရိကန္ ဆက္သြယ္ေရး ေကာ္မရွင္ (FCC) ထံမွာ မွတ္ပံုတင္လိုက္ပါတယ္။ မွတ္ပံုတင္ သတင္းအခ်က္အလက္မ်ားထဲမွာ သူ႔ရဲ႕ Specifications မ်ားေတာ့ မေတြ႕ရွိဘဲ Low-Powered Charger ပါမယ္လို႔ ေဖာ္ျပထားပါတယ္။ သူ႔ရဲ႕ လွ်ိဳ႕၀ွက္ အမည္မွာ Libra ျဖစ္ပါတယ္။ Bloomberg က ယခင္က မိုက္ကရိုေဆာ့ဖ္ဟာ ၁၀ လက္မ Surface Devices ကို ထုတ္လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေျပာၿပီး သူ႔မွာ ေထာင့္စြန္းမ်ားလံုး၀န္းတဲ့ ဒီဇိုင္းနဲ႔ USB-C Charging မ်ား ပါလာမယ္လို႔ သိရပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ားအရ တက္ဘလက္မွာ LTE ဆက္သြယ္မႈလည္း ပါ၀င္လာႏုိင္ပါတယ္။ ၀ိုင္ဖိုင္ ေမာ္ဒယ္ကိုလည္း ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ သူနဲ႔ တြဲဖက္ အသံုးျပဳႏုိင္တဲ့ တန္ဖိုးနည္း Type Cover , Arc Mouse , Surface Pen မ်ားကိုလည္း ထုတ္လုပ္ေရာင္းခ်ေပးမယ္လို႔ သတင္းထြက္ေနပါတယ္။ သူဟာ ၃၂၉ ေဒၚလာ တန္ iPad ကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ေမာ္ဒယ္အသစ္ဟာ ယခင္ ေမာ္ဒယ္မ်ားထက္ ေပါ့ပါးၿပီး Intel Processors, Full Windows 10 Version မ်ားထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။

တန္ဖိုးနည္း တက္ဘလက္ကို အေမရိကန္မွာ ေက်ာင္းသား လူငယ္မ်ားအတြက္ ရည္ရြယ္ မိတ္ဆက္ႏုိင္ပါတယ္။ အဲဒီအတြက္ ေက်ာင္းမ်ား ျပန္ဖြင့္မယ့္ စက္တင္ဘာလေလာက္မွာ အေမရိကန္မွာ သူ႔ကို ေၾကညာႏုိင္ပါတယ္။ မိုက္ကရိုေဆာ့ဖ္ဟာ လြန္ခဲ့တဲ့ သံုးႏွစ္က တန္ဖိုးနည္း အရြယ္ေသး Surface 3 Tablet ကို ေရာင္းခ်ေပးခဲ့ဖူးပါတယ္။

Ref : theverge

unicode

Microsoft ရဲ့ ဒေါ်လာ ၄၀၀ တန် တန်ဖိုးနည်း Surface Tablet လာမည်

မိုက်ကရိုဆော့ဖ်က တန်ဖိုးနည်း Surface Tablet ကို ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းများဟာ လအနည်းငယ်ကတည်းက သတင်းထွက်ခဲ့ပါတယ်။ သူ့ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၄၀၀ ဝန်းကျင်သာ ရှိနိုင်ပါတယ်။

အခုတော့ ကုမ္ပဏီက သူ့ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) ထံမှာ မှတ်ပုံတင်လိုက်ပါတယ်။ မှတ်ပုံတင် သတင်းအချက်အလက်များထဲမှာ သူ့ရဲ့ Specifications များတော့ မတွေ့ရှိဘဲ Low-Powered Charger ပါမယ်လို့ ဖော်ပြထားပါတယ်။ သူ့ရဲ့ လျှို့ဝှက် အမည်မှာ Libra ဖြစ်ပါတယ်။ Bloomberg က ယခင်က မိုက်ကရိုဆော့ဖ်ဟာ ၁၀ လက်မ Surface Devices ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပြီး သူ့မှာ ထောင့်စွန်းများလုံးဝန်းတဲ့ ဒီဇိုင်းနဲ့ USB-C Charging များ ပါလာမယ်လို့ သိရပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ တက်ဘလက်မှာ LTE ဆက်သွယ်မှုလည်း ပါဝင်လာနိုင်ပါတယ်။ ဝိုင်ဖိုင် မော်ဒယ်ကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ သူနဲ့ တွဲဖက် အသုံးပြုနိုင်တဲ့ တန်ဖိုးနည်း Type Cover , Arc Mouse , Surface Pen များကိုလည်း ထုတ်လုပ်ရောင်းချပေးမယ်လို့ သတင်းထွက်နေပါတယ်။ သူဟာ ၃၂၉ ဒေါ်လာ တန် iPad ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မော်ဒယ်အသစ်ဟာ ယခင် မော်ဒယ်များထက် ပေါ့ပါးပြီး Intel Processors, Full Windows 10 Version များထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

တန်ဖိုးနည်း တက်ဘလက်ကို အမေရိကန်မှာ ကျောင်းသား လူငယ်များအတွက် ရည်ရွယ် မိတ်ဆက်နိုင်ပါတယ်။ အဲဒီအတွက် ကျောင်းများ ပြန်ဖွင့်မယ့် စက်တင်ဘာလလောက်မှာ အမေရိကန်မှာ သူ့ကို ကြေညာနိုင်ပါတယ်။ မိုက်ကရိုဆော့ဖ်ဟာ လွန်ခဲ့တဲ့ သုံးနှစ်က တန်ဖိုးနည်း အရွယ်သေး Surface 3 Tablet ကို ရောင်းချပေးခဲ့ဖူးပါတယ်။

Ref : theverge

You may be interested

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ
Android, HUBS, Mobiles & Tablets
0 shares0 views

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ေၾကညာ

Ko Thuya - May 23, 2019

OPPO က စြမ္းေဆာင္ရည္သင့္ K3 စမတ္ဖုန္းကို ေၾကညာလိုက္ပါတယ္။ သူ႔မွာ ၆.၅ လက္မ Full HD+ AMOLED Display တပ္ဆင္ထားၿပီး Notch မပါပါဘူး။ Screen-to-body Ratio မွာ ၉၁.၁ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ ယခင္မ်ိဳးဆက္ထက္…

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views

မိုဘိုင္းမွာ အသြင္အနည္းငယ္ ေျပာင္းသြားတဲ့ Google Search

Nigma - May 23, 2019

Google က Mobile Devices ေတြအတြက္ Search Result ေဖာ္ျပတဲ့ စာမ်က္ႏွာကို ဒီဇိုင္းအနည္းငယ္ ေျပာင္းလဲလိုက္ပါတယ္။ အခုဆိုရင္ Search Result တခုခ်င္းစီရဲ႕ ေခါင္းစီးစာသား (Title) ေပၚမွာ website ရဲ႕ icon နဲ႔ နာမည္တို႔ကို…

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္
NEWS
0 shares38 views

League of Legends မိုဘိုင္းဂိမ္းကို Riot Games နဲ႔ Tencents တို႔ ပူးေပါင္းထုတ္လုပ္မည္

Nigma - May 23, 2019

နာမည္ႀကီး MOBA ဂိမ္းတခုျဖစ္တဲ့ League of Legends ကို မိုဘိုင္းဗားရွင္းထုတ္သြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ League of Legends ဂိမ္း developer Riot Games နဲ႔ မိခင္ကုမၸဏီ Tencent တို႔ က LoL…

Leave a Comment

Most from this category