iPad Pro 2018 မွာ Face ID Camera ပါလာႏုိင္

Apple က လာမယ့္လ အနည္းငယ္အတြင္းမွာ iPad Pro 2018 အသစ္ကို ေၾကညာမယ္လို႔ ထင္ရပါတယ္။ တက္ဘလက္မွာ iPhone X ရဲ႕ TrueDepth Camera ပါလာမယ္လို႔ ယူဆရတဲ့ အေထာက္အထားမ်ားကို ေတြ႕ရပါတယ္။ တက္ဘလက္ အရြယ္နဲ႔ ကိုက္ညီတဲ့ Animoji ပါလာမွာပါ။ iOS 12 Beta မွာ AvatarKit အတြက္ အိုင္ပတ္ကို ေထာက္ပံ့မႈပါလာပါတယ္။ ဒါဟာ TrueDepth Camera အလုပ္လုပ္ဖို႔ လိုအပ္တဲ့ ေနာက္ခံ ေဆာ့ဖ္၀ဲ ျဖစ္ပါတယ္။

အိုင္ပတ္အသစ္မွာ စကရင္ရဲ႕ ထိပ္မွာ Notch လည္း ပါလာႏုိင္ပါတယ္။ အဲဒီအတြက္ သူ႔ရဲ႕ မ်က္ႏွာျပင္ ေဘးေဘာင္မ်ားဟာ အလြန္ ပါးလႊာမွာ ျဖစ္ပါတယ္။ iOS 12 မွာ Face ID အတြက္ Multi-User ကို ေထာက္ပံံ့လာမယ့္အတြက္ အိုင္ပတ္အသစ္မွာ Face ID ပါလာမွာ ပိုၿပီး ေသခ်ာေစပါတယ္။ Multi-User ကို ေထာက္ပံ့ျခင္းဟာ အိုင္ဖုန္း ကိုင္သူမ်ားအတြက္ေတာ့ သိပ္မလိုအပ္ဘဲ အိုင္ပတ္ကို မွ်ေ၀ အသံုးျပဳတဲ့ လူမ်ားအတြက္ေတာ့ အသံုး၀င္လာမွာ ျဖစ္ပါတယ္။

အိုင္ပတ္ရဲ႕ ဒီဇိုင္းကိုလည္း ဆန္းသစ္ထားမွာ ျဖစ္ပါတယ္။ Home Button ကို ဖယ္ရွားထားမွာ ျဖစ္ၿပီး iPhone X မွာလို Gesture Navigation မ်ားကို သံုးရမွာ ျဖစ္ပါတယ္။ Control Center ကို သံုးတဲ့အခါမွာ iOS 12 Beta မွာ Gesture Navigation အသစ္မ်ား ပါလာပါတယ္။

အိုင္ပတ္မွာ Face ID ထည့္သြင္းျခင္းဟာ လံုျခံဳေရးအတြက္ သာမက Animoji , Memoji မ်ားကို အသံုးျပဳႏုိင္ေအာင္ ျဖစ္ပါတယ္။ အိုင္ပတ္ကို မိသားစု၀င္မ်ား မွ်ေ၀ အသံုးျပဳၾကတဲ့အတြက္ Animoji , Memoji မ်ားကို သံုးၾကရင္ ေပ်ာ္စရာ ေကာင္းမွာပါ။

Ref : techradar

unicode

iPad Pro 2018 မှာ Face ID Camera ပါလာနိုင်

Apple က လာမယ့်လ အနည်းငယ်အတွင်းမှာ iPad Pro 2018 အသစ်ကို ကြေညာမယ်လို့ ထင်ရပါတယ်။ တက်ဘလက်မှာ iPhone X ရဲ့ TrueDepth Camera ပါလာမယ်လို့ ယူဆရတဲ့ အထောက်အထားများကို တွေ့ရပါတယ်။ တက်ဘလက် အရွယ်နဲ့ ကိုက်ညီတဲ့ Animoji ပါလာမှာပါ။ iOS 12 Beta မှာ AvatarKit အတွက် အိုင်ပတ်ကို ထောက်ပံ့မှုပါလာပါတယ်။ ဒါဟာ TrueDepth Camera အလုပ်လုပ်ဖို့ လိုအပ်တဲ့ နောက်ခံ ဆော့ဖ်ဝဲ ဖြစ်ပါတယ်။

အိုင်ပတ်အသစ်မှာ စကရင်ရဲ့ ထိပ်မှာ Notch လည်း ပါလာနိုင်ပါတယ်။ အဲဒီအတွက် သူ့ရဲ့ မျက်နှာပြင် ဘေးဘောင်များဟာ အလွန် ပါးလွှာမှာ ဖြစ်ပါတယ်။ iOS 12 မှာ Face ID အတွက် Multi-User ကို ထောက်ပံံ့လာမယ့်အတွက် အိုင်ပတ်အသစ်မှာ Face ID ပါလာမှာ ပိုပြီး သေချာစေပါတယ်။ Multi-User ကို ထောက်ပံ့ခြင်းဟာ အိုင်ဖုန်း ကိုင်သူများအတွက်တော့ သိပ်မလိုအပ်ဘဲ အိုင်ပတ်ကို မျှေ၀ အသုံးပြုတဲ့ လူများအတွက်တော့ အသုံးဝင်လာမှာ ဖြစ်ပါတယ်။

အိုင်ပတ်ရဲ့ ဒီဇိုင်းကိုလည်း ဆန်းသစ်ထားမှာ ဖြစ်ပါတယ်။ Home Button ကို ဖယ်ရှားထားမှာ ဖြစ်ပြီး iPhone X မှာလို Gesture Navigation များကို သုံးရမှာ ဖြစ်ပါတယ်။ Control Center ကို သုံးတဲ့အခါမှာ iOS 12 Beta မှာ Gesture Navigation အသစ်များ ပါလာပါတယ်။

အိုင်ပတ်မှာ Face ID ထည့်သွင်းခြင်းဟာ လုံခြုံရေးအတွက် သာမက Animoji , Memoji များကို အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။ အိုင်ပတ်ကို မိသားစုဝင်များ မျှေ၀ အသုံးပြုကြတဲ့အတွက် Animoji , Memoji များကို သုံးကြရင် ပျော်စရာ ကောင်းမှာပါ။

Ref : techradar

%d bloggers like this: