0 Shares 102 Views

User အများစုရဲ့ Block List ကို Unblock လုပ်ခဲ့မိတဲ့ ဖေ့စ်ဘွတ်ခ်

Jul 03, 2018
0 102

[Zawgyi]


null


အခုတော့ ဒီ Bug ကိုပြင်ဆင်ပြီးဖြစ်လို့ နဂိုအတိုင်းပြန်ဘလော့ထားပြီး ဘလော့ဖြည်မိသွားတဲ့ (ဒီ Bug နဲ့ ကြုံတွေ့လိုက်ရတဲ့) သူတွေကတော့ ဒီလိုမက်ဆေ့ခ်ျလေးပေါ်လာပါလိမ့်မယ်။



[Unicode]

ဖေ့စ်ဘွတ်ခ်ရဲ့ Chief Privacy Officer “Erin Egan” က မနေ့ကပဲ ပို့စ်တစ်ခုနဲ့ တောင်းပန်လိုက်ပါတယ်။ ပြဿနာအကြောင်းရင်းကတော့ ဖေ့စ်ဘွတ်ခ် User ပေါင်း ၈သိန်းလောက်ရဲ့ Block List ထဲက လူတွေကို Unblock လုပ်လိုက်မိတဲ့ Bug တစ်ခုကြောင့်ပါ။ အဆိုးဆုံးကတော့ မေလ ၂၉ရက်နေ့ကစလို့ ဇွန်လ ၅ရက်နေ့ထိ တစ်ပတ်လောက်ဆက်တိုက်ဖြစ်နေခဲ့တာကို ကိုယ်တွေလုံးဝမသိခဲ့တာပါပဲ။

null

ပုံမှန်ဆို တစ်ယောက်ယောက်ကို ဘလော့လိုက်တာနဲ့ ဘလော့လိုက်တဲ့သူနဲ့ပတ်သတ်သမျှပို့စ်တွေ Profile တွေ ဘာမှမြင်ရမှာမဟုတ်ပါဘူး။ အခုတော့ ဒီ Bug ကြောင့် Unblock ဖြစ်သွားပြီး Friends အနေနဲ့တင်တဲ့ပို့စ်တွေကိုမမြင်ရပေမယ့် Friends of Friends တို့ Public တို့နဲ့တင်တဲ့ပို့စ်တွေကိုမြင်နေရတာပါ။ ဒီ Bug သက်ရောက်တဲ့လူ ၈၃%လောက်ကတော့ Block List ထဲကတစ်ယောက်ကို ဘလော့ဖြည်မိပြီးသားဖြစ်သွားပြီး နှောင့်ယှက်ခံရလို့ ဘလောထားရသူတွေအတွက်တော့ သတင်းဆိုးဖြစ်မှာပါ။ တစ်ယောက်ယောက်ကို ဘလော့တဲ့အထိလုပ်ရခြင်းအကြောင်းရင်းက အရေးကြီးမှန်းသိကြောင်း ဒါကြောင့်လည်းဖြစ်ပျက်ခဲ့တာတွေအတွက်တောင်းပန်ကြောင်း Egan ကဆိုခဲ့ပါတယ်။

အခုတော့ ဒီ Bug ကိုပြင်ဆင်ပြီးဖြစ်လို့ နဂိုအတိုင်းပြန်ဘလော့ထားပြီး ဘလော့ဖြည်မိသွားတဲ့ (ဒီ Bug နဲ့ ကြုံတွေ့လိုက်ရတဲ့) သူတွေကတော့ ဒီလိုမက်ဆေ့ချ်လေးပေါ်လာပါလိမ့်မယ်။

ပြောရရင် Cambridge Analytica ကတည်းက လုံခြုံရေးပြဿနာနဲ့နာမည်ကြီးခဲ့တဲ့ ဖေ့စ်ဘွတ်ခ်က အခုလိုခဏခဏထပ်ဖြစ်ရင် နောင်မှာ User တွေက ယုံကြည်စိတ်ချစွာသုံးနိုင်ပါတော့မလားဆိုတာ စဉ်းစားလာရပါပြီ။

Ref: TechRadar, Facebook News Room

You may be interested

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ကြေညာ
Android, HUBS, Mobiles & Tablets
0 shares0 views

6.5” FHD+ AMOLED Display ပါတဲ့ OPPO K3 ကို ကြေညာ

Ko Thuya - May 23, 2019

OPPO က စွမ်းဆောင်ရည်သင့် K3 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ Full HD+ AMOLED Display တပ်ဆင်ထားပြီး Notch မပါပါဘူး။ Screen-to-body Ratio မှာ ၉၁.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယခင်မျိုးဆက်ထက်…

မိုဘိုင်းမှာ အသွင်အနည်းငယ် ပြောင်းသွားတဲ့ Google Search
NEWS, Softwares & Application
0 shares0 views

မိုဘိုင်းမှာ အသွင်အနည်းငယ် ပြောင်းသွားတဲ့ Google Search

Nigma - May 23, 2019

Google က Mobile Devices တွေအတွက် Search Result ဖော်ပြတဲ့ စာမျက်နှာကို ဒီဇိုင်းအနည်းငယ် ပြောင်းလဲလိုက်ပါတယ်။ အခုဆိုရင် Search Result တခုချင်းစီရဲ့ ခေါင်းစီးစာသား (Title) ပေါ်မှာ website ရဲ့ icon နဲ့ နာမည်တို့ကို…

League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်
NEWS
0 shares38 views

League of Legends မိုဘိုင်းဂိမ်းကို Riot Games နဲ့ Tencents တို့ ပူးပေါင်းထုတ်လုပ်မည်

Nigma - May 23, 2019

နာမည်ကြီး MOBA ဂိမ်းတခုဖြစ်တဲ့ League of Legends ကို မိုဘိုင်းဗားရှင်းထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ League of Legends ဂိမ်း developer Riot Games နဲ့ မိခင်ကုမ္ပဏီ Tencent တို့ က LoL…

Leave a Comment

Most from this category