296 Shares 152 Views


Jul 03, 2018
296 152


Samsung


LG


HTC


Motorola


OnePlus


Huawei or Honor


Sony


ref : androidpit

unicode

Android မှာ Camera Shutter Sound ကို ဘယ်လို ပိတ်မလဲ ?

စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ အဲဒီလို ပိတ်နိုင်တဲ့ စွမ်းဆောင်ချက် မပါရင် Silent Camera Pro လို App များကို သုံးနိုင်ပါတယ်။

Samsung

Samsung Devices များမှာ Camera App ရဲ့ Settings ထဲသွားပါ။ Shutter Sound ကို Off လုပ်ပေးပါ။ စွမ်းရည်မြင့် ဖုန်း များမှာ Master Volume Settings ထဲမှ မီဒီယာနဲ့ ပတ်သက်တဲ့ အသံကို ပိတ်ခြင်းဖြင့် Shutter Sound ကို ပိတ်နိုင်ပါတယ်။ Volume Button ကို နှိပ်ခြင်း သို့မဟုတ် Phone Settings> Sound ထဲသွားခြင်းဖြင့် Master Volume Settings ကို သတ်မှတ်ပါ။

LG

Stock Android မှာလိုပဲ LG ရဲ့ Camera App မှာ Shutter Sound ကို ပိတ်ဖို့ နည်းလမ်း မပါပါဘူး။ Master Volume Settings ထဲမှ မီဒီယာနဲ့ ပတ်သက်တဲ့ အသံကို ပိတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Do not disturb or Vibrate ကို သုံးရင်လည်း Shutter Sound ကို ကြားရမှာ မဟုတ်ပါဘူး။

HTC

HTC Devices များမှာတော့ Camera App ရဲ့ Settings ထဲသွားပါ။ General Settings> Camera shutter sound ရဲ့ Check Box မှာ အမှန်ခြစ်ကို ဖြုတ်ပေးပါ။ HTC 10 မှာတော့ ပြုလုပ်နည်းက Stock Android Devices များနဲ့ တူညီပါတယ်။ Master Volume Settings ထဲမှာပဲ အသံကို ပိတ်ရမှာ ဖြစ်ပါတယ်။

Motorola

Motorola Phone အချို့ရဲ့ ကင်မရာ စကရင်မှာ Loudspeaker Icon လေးပါရှိပါတယ်။ အိုင်ကွန်ကို နှိပ်၍ Shutter Sound ကို Enable or Disable လုပ်နိုင်ပါတယ်။ Moto G4 လို အခြား Motorola Phone များမှာ Shutter Sound ကို ပိတ်ဖို့ Master Volume Settings ကိုသာ သုံးရမှာ ဖြစ်ပါတယ်။

OnePlus

OnePlus Devices များမှာ Camera App ရဲ့ Settings ထဲသွားပါ။ Shutter Sound Option မှာ Off လုပ်ပေးပါ။

Huawei or Honor

Huawei Device အချို့မှာ Camera App > Menu > Settings ထဲသွားပြီး Mute Option မှာ Enable လုပ်ပေးပါ။ ဒါဆိုရင် Shutter Sound ကို ပိတ်ပေးမှာ ဖြစ်ပါတယ်။ Honor စီးရီးများမှာလည်း ဒီနည်း အတိုင်း ပြုလုပ်နိုင်ပါတယ်။

Sony

Sony Xperia Devices အဟောင်းများမှာ Camera App > Menu > Settings ထဲသွားပြီး Sound Slider ကို Off လုပ်ပေးပါ။ အချို့ Sony Devices များမှာတော့ Master Volume Settings ကို အသုံးပြု၍ Shutter Sound ကို ပိတ်ရမှာ ဖြစ်ပါတယ်။

ref : androidpit

You may be interested

Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်
Apple, HUBS, NEWS
100 shares11 views

Apple က လာမယ့်လများအတွင်းမှာ MacBook Air အသစ်ကို ကြေညာနိုင်

Ko Thuya - Aug 19, 2018

ထိုင်ဝမ်က ထွက်လာတဲ့ သတင်းများအရ Apple ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလများအတွင်းမှာ MacBook Air အသစ်ကို ကြေညာမယ်လို့ သိရပါတယ်။ ထိုင်ဝမ် သုတေသန အဖွဲ့အစည်း TrendForce က ဒီသတင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီ အချိန်ဇယားဟာ iPhone…

ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ်ပတ် Game for You ကဏ္ဍအတွက် ရွေးပေးချင်တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ်ထွက်ရှိလာတဲ့ စကိတ်စီးတဲ့ ဂိမ်း ဖြစ်ပါတယ်။ တီထွင် ဖန်တီးမှုများဟာ အလွန်ကောင်းပါတယ်။ စိတ်လှုပ်ရှားစွာ ကစားရမှာပါ။ ဒါပေမယ့် ဂရပ်ဖစ် အပိုင်းမှာ သူက အနည်းငယ် အားနည်းပါတယ်။ သူဟာ အလွန်ကောင်းမွန်ပြီး အခမဲ့ ကစားနိုင်တဲ့…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
94 shares14 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Aug 19, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ TechDen™ – Screen Time…

Leave a Comment

Most from this category