1435 Shares 1529 Views
၁၀% ပိုမြန်လာပြီး RAM 4GB နဲ့ထွက်ရှိလာမယ့် မျိုးဆက်သစ် iPhone X
Jul 03, 2018
1435 1529
[Zawgyi]
Ref: 9To5Mac
[Unicode]
နာမည်ကြီး Benchmark App ဖြစ်တဲ့ Geekbench ကနေ မထွက်သေးတဲ့ ၂၀၁၈ iPhone တွေရဲ့ Score တွေထွက်လာပါပြီ။ သတင်းတွေအရ ၂၀၁၈ iPhone တွေက iPhone X ထက်ပိုမြန်လာမယ်ဆိုတာတော့ ကျိန်းသေပါတယ်။
Device code “iPhone 11,2” လို့နာမည်ပေးထားပြီး D321AP Motherboard ကိုတပ်ဆင်ထားတဲ့ဖုန်းကတော့ “iPhone 9” လို့လည်းနာမည်ပေးနိုင်သလို “iPhone 11” လည်းဖြစ်ရင်ဖြစ်ပါလိမ့်မယ်။
Geekbench ရလဒ်တွေအရ ဒီဖုန်းကိုပြီးခဲ့တဲ့တစ်ပတ်ကစမ်းခဲ့တာဖြစ်ပြီး 2017 iPhone တွေမှာ တွေ့ခဲ့ရတဲ့ A11 Bionic Chip တွေနဲ့တူသလောက်နီးနီးရှိတဲ့ ARM ပရိုဆက်ဆာတွေကိုသုံးထားပါတယ်။ ဒါပေမယ့် RAM က 2815MB (3GB) ကနေ ဒီနှစ် 3748MB (4GB) ကိုတိုးလိုက်ပုံရပါတယ်။
Single Core ရမှတ်တွေကိုယှဉ်ကြည့်လိုက်ရင် iPhone X ရဲ့မြန်နှုန်းထက် ၁၀%ေလာက် ပိုမြန်နေပြီး Multi-Core ရမှတ်မှာတော့ ၅%ေလာက်ပိုကောင်းလာတာကို တွေ့ရပါတယ်။ ပြောထားတဲ့ iPhone 11,2 ဆိုတာက ဒီနှစ်ရဲ့ ဈေးသက်သာတဲ့ LCD iPhone ဖြစ်ပါလိ့မ်မယ်။ ဒီမော်ဒယ်ကတော့ A12 chip တွေမသုံးပဲ မနှစ်က A11 Bionic Chip ကိုမှအဆင့်မြှင့်ထားတဲ့ Chip ကိုပဲသုံးနိုင်ပါလိမ့်မယ်။
Apple က သူ့ရဲ့ A စီးရီးပရိုဆက်ဆာတွေကို ကိုယ်တိုင်ထုတ်လုပ်နေတာကြောင့် နောက်လာမယ့်ပရိုဆက်ဆာမှာ ဘာတွေပိုကောင်းအောင်လုပ်ရမယ်ဆိုတာ ကိုယ်တိုင်စိစစ်နိုင်ပါတယ်။ ဒီတစ်ခေါက် Geeknbench ရမှတ်တွေအရတော့ စွမ်းဆောင်ရည်ထက် ဘက်ထရီသက်တမ်းပိုခံဖို့ကိုအားစိုက်ထားတဲ့ပုံပါပဲ။ အောက်မှာပြထားတဲ့ Benchmark ရလဒ်တွေအရ iPhone X ထက် ဘယ်လောက်ပိုကောင်းလာလဲကြည့်ရအောင်။
Ref: 9To5Mac
You may be interested
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views
အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Ko Thuya - Jan 17, 2019
ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views
ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Nigma - Jan 17, 2019
(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views
LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Ko Thuya - Jan 17, 2019
လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…
Leave a Comment
Most from this category