3065 Shares 8395 Views


Jul 03, 2018
3065 8395




Ref : the verge

unicode

ဖုန်းပိုင်ရှင်ရဲ့ ဓါတ်ပုံတွေကို အလိုအလျှောက် ပို့နေတဲ့ Samsung Phone များ

ဆမ်ဆောင်းဖုန်း ပိုင်ရှင်များအတွက်တော့ သတင်းဆိုးပါ။ ဆမ်ဆောင်း ဖုန်း အချို့ဟာ Gallery ထဲက ဓါတ်ပုံများကို Contacts များထံ အလိုအလျှောက် ပို့နေတယ်လို့ သိရပါတယ်။ Samsung Phone Users များက အဲဒီ ပြဿနာကို Reddit နဲ့ ဆမ်ဆောင်းရဲ့ တရားဝင် ဖိုရမ်မှာ ပြောနေကြပါတယ်။ ဖုန်းပိုင်ရှင် တစ်ဦးက သူ့ဖုန်းဟာ ဓါတ်ပုံများကို သူ့ရဲ့ ချစ်သူ ကောင်မလေးထံ ပို့လိုက်တယ်လို့ ပြောပါတယ်။ ဓါတ်ပုံများကို ဆမ်ဆောင်းရဲ့ Default Texting App ဖြစ်တဲ့ Samsung Messages ကနေ ပေးပို့နေတာပါ။

Messages App ဟာ ပေးပို့ထားတဲ့ Messages များကို မပြသဘူးလို့ သိရပါတယ်။ အများစုက ပေးပို့ခံရတဲ့ လူက ပြောမှ သိကြတာပါ။ ဆမ်ဆောင်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီပြဿနာကို သိပြီးဖြစ်ကြောင်း နဲ့ နည်းပညာ အဖွဲ့ဟာ ပြဿာနာအတွက် အဖြေရှာနေတယ်လို့ ပြောပါတယ်။ Galaxy S9 နဲ့ S9 Plus များမှာ ဒီပြဿနာ ဖြစ်နေတယ်လို့ ဖိုရမ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အခြား ဖုန်းများမှာလည်း ဖြစ်ပွားနေပါတယ်။ ဆမ်ဆောင်းက ဒီပြဿနာ ဖြစ်ပွားနေသူများအား ကုမ္ပဏီထံ ဖုန်းခေါ်ဆိုဖို့ ညွှန်ကြားထားပါတယ်။

User အချို့က ဒီပြဿနာဟာ T-Mobile က ဒီတစ်ပတ်ထဲမှာ ဖြန့်ချီခဲ့တဲ့ RCS Messaging Updates ကြောင့် ဖြစ်မယ်လို့ ပြောပါတယ်။ T-Mobile ကို The Verge က မေးမြန်းရာမှာ ဒီပြဿနာအတွက် ဆမ်ဆောင်းနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး သူ့ဘက်မှ ပြ ဿနာ မဟုတ်ဘူးလို့ ပြောပါတယ်။

Ref : the verge

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category