447 Shares 114 Views

Samsung Galaxy Note 9 ရဲ႕ S Pen က သီခ်င္းမ်ားကို ထိန္းခ်ဳပ္ႏုိင္မည္

Jul 03, 2018
447 114

ဆမ္ေဆာင္းက ၿပီးခဲ့တဲ့ တစ္ပတ္က Galaxy Note 9 ရဲ႕ Unpacked Event အတြက္ ဖိတ္စာမ်ားကို ေ၀ငွခဲ့ပါတယ္။ ဖိတ္စာမွာ S Pen ကို အဓိကထား ျပသထားၿပီး သူ႔မွာ စြမ္းရည္ အသစ္မ်ားပါလာမယ္လို႔ ယူဆရပါတယ္။ အခုေတာ့ သူ႔ရဲ႕ စြမ္းရည္ အသစ္ အခ်ိဳ႕ဟာ ဘာလဲဆိုတာ သိလိုက္ရပါၿပီ။ ဆမ္ေဆာင္း ထုတ္ကုန္မ်ားကို ႀကိဳတင္ ေဟာကိန္းထုတ္ရမွာ မွန္ကန္ေလ့ရွိတဲ့ Tipster Ice Universe က S Pen ဟာ Portable Bluetooth Controller လို အသံုးျပဳႏုိင္မွာ ျဖစ္ၿပီး သီခ်င္းမ်ားကို ထိန္းခ်ဳပ္ျခင္း၊ Remote Self-Timer လို အသံုးျပဳႏုိင္ျခင္း စတဲ့ စြမ္းရည္မ်ား ပါလာမယ္လို႔ ေျပာပါတယ္။ S Pen မွာ ဂိမ္း ကစားႏိုင္တဲ့ စြမ္းရည္ေတာင္ ပါလာႏုိင္တယ္လို႔ သိရပါတယ္။

ဆမ္ေဆာင္းက ၾသဂုတ္လ ၉ ရက္ေန႔မွာ နယူးေယာက္စီးတီးမွာ သူ႔ကို မိတ္ဆက္ဖို႔ ဖိတ္စာမ်ားကို ေ၀ငွထားပါတယ္။ ယခုႏွစ္ Galaxy Unpacked Event ဟာ ယခင္ႏွစ္ကထက္ ရက္အနည္းငယ္ ေစာေနပါတယ္။ ယခင္ႏွစ္ ၾသဂုတ္လ ၂၃ ရက္ေန႔မွာ Note 8 ကို ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လ ၂ ရက္ေန႔မွာ Note 7 ကို ေၾကညာခဲ့တာပါ။

ဆမ္ေဆာင္းက Galaxy Note 9 မွာ Bixby Version 2.0 ပါမယ္လို႔ ေၾကညာထားပါတယ္။ ဗားရွင္းအသစ္ဟာ လူေတြေမးတဲ့ေမးခြန္းမ်ားကို ပိုမိုနားလည္လာၿပီး လွ်င္ျမန္စြာ အေျဖမ်ား ေျပာျပႏုိင္လာမွာ ျဖစ္ပါတယ္။ ဆူညံတဲ့ ပတ္၀န္းက်င္မွာေတာင္ သခင္ရဲ႕ အသံကို နားလည္ပါတယ္။ သူဟာ Version 1.0 ထက္ လုပ္ေဆာင္ခ်က္မ်ား ပိုမို ပါ၀င္လာမွာပါ။

Note 9 မွာ Note 8 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားထက္ အနည္းငယ္ ပိုမို ႀကီးမားတဲ့ ၆.၄ လက္မ အရြယ္ မ်က္ႏွာျပင္ကို ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Aspect Ratio ကေတာ့ တူညီမယ္လို႔ သိရပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား အပိုင္းမွာ Note 9 နဲ႔ S9+ တို႔ဟာ မတိမ္းမယိမ္း ျဖစ္လာပါတယ္။ Note 9 မွာ Note 8 ရဲ႕ 3300mAh Battery ထက္ ပိုိမုိႀကီးမားတဲ့ 3850mAh or 4000mAh Battery မ်ား ပါလာႏုိင္ပါတယ္။

Ref : gsmarena

unicode

Samsung Galaxy Note 9 ရဲ့ S Pen က သီချင်းများကို ထိန်းချုပ်နိုင်မည်

ဆမ်ဆောင်းက ပြီးခဲ့တဲ့ တစ်ပတ်က Galaxy Note 9 ရဲ့ Unpacked Event အတွက် ဖိတ်စာများကို ဝေငှခဲ့ပါတယ်။ ဖိတ်စာမှာ S Pen ကို အဓိကထား ပြသထားပြီး သူ့မှာ စွမ်းရည် အသစ်များပါလာမယ်လို့ ယူဆရပါတယ်။ အခုတော့ သူ့ရဲ့ စွမ်းရည် အသစ် အချို့ဟာ ဘာလဲဆိုတာ သိလိုက်ရပါပြီ။ ဆမ်ဆောင်း ထုတ်ကုန်များကို ကြိုတင် ဟောကိန်းထုတ်ရမှာ မှန်ကန်လေ့ရှိတဲ့ Tipster Ice Universe က S Pen ဟာ Portable Bluetooth Controller လို အသုံးပြုနိုင်မှာ ဖြစ်ပြီး သီချင်းများကို ထိန်းချုပ်ခြင်း၊ Remote Self-Timer လို အသုံးပြုနိုင်ခြင်း စတဲ့ စွမ်းရည်များ ပါလာမယ်လို့ ပြောပါတယ်။ S Pen မှာ ဂိမ်း ကစားနိုင်တဲ့ စွမ်းရည်တောင် ပါလာနိုင်တယ်လို့ သိရပါတယ်။

ဆမ်ဆောင်းက သြဂုတ်လ ၉ ရက်နေ့မှာ နယူးယောက်စီးတီးမှာ သူ့ကို မိတ်ဆက်ဖို့ ဖိတ်စာများကို ဝေငှထားပါတယ်။ ယခုနှစ် Galaxy Unpacked Event ဟာ ယခင်နှစ်ကထက် ရက်အနည်းငယ် စောနေပါတယ်။ ယခင်နှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ Note 8 ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှာ Note 7 ကို ကြေညာခဲ့တာပါ။

ဆမ်ဆောင်းက Galaxy Note 9 မှာ Bixby Version 2.0 ပါမယ်လို့ ကြေညာထားပါတယ်။ ဗားရှင်းအသစ်ဟာ လူတွေမေးတဲ့မေးခွန်းများကို ပိုမိုနားလည်လာပြီး လျှင်မြန်စွာ အဖြေများ ပြောပြနိုင်လာမှာ ဖြစ်ပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာတောင် သခင်ရဲ့ အသံကို နားလည်ပါတယ်။ သူဟာ Version 1.0 ထက် လုပ်ဆောင်ချက်များ ပိုမို ပါဝင်လာမှာပါ။

Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Aspect Ratio ကတော့ တူညီမယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။ Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။

Ref : gsmarena

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category