481 Shares 151 Views
Jul 03, 2018
481 151
Beijing Tiantan Hospital မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Wang Yongjun က ဒီပြိုင်ပွဲကို ပြုလုပ်ပေးခြင်းဟာ ဆရာဝန်များ ဥာဏ်ရည်တု နည်းပညာရဲ့ စွမ်းအားကို သိနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
Ref : tnw
unicode
ရောဂါရှာဖွေရေးပြိုင်ပွဲမှာ ဆရာဝန်များကို အနိုင်ယူလိုက်တဲ့ AI
ဉာဏ်ရည်တု နည်းပညာက တရုတ်မှ ထိပ်တန်းဆရာဝန်များကို ရောဂါရှာဖွေရေး အပိုင်းမှာ အနိုင်ယူလိုက်ပါတယ်။ ဆင်ဟွာရဲ့ သတင်းအရ AI ဟာ တရုတ် ထိပ်တန်း ဆရာဝန် ၁၅ ဦးပါတဲ့ အဖွဲ့ကို အနိုင်ယူလိုက်ပါတယ်။ AI ရဲ့ အမည်ကို BioMind လို့ ပေးထားပြီး Beijing Tiantan Hospital မှ Artificial Intelligence Research Centre for Neurological Disorders ဌာနက တီထွင်ထားတာ ဖြစ်ပါတယ်။
ဦးနှောက်အကြိတ် ရောဂါကို ရှာဖွေတဲ့အခါမှာ BioMind ဟာ ၈၇ ရာခိုင်နှုန်း မှန်ကန်ခဲ့ပါတယ်။ ဆရာဝန်များကတော့ ၆၆ ရာခိုင်နှုန်းသာ မှန်ကန်ခဲ့ပါတယ်။ AI က ရောဂါရှာဖွေမှုပေါင်း ၂၂၅ ခုကို ပြုလုပ်တဲ့အခါမှာ ၁၅ မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။ ဆရာဝန်များကတော့ မိနစ် ၃၀ ကြာမြင့်ခဲ့ပါတယ်။
ဦးနှောက် သွေးကြောပိတ်ခြင်းကို ကြိုတင် ဟောကိန်းထုတ်တဲ့အခါမှာ AI ကပဲ အနိုင်ရခဲ့ပါတယ်။ သူဟာ ၈၃ ရာခိုင်နှုန်း မှန်ကန်ခဲ့ပြီး ဆရာဝန်များက ၆၃ ရာခိုင်နှုန်းသာ မှန်ကန်ခဲ့ပါတယ်။ သုတေသနပညာရှင်များက Beijing Tiantan Hospital ရဲ့ Database များဖြင့် AI ကို လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ AI ဟာ ဦးနှောက်နဲ့ အာရုံကြော ရောဂါများကို အထူးကု ဆရာဝန်များလို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီး ၉၀ ရာခိုင်နှုန်း မှန်ကန်ခဲ့ပါတယ်။
Beijing Tiantan Hospital မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Wang Yongjun က ဒီပြိုင်ပွဲကို ပြုလုပ်ပေးခြင်းဟာ ဆရာဝန်များ ဉာဏ်ရည်တု နည်းပညာရဲ့ စွမ်းအားကို သိနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
Ref : tnw
You may be interested
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
Ko Thuya - Aug 21, 2018
Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…
စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views
စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Nwe Oo - Aug 21, 2018
[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…
8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views
8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Ko Thuya - Aug 21, 2018
ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…
Leave a Comment
Most from this category