1663 Shares 2227 Views

Xiaomi ရဲ့ စီအီးအိုက Mi Max 3 ရဲ့ ဘူးခွံကို ပြသ

Jul 03, 2018
1663 2227






Ref : gsmarena

unicode

Xiaomi ရဲ့ စီအီးအိုက Mi Max 3 ရဲ့ ဘူးခှံကို ပွသ

ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က Mi Max 3 ရဲ့ ဘူးခွံဓါတ်ပုံကို ပြသလိုက်ပါတယ်။ သူက အဲဒီ စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်မယ်လို့ ယူဆရတဲ့ စာတိုကိုလည်း ရေးသားထားပါတယ်။ ဒီလထဲမှာ သူ့ကို တရုတ်မှာ မိတ်ဆက်နိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းအရ Xiaomi Mi Max 3 မှာ ၆.၉ လက်မ 18:9 Screen တပ်ဆင်ထားပြီး မျက်နှာပြင် အရည်အသွေးမှာ 1080x2160p ဖြစ်ပါတယ်။ သူ့မှာ Qualcomm Snapdragon 710 Chipset ထည့်သွင်းထားနိုင်ပါတယ်။ 6GB RAM အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစား အလွန်ကြီးမားတဲ့ 5500mAh Battery ထည့်သွင်းထားပါတယ်။

Xiaomi Mi Max 3 ကို ဒီလထဲမှာ ယွမ် ၁၆၉၉ ဖြင့် ရောင်းချမယ်လို့ ထင်ရပြီး ယူရို ၂၂၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ တရုတ်ပြီးနောက်မှာ အိန္ဒိယမှာ ဇူလိုင်နဲ့ သြဂုတ်လများတွင် သူ့ကို ရောင်းချနိုင်ပါတယ်။ ရူပီး ၁၈၀၀၀ နဲ့ ၁၉၀၀၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Wireless Charging ပါဝင်လာနိုင်ပြီး Android 8.1 Oreo နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ ကင်မရာ အပိုင်းအတွက် Sony IMX 363 Sensor ဒါမှမဟုတ် Samsung S5K217+S5K5E8 Dual Camera Setup ကို ကျောဘက်မှာ တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Samsung S5K4H7 Sensor ကို တပ်ဆင်ထားနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် Mi Max 3 မှာ Omnivision 2281 Iris Scanner ကိုလည်း ထည့်သွင်းထားနိုင်တယ်လို့ သိရပါတယ်။

အထက်ပါ အကြောင်းအရာများကတော့ Xiaomi Mi Max 3 မှာ ပါဝင်လာနိုင်ဖွယ် ရှိတဲ့ Specification များ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်တဲ့အခါ ကျရင်လည်း Mi Max 3 ရဲ့ Specifications အပြည့်အစုံနဲ့ Features များကို ထပ်မံ တင်ဆက် ရေးသား ပေးမှာမို့ စောင့်မျှော် ရှု့စား အားပေးကြပါအုံး ခင်ဗျာ။

Ref : gsmarena

You may be interested

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
0 shares0 views

ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia
Gaming, NEWS
131 shares63 views

စွမ်းဆောင်ရည် ၆ဆပိုမြင့်တဲ့ RTX 2000 စီးရီး GPU တွေကို မိတ်ဆက်လိုက်တဲ့ Nvidia

Nwe Oo - Aug 21, 2018

[Zawgyi] ၂၀၁၈ Gamescom မှာတော့ Nvidia ကနေ သူ့ရဲ့ high-end graphic ကဒ်တွေဖြစ်တဲ့ GeForce RTX 2070, RTX 2080 နဲ့ RTX 2080 Ti တို့ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ 20-series…

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ
Android, HUBS, Mobiles & Tablets
1333 shares226 views

8GB RAM ပါတဲ့ Xiaomi Pocophone F1 ရဲ့ သတင်းအချက်အလက်များ Geekbench မှာ ထွက်ပေါ်လာ

Ko Thuya - Aug 21, 2018

ရှောင်မီက Pocophone F1 အမည်ရ စမတ်ဖုန်း အသစ်ကို ဖန်တီးနေတဲ့ သတင်းများ မကြာခဏ ထွက်ပေါ်လာပါတယ်။ သူ့ကို ယခုလ ၂၂ ရက်နေ့မှာ အိန္ဒိယမှာ ကြေညာမယ်လို့လည်း သတင်းထွက်နေပါတယ်။ အခုတော့ Geekbench မှာ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပြီး…

Leave a Comment

Most from this category