821 Shares 463 Views
Jul 02, 2018
821 463
[Zawgyi]
[Unicode]
OnePlus 6 အနီရောင် မော်ဒယ်ကို ထပ်မံ မိတ်ဆက်လိုက်တဲ့ OnePlus
Flagship Killer လို့ အမည်တွင်နေတဲ့ OnePlus ကတော့ OnePlus 6 အတွက် အနီရောင် မော်ဒယ်ကို ထပ်မံ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ OnePlus 3 နဲ့ OnePlus 3T တုန်းကလည်း Soft Gold နဲ့ Midnight Black ဆိုပြီး အထူးထုတ် မော်ဒယ် ၂မျိူးကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် OnePlus 5 အတွက် Soft Gold နဲ့ OnePlus 5T အတွက် Sandstone White, Lava Red ဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ OnePlus 6 မှာတော့ Silk White limited edition color ကို ထုတ်လုပ်ခဲ့တဲ့အပြင် အခုအခါမှာလည်း Red color မော်ဒယ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။
OnePlus 6 အနီရောင် မော်ဒယ်ကို ကမ္ဘာအနှံ့အပြားမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ Specification တွေက ရိုးရိုး OnePlus 6 မော်ဒယ်နဲ့ အတူတူ ဖြစ်ပြီး RAM 8GB/ ROM 128GB တစ်မျိူးတည်းသာ ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ OnePlus 6 အနီရောင် မော်ဒယ်ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အနီရောင် မော်ဒယ်ကို အိန္ဒိယနိုင်ငံမှာ ဇူလိုင်လ ၁၉ရက်နေ့ကနေ စတင် ရောင်းချသွားမှာ ဖြစ်ပြီး စျေးနှုန်းကတော့ အိန္ဒိယငွေ ၃၉,၉၉၉ ရူပီး (မြန်မာငွေ ၈၂၀,၀၀၀ ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။
OnePlus 6 Specification
OnePlus 6 ကို ပြီးခဲ့တဲ့ မေလတုန်းက စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၆.၂၈ လက်မ AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2280 pixels ရှိပါမယ်။ Qualcomm ရဲ့ Snapdragon 845 SoC ကိုအသုံးပြုထားပြီး Adreno 630 GPU ပါဝင်မှာ ဖြစ်ပါတယ်။ Android 8.1 Oreo ကို Customize ပြုလုပ်ထားတဲ့ Oxygen OS 5.1.8 နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 16MP+20MP Camera ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ 3300mAh ထည့်သွင်းထားပြီး Dash Charge အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁၇၇ ဂရမ် ရှိပါမယ်။
Ref:xda-developer, gsmarena
You may be interested
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
NEWS, Tech Update
0 shares0 views
၂၀၂၀ ခုနှစ်မှာ တည်ဆောက်မယ့် ကမ္ဘာ့ ပထမဆုံး ရေပေါ် မြို့တော်
Ko Thuya - Jan 16, 2019
ကမ္ဘာ့ ပထမဆုံး ရေပေါ်မြို့တော်ကို ပစိတ်ဖိတ် သမုဒ္ဒရာပေါ်မှာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှာ ဖြစ်ပါတယ်။ ရေပေါ်မြို့တော်မှာ ဟိုတယ်များ၊ လူနေအိမ်များ၊ စားသောက်ဆိုင်များ ပါရှိမှာ ဖြစ်ပါတယ်။ သူ့ကို Seasteading Institute က တည်ဆောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို PayPal…
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares18 views
အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီ ဖြစ်တဲ့ Realme 2
Ko Thuya - Jan 16, 2019
တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ မျက်နှာပန်းလှနေတဲ့ Realme က ယခုလ အစောပိုင်းမှာ အလုံးရေ ၄ သန်း ရောင်းချထားပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အခုလည်း Realme 2 အလုံးရေ ၂ သန်း ရောင်းချနိုင်ပြီလို့ တွစ်တာကနေ ကြေညာလိုက်ပါတယ်။ သူဟာ…
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Android, HUBS, Mobiles & Tablets
114 shares29 views
4030mAh Battery ပါတဲ့ Vivo Y91 ကို အိန္ဒိယမှာ ရောင်းချ
Ko Thuya - Jan 16, 2019
Vivo က အိန္ဒိယမှာ တန်ဖိုးနည်း Y91 ကို ရောင်းချပေးလိုက်ပါတယ်။ ရူပီး ၁၀ ၉၉၉ သတ်မှတ်ထားပြီး ၁၅၅ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။ Amazon India, Paytm Mall , Vivo India တို့ အပါအ၀င်…
Leave a Comment
Most from this category