134 Shares 100 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Jul 02, 2018
134 100

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Dojo

သင့္ မိသားစုတစ္ခုလံုး အင္တာနက္ကို လံုျခံဳစိတ္ခ်စြာ အသံုးျပဳခ်င္ရင္ေတာ့ Dojo ကို အသံုးျပဳပါ။ သူဟာ အင္တာနက္ လံုျခံဳေရး ကိရိယာတစ္ခု ျဖစ္ပါတယ္။ သူက သင့္ရဲ႕ Device မ်ားကေန ကိုယ္ေရးကိုယ္တာ သတင္းအခ်က္အလက္မ်ားကို ခိုးယူမယ့္ လူမ်ား၊ ဟက္ကာမ်ားကို ကာကြယ္ေပးပါတယ္။ သူဟာ အလြန္ စမတ္က်ၿပီး နည္းပညာ ျမင့္မားပါတယ္။ သူက သင့္ရဲ႕ အင္တာနက္ အသံုးျပဳမႈမ်ားကို ေလ့လာေစာင့္ၾကည့္ေနၿပီး အႏၱရာယ္ရွိတဲ့ ၀က္ဆိုက္မ်ားကို မၾကည့္မိေအာင္၊ လင့္မ်ားကို မႏွိပ္မိေအာင္ ကာကြယ္ေပးပါတယ္။ သူဟာ ႀကိဳးမဲ့ ကိရိယာ ျဖစ္တဲ့အတြက္ သင္ သြားေလရာ ယူေဆာင္သြားႏုိင္ပါတယ္။ သူက အႏၱရာယ္ က်ေရာက္ႏုိင္ရင္ မီးအလင္းေရာင္ကေန သတိေပးပါတယ္။ ၁၉၉ ေဒၚလာ တန္ေၾကးရွိပါတယ္။

Tail It Global Range GPS Trackers

သင့္ရဲ႕ မိသားစု၀င္မ်ား၊ အိမ္ေမြးတိရိစာၦန္မ်ား ဘယ္ေနရာေရာက္ေနလဲ သိခ်င္ရင္ေတာ့ Tail It Global Range GPS Trackers ကို အသံုးျပဳပါ။ သူ႔ရဲ႕ အမည္အတိုင္းပဲ သူ႔ကို ၀တ္ဆင္ထားသူဟာ ကမာၻ႕ ဘယ္ေနရာကို ေရာက္ေနသည္ျဖစ္ေစ သင္က ေျခရာခံႏုိင္မွာ ျဖစ္ပါတယ္။ လူမ်ား ၊ တိရိစာၦန္မ်ားမွာသာမက သင့္ စက္ဘီး၊ ကားမ်ားရဲ႕တည္ေနရာကို ေျခရာခံဖို႔လည္း သူ႔ကို အသံုးျပဳႏုိင္ပါတယ္။ သူ႔ရဲ႕ တည္ေနရာ ေျခရာခံမႈဟာ အလြန္ တိက်ပါတယ္။ သူ႔ရဲ႕ GPS စြမ္းရည္ဟာ အလြန္ ေကာင္းပါတယ္။ ငါးမီတာ အကြာအေ၀းအတြင္းအထိ တိက်ပါတယ္။ Tail it Pet နဲ႔ Tail it Bike မ်ားကေတာ့ အိမ္ေမြး တိရိစာၦန္မ်ားနဲ႔ စက္ဘီးမ်ားမွာ တပ္ဆင္ေပးဖို႔ ဒီဇိုင္းထုတ္ထားပါတယ္။ Tail it နဲ႔ Tail it + မ်ားကိုေတာ့ သင့္ ပစၥည္းမ်ားမွာ တပ္ဆင္ဖို႔ ဖန္တီးထားပါတယ္။ သူဟာ ဘလူးတု နည္းပညာ အစား SIM Card ကို အသံုးျပဳထားတဲ့အတြက္ ကမာၻအ၀န္းမွာ ေျခရာခံႏုိင္တာပါ။ သက္တမ္း အလြန္ေကာင္းတဲ့ ဘက္ထရီမ်ား ထည့္သြင္းထားၿပီး ၃ ပတ္ကေန ၈ ပတ္အထိ အသံုးခံပါတယ္။ Tail it app ကေနလည္း သူ႔ကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ ၈၅.၆၈ ေဒၚလာ သတ္မွတ္ထားပါတယ္။

Smart Apple Watch Charging Dock

Smart Apple Watch Charging Dock ဟာ သင့္ရဲ႕ Apple Watch ကို ႀကိဳးမဲ့ အားသြင္းေပးတဲ့ ကိရိယာ ျဖစ္ပါတယ္။ ဒီဇိုင္းက လွပၿပီး Apple Watch ကို သူ႕အေပၚတင္ၿပီး အားသြင္းထားရင္ ေနနဲ႔လ ေရႊနဲ႔ျမလို လိုက္ဖက္ပါတယ္။ သူဟာ အရြယ္အစား ေသးငယ္တဲ့အတြက္ စားပြဲနဲ႔ အျခား ေနရာတုိင္းမွာ ထားရွိႏုိင္သလို အျပင္သြားရင္လည္း အလြယ္တကူ ယူေဆာင္သြားႏုိင္ပါတယ္။ သစ္သားနဲ႔ ျပဳလုပ္ထားတဲ့ ဒီဇိုင္းက ဆန္းသစ္ၿပီး အျခား ေခတ္ေပၚ ပရိေဘာဂမ်ားနဲ႔ လိုက္ဖက္ပါတယ္။ ၂၇.၂၃ ေဒၚလာ တန္ေၾကးရွိပါတယ္။

Ref : thegadgetflow

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Dojo

သင့် မိသားစုတစ်ခုလုံး အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုချင်ရင်တော့ Dojo ကို အသုံးပြုပါ။ သူဟာ အင်တာနက် လုံခြုံရေး ကိရိယာတစ်ခု ဖြစ်ပါတယ်။ သူက သင့်ရဲ့ Device များကနေ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ခိုးယူမယ့် လူများ၊ ဟက်ကာများကို ကာကွယ်ပေးပါတယ်။ သူဟာ အလွန် စမတ်ကျပြီး နည်းပညာ မြင့်မားပါတယ်။ သူက သင့်ရဲ့ အင်တာနက် အသုံးပြုမှုများကို လေ့လာစောင့်ကြည့်နေပြီး အန္တရာယ်ရှိတဲ့ ဝက်ဆိုက်များကို မကြည့်မိအောင်၊ လင့်များကို မနှိပ်မိအောင် ကာကွယ်ပေးပါတယ်။ သူဟာ ကြိုးမဲ့ ကိရိယာ ဖြစ်တဲ့အတွက် သင် သွားလေရာ ယူဆောင်သွားနိုင်ပါတယ်။ သူက အန္တရာယ် ကျရောက်နိုင်ရင် မီးအလင်းရောင်ကနေ သတိပေးပါတယ်။ ၁၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

Tail It Global Range GPS Trackers

သင့်ရဲ့ မိသားစုဝင်များ၊ အိမ်မွေးတိရိစ္ဆာန်များ ဘယ်နေရာရောက်နေလဲ သိချင်ရင်တော့ Tail It Global Range GPS Trackers ကို အသုံးပြုပါ။ သူ့ရဲ့ အမည်အတိုင်းပဲ သူ့ကို ဝတ်ဆင်ထားသူဟာ ကမ္ဘာ့ ဘယ်နေရာကို ရောက်နေသည်ဖြစ်စေ သင်က ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ လူများ ၊ တိရိစ္ဆာန်များမှာသာမက သင့် စက်ဘီး၊ ကားများရဲ့တည်နေရာကို ခြေရာခံဖို့လည်း သူ့ကို အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ တည်နေရာ ခြေရာခံမှုဟာ အလွန် တိကျပါတယ်။ သူ့ရဲ့ GPS စွမ်းရည်ဟာ အလွန် ကောင်းပါတယ်။ ငါးမီတာ အကွာအဝေးအတွင်းအထိ တိကျပါတယ်။ Tail it Pet နဲ့ Tail it Bike များကတော့ အိမ်မွေး တိရိစ္ဆာန်များနဲ့ စက်ဘီးများမှာ တပ်ဆင်ပေးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ Tail it နဲ့ Tail it + များကိုတော့ သင့် ပစ္စည်းများမှာ တပ်ဆင်ဖို့ ဖန်တီးထားပါတယ်။ သူဟာ ဘလူးတု နည်းပညာ အစား SIM Card ကို အသုံးပြုထားတဲ့အတွက် ကမ္ဘာအဝန်းမှာ ခြေရာခံနိုင်တာပါ။ သက်တမ်း အလွန်ကောင်းတဲ့ ဘက်ထရီများ ထည့်သွင်းထားပြီး ၃ ပတ်ကနေ ၈ ပတ်အထိ အသုံးခံပါတယ်။ Tail it app ကနေလည်း သူ့ကို ထိန်းချုပ်နိုင်ပါတယ်။ ၈၅.၆၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Smart Apple Watch Charging Dock

Smart Apple Watch Charging Dock ဟာ သင့်ရဲ့ Apple Watch ကို ကြိုးမဲ့ အားသွင်းပေးတဲ့ ကိရိယာ ဖြစ်ပါတယ်။ ဒီဇိုင်းက လှပပြီး Apple Watch ကို သူ့အပေါ်တင်ပြီး အားသွင်းထားရင် နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ပါတယ်။ သူဟာ အရွယ်အစား သေးငယ်တဲ့အတွက် စားပွဲနဲ့ အခြား နေရာတိုင်းမှာ ထားရှိနိုင်သလို အပြင်သွားရင်လည်း အလွယ်တကူ ယူဆောင်သွားနိုင်ပါတယ်။ သစ်သားနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းက ဆန်းသစ်ပြီး အခြား ခေတ်ပေါ် ပရိဘောဂများနဲ့ လိုက်ဖက်ပါတယ်။ ၂၇.၂၃ ဒေါ်လာ တန်ကြေးရှိပါတယ်။

Ref : thegadgetflow

You may be interested

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္
Apple, HUBS, NEWS
100 shares11 views

Apple က လာမယ့္လမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာႏုိင္

Ko Thuya - Aug 19, 2018

ထို္င္၀မ္က ထြက္လာတဲ့ သတင္းမ်ားအရ Apple ဟာ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလမ်ားအတြင္းမွာ MacBook Air အသစ္ကို ေၾကညာမယ္လို႔ သိရပါတယ္။ ထိုင္၀မ္ သုေတသန အဖြဲ႕အစည္း TrendForce က ဒီသတင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္ဇယားဟာ iPhone…

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2
FEATURES, Games
0 shares0 views

ဒီတစ္ပတ္ Game for You က႑အတြက္ ေရြးေပးခ်င္တဲ့ Epic Skater 2

Ko Thuya - Aug 19, 2018

Epic Skater 2 ဟာ အသစ္ထြက္ရွိလာတဲ့ စကိတ္စီးတဲ့ ဂိမ္း ျဖစ္ပါတယ္။ တီထြင္ ဖန္တီးမႈမ်ားဟာ အလြန္ေကာင္းပါတယ္။ စိတ္လႈပ္ရွားစြာ ကစားရမွာပါ။ ဒါေပမယ့္ ဂရပ္ဖစ္ အပိုင္းမွာ သူက အနည္းငယ္ အားနည္းပါတယ္။ သူဟာ အလြန္ေကာင္းမြန္ၿပီး အခမဲ့ ကစားႏုိင္တဲ့…

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား
FEATURES, gadgets
94 shares14 views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Ko Thuya - Aug 19, 2018

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ TechDen™ – Screen Time…

Leave a Comment

Most from this category