1136 Shares 3101 Views
Jul 02, 2018
1136 3101
[Zawgyi]
Ref: gizmochina
[Unicode]
၆.၉ လက်မ AMOLED Display ကြီးနဲ့ ပွဲထွက်လာနိုင်တဲ့ Honor Note 10
Huawei ရဲ့ Brand ခွဲတစ်ခုဖြစ်တဲ့ Honor ဟာ Honor Note 8 ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း Honor Note 10 ကို မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Honor Note 8 ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက် ၂၀၁၇ခုနှစ်မှာတော့ Note စီးရီး မျိူးဆက်သစ် စမတ်ဖုန်းကို ဆက်လက်ထုတ်လုပ်ခဲ့ခြင်း မရှိပါဘူး။ ဒါ့ကြောင့် ဒီနှစ် ၂၀၁၈ခုနှစ်မှာ Honor Note 10 နာမည်နဲ့ ပြန်လည်ပွဲထွက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုထားကြပါတယ်။
Honor Note စီးရီးတွေဟာ Display အရွယ်အစား ကြီးမားတဲ့ Phablet အမျိူးအစားများ ဖြစ်ကြပြီး Note 10 မှာ အသုံးပြုမယ့် AMOLED Display များအတွက် Samsung ဆီကနေ မှာယူမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ, ၆.၉ လက်မ မျက်နှာပြင်အကျယ်ရှိ Honor Note 10 ရဲ့ Codenamed က Ravel ဖြစ်တယ်လို့ သိရပါတယ်။ Honor President ကလည်း Honor 10 ထက် ပိုကြီးတဲ့ မော်ဒယ်ကို ထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်နေတယ့်အကြောင်းကို Weibo ကနေ တဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Honor Note 10 ရဲ့ Processor အပိုင်းအတွက် Kirin 970 SoC ကို အသုံးပြုနိုင်ဖွယ်ရှိပြီး RAM အနေနဲ့ 4GB ပါဝင်နိုင်ပါတယ်။ Display မှာ Samsung ရဲ့ Super AMOLED Display တွေကို အသုံးပြုနိုင်ပြီး 18:9 ဒါမှမဟုတ် 19:9 Aspect ratio နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Memory Storage အနေနဲ့ 64GB/128GB ဆိုပြီး ၂မျိူး ထုတ်လုပ်နိုင်ဖွယ် ရှိပါတယ်။ ကျွမ်းကျင် ပညာရှင်များကတော့ နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် f/2.0 Aperture ရှိတဲ့ 13MP (OIS) Camera ကို တပ်ဆင်ထားနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။
Ref: gizmochina
You may be interested
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Android, FEATURES, HUBS
0 shares0 views
Android ကို Pro လို သုံးနိုင်မယ့် Tips များ
Ko Thuya - Nov 19, 2018
Android ပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်လာပါပြီ။ Update တစ်ခုထွက်တိုင်းမှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အချို့ လုပ်ဆောင်ချက်တွေကို လူတွေ သိပ်မသိကြပါဘူး။ ဒီပို့စ်မှာ အန်းဒရွိုက်ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ ၁။ App များအတွက် သီးခြား Shortcuts…
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Facebook, HUBS, NEWS
56 shares10 views
Instagram မှ User များရဲ့ Password များ ပေါက်ကြား
Ko Thuya - Nov 19, 2018
Instagram မကြာခင်က မိတ်ဆက်ခဲ့တဲ့ Download Your Data Tool ကနေ User များရဲ့ Password များ ပေါက်ကြားသွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဒါပေမယ့် User အနည်းငယ်သာ ပေါက်ကြားသွားတာ ဖြစ်ပြီး အခုတော့ လုံခြုံရေး ဟာကွက်ကို…
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
NEWS, Odd
86 shares25 views
အင်တာနက်မှာ ဆယ်လီ ဖြစ်လာတဲ့ ဂျပန်မှ ကြောင်နှစ်ကောင်
Ko Thuya - Nov 19, 2018
ချစ်စရာ အနက်နဲ့ အ၀ါရောင် ကြောင်လေး နှစ်ကောင်ဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှ အနုပညာ ပြတိုက်ကို တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်လောက် ၀င်ဖို့ ကြိုးစားနေပါတယ်။ သူတို့ ဒီလိုလုပ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ လုံခြုံရေး ၀န်ထမ်းများကြောင့်…
Leave a Comment
Most from this category