419 Shares 433 Views

iPhone X Plus အတြက္ OLED Screen ထုတ္ေပးမယ့္ LG

Jul 02, 2018
419 433

Apple က ယခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားအတြက္ OLED Screens မ်ား ထုတ္လုပ္ေပးဖို႔အတြက္ LG Display ထံမွာ ေဒၚလာ ၂.၇ သန္း မၾကာခင္က ရင္းႏွီးျမွပ္ႏွံခဲ့ပါတယ္။ China Morning Post ရဲ႕ သတင္းအရ Apple ဟာ LG အား သူ႔ရဲ႕ အိုင္ဖုန္းမ်ားအတြက္ OLED Screen ဒုတိယအမ်ားဆံုး ေထာက္ပံ့သူ အျဖစ္ သတ္မွတ္ထားၿပီး အေစာပိုင္းမွာ စကရင္ ၂ သန္းနဲ႔ ၄ သန္းအၾကား ထုတ္လုပ္ေပးဖုိ႔ ေတာင္းဆိုထားပါ တယ္။

ဒါေပမယ့္ ဒီႏွစ္ထဲမွာ ေရာင္းခ်မယ့္ အိုင္ဖုန္း အားလံုးအတြက္ေတာ့ ၄ သန္းဟာ မလံုေလာက္ပါဘူး။ အဲဒီအတြက္ LG ဟာ Apple အတြက္ OLED စကရင္မ်ားကို ၂၀ ရာခိုင္ႏႈန္းသာ ထုတ္လုပ္ေပးမွာ ျဖစ္ၿပီး က်န္တာေတြကို ဆမ္ေဆာင္းက ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။

သတင္းမ်ားက LG Display ဟာ ဒီထက္ပိုမ်ားတဲ့ ပမာဏကို ထုတ္လုပ္ေပးခ်င္ေပမယ့္ Apple လိုခ်င္သေလာက္ မထုတ္လုပ္ေပးႏုိင္ေသးဘူးလို႔ ဆိုပါတယ္။ LG Display ဟာ တန္ဖိုးအႀကီးဆံုး အိုင္ဖုန္း ေမာ္ဒယ္ျဖစ္တဲ့ ၆.၅ လက္မ iPhone X Plus အတြက္ ထုတ္လုပ္ေပးမယ္လို႔ ထင္ရပါတယ္။ iPhone X Plus ဟာ ဆမ္ေဆာင္းရဲ႕ စြမ္းရည္ျမင့္ ဖုန္းမ်ားကို တိုက္ရိုက္ ယွဥ္ၿပိဳင္မယ္လို႔ သတင္းထြက္ေနပါတယ္။

Apple ရဲ႕ ရံုးခ်ဳပ္မွာ အျငင္းပြားမႈမ်ား ရွိေနပါတယ္။ ဒီႏွစ္ အိုင္ဖုန္းမ်ားအတြက္ ဆမ္ေဆာင္းကပဲ OLED Screen အားလံုးကို ေထာက္ပံ့ေပးမလား၊ LG Display ကလည္း ဆမ္ေဆာင္းနဲ႔ အတူ ေထာက္ပံ့ေပးမလား ဆိုတာေတြ ျဖစ္ပါတယ္။ Apple ဟာ ဆမ္ေဆာင္းကို မွီခိုေနရတာကို ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနတဲ့ သတင္းမ်ား ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။

Ref : gsmarena

unicode

iPhone X Plus အတွက် OLED Screen ထုတ်ပေးမယ့် LG

Apple က ယခုနှစ်ထုတ် အိုင်ဖုန်းများအတွက် OLED Screens များ ထုတ်လုပ်ပေးဖို့အတွက် LG Display ထံမှာ ဒေါ်လာ ၂.၇ သန်း မကြာခင်က ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ China Morning Post ရဲ့ သတင်းအရ Apple ဟာ LG အား သူ့ရဲ့ အိုင်ဖုန်းများအတွက် OLED Screen ဒုတိယအများဆုံး ထောက်ပံ့သူ အဖြစ် သတ်မှတ်ထားပြီး အစောပိုင်းမှာ စကရင် ၂ သန်းနဲ့ ၄ သန်းအကြား ထုတ်လုပ်ပေးဖို့ တောင်းဆိုထားပါ တယ်။

ဒါပေမယ့် ဒီနှစ်ထဲမှာ ရောင်းချမယ့် အိုင်ဖုန်း အားလုံးအတွက်တော့ ၄ သန်းဟာ မလုံလောက်ပါဘူး။ အဲဒီအတွက် LG ဟာ Apple အတွက် OLED စကရင်များကို ၂၀ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ကျန်တာတွေကို ဆမ်ဆောင်းက ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

သတင်းများက LG Display ဟာ ဒီထက်ပိုများတဲ့ ပမာဏကို ထုတ်လုပ်ပေးချင်ပေမယ့် Apple လိုချင်သလောက် မထုတ်လုပ်ပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ LG Display ဟာ တန်ဖိုးအကြီးဆုံး အိုင်ဖုန်း မော်ဒယ်ဖြစ်တဲ့ ၆.၅ လက်မ iPhone X Plus အတွက် ထုတ်လုပ်ပေးမယ်လို့ ထင်ရပါတယ်။ iPhone X Plus ဟာ ဆမ်ဆောင်းရဲ့ စွမ်းရည်မြင့် ဖုန်းများကို တိုက်ရိုက် ယှဉ်ပြိုင်မယ်လို့ သတင်းထွက်နေပါတယ်။

Apple ရဲ့ ရုံးချုပ်မှာ အငြင်းပွားမှုများ ရှိနေပါတယ်။ ဒီနှစ် အိုင်ဖုန်းများအတွက် ဆမ်ဆောင်းကပဲ OLED Screen အားလုံးကို ထောက်ပံ့ပေးမလား၊ LG Display ကလည်း ဆမ်ဆောင်းနဲ့ အတူ ထောက်ပံ့ပေးမလား ဆိုတာတွေ ဖြစ်ပါတယ်။ Apple ဟာ ဆမ်ဆောင်းကို မှီခိုနေရတာကို လျှော့ချဖို့ ကြိုးစားနေတဲ့ သတင်းများ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။

Ref : gsmarena

You may be interested

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2
Android, HUBS, Mobiles & Tablets
0 shares0 views

အလံုးေရ ၂ သန္း ေရာင္းခ်ႏိုင္ၿပီ ျဖစ္တဲ့ Realme 2

Ko Thuya - Jan 16, 2019

တန္ဖိုးနည္း စမတ္ဖုန္း ေစ်းကြက္မွာ မ်က္ႏွာပန္းလွေနတဲ့ Realme က ယခုလ အေစာပိုင္းမွာ အလံုးေရ ၄ သန္း ေရာင္းခ်ထားၿပီးၿပီလို႔ ေၾကညာခဲ့ပါတယ္။ အခုလည္း Realme 2 အလံုးေရ ၂ သန္း ေရာင္းခ်ႏုိင္ၿပီလို႔ တြစ္တာကေန ေၾကညာလိုက္ပါတယ္။ သူဟာ…

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်
Android, HUBS, Mobiles & Tablets
114 shares25 views

4030mAh Battery ပါတဲ့ Vivo Y91 ကို အိႏၵိယမွာ ေရာင္းခ်

Ko Thuya - Jan 16, 2019

Vivo က အိႏၵိယမွာ တန္ဖိုးနည္း Y91 ကို ေရာင္းခ်ေပးလိုက္ပါတယ္။ ရူပီး ၁၀ ၉၉၉ သတ္မွတ္ထားၿပီး ၁၅၅ ေဒၚလာေလာက္ က်သင့္ႏိုင္ပါတယ္။ Amazon India, Paytm Mall , Vivo India တို႔ အပါအ၀င္…

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ
Apple, Mobiles & Tablets, NEWS
916 shares187 views

iPhone ေမာ္ဒယ္သစ္ေတြအတြက္ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple ဖြင့္ဟ

Nigma - Jan 15, 2019

(Zawgyi) iPhone Xs ၊ Xs Max နဲ႔ iPhone Xr တို႔မွာ Qualcomm modem ေတြ သုံးခ်င္ခဲ့ေပမယ့္၊ Qualcomm က Chip မေရာင္းခဲ့ေၾကာင္း Apple က ေျပာၾကားခဲ့ပါတယ္။ Qualcomm ရဲ႕…

Leave a Comment

Most from this category