321 Shares 284 Views


Jul 02, 2018
321 284





Ref : tnw

unicode

အွန်လိုင်း ဘောလုံးပွဲ ဒိုင်များ ဒီနှစ် ကမ္ဘာ့ဖလားမှာ ဒေါ်လာ ၃၆ ဘီလီယမ် နိုင်မယ်လို့ ခန့်မှန်း

အားကစားပွဲများမှာ တစ်နှစ်လျှင် ဒေါ်လာ ၆၂၅ သန်းအထိ လောင်းကစား ပြုလုပ်နေကြပါတယ်။ အဲဒီ ပမာဏထဲမှ ၇၀ ရာခိုင်နှုန်းဟာ ဘောလုံးပွဲများမှ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲလို အားကစား ပွဲကြီးများမှာတော့ လောင်းကစား ပြုလုပ်မှုဟာ အများဆုံးဖြစ်ပါတယ်။

ဒီနှစ် ကမ္ဘာ့ဖလားပွဲမှာ အွန်လိုင်း ဘောလုံးပွဲ ဒိုင်များဟာ ဒေါ်လာ ၃၅.၄ ဘီလီယမ် နိုင်ကြမယ်လို့ ကျွမ်းကျင်သူများက တွက်ချက်ထားကြပါတယ်။ ဗြိတိန် တစ်နိုင်ငံထဲမှာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပွဲတွင် စတာလင်ပေါင် ၁ ဘီလီယမ်ဖိုး လောင်းခဲ့ကြပြီး ယခုနှစ်မှာတော့ စတာလင်ပေါင် ၂.၅ ဘီလီယမ် အထိ လောင်းကြမယ်လို့ တွက်ချက်ထားကြပါတယ်။

အွန်လိုင်းမှာ လောင်းကစား ဒိုင်များစွာ ရှိပြီး ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် ငွေလွှဲမှုများ ပြုလုပ်နိုင်တဲ့အတွက် အွန်လိုင်း လောင်းကစား လုပ်ငန်းဟာ အလွန် အရှိန်မြင့်မားလာပါတယ်။ အွန်လိုင်း လောင်းကစား ဒိုင်များဟာ ကစားသူများရဲ့ ဒေတာများကို ကောက်ယူပြီး သူတို့ နှစ်သက်တဲ့ အားကစားပွဲများကို လောင်းဖို့ အကြံပြုပြသပေးကြပါတယ်။ ဒီလို ဆော့ဖ်ဝဲ နည်းပညာများကလည်း လောင်းကစားမှုများကို အရှိန်မြှင့်ပေးနေပါတယ်။

ဒါ့အပြင် ဆော့ဖ်ဝဲ နည်းပညာများက ကစားသူများကို စဉ်းစားချင့်ချိန်ပြီး ကစားဖို့လည်း သတိပေးနိုင်ပါတယ်။ ဗြိတိန် မှာတင် ရူးမိုက်စွာ လောင်းကစား ပြုလုပ်သူပေါင်း ၄၃၀ ၀၀၀ ဝန်းကျင် ရှိပါတယ်။ အဲဒီလူများဟာ အွန်လိုင်း လောင်းကစားပွဲများမှာ စဉ်းစားချင့်ချိန်ခြင်း မရှိဘဲ ကစားမှုကြောင့် ငွေကြေးများစွာ ဆုံးရှုံးခဲ့ဖူးကြပါတယ်။

Ref : tnw

You may be interested

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
FEATURES, gadgets, Life Style
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Feb 17, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို ဖော်ပြပေးလိုက်ပါတယ်။ 11/2/2019 48MP Camera ပါလာမယ့် Vivo V15 Pro AR Navigation Feature ကို Google Maps မှာ စမ်းသပ်နေ 12/2/2019 ဆိုက်ဘာ လုံခြုံရေး အတွက်…

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်
Android, HUBS, LG
88 shares12 views

LG က ၂၄ ရက်နေ့မှာ 5G Phone ကို ကြေညာမည်

Ko Thuya - Feb 17, 2019

နာမည်ကျော် Leaker တစ်ဦး ဖြစ်တဲ့ Evan Blass က LG ရဲ့ 5G Phone ဖြစ်တဲ့ V50 ThinQ ကို မျှဝေလိုက်ပါတယ်။ ဓါတ်ပုံမှ ဖုန်းပုံတွင် ၂၄ ရက်ကို ပြသထားတာကို မြင်ရတဲ့ အတွက်…

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro
Android, Huawei, HUBS
136 shares27 views

FullHD Display နဲ့ Android 9.0 Pie ပါလာမယ့် Huawei P30 နဲ့ P30 Pro

Ko Thuya - Feb 17, 2019

Huawei က မတ်လကုန်မှာ P30 Series များကို ပြင်သစ်နိုင်ငံ ပဲရစ်တွင် ကြေညာမယ်လို့ ပြောထားပါတယ်။ Huawei P20 ကိုလည်း ပြီးခဲ့တဲ့ နှစ် မတ်လကုန်မှာ ပဲရစ်တွင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ P30 နဲ့ P30…

Leave a Comment

Most from this category