0 Shares 9689 Views

ဖုန္းျပဳတ္က်ရင္ လက္တံေတြ ထုတ္ၿပီး ကာကြယ္ေပးမယ့္ ကိရိယာ

Jul 02, 2018
0 9689

စမတ္ဖုန္းေတြ လက္ထဲက မေတာ္တဆ ျပဳတ္က်တာဟာ အၿမဲတမ္း ျဖစ္ေနတာပါ။ ဒီလို ျပဳတ္က်ရင္ ဖုန္းမပ်က္ဆီးေအာင္ ကာကြယ္ေပးမယ့္ Phone Case မ်ား၊ Screen Protector မ်ားကို ထုတ္လုပ္ေရာင္းခ်ေပးေနၾကပါတယ္။ အခုေတာ့ ဂ်ာမန္ အင္ဂ်င္နီယာ ေက်ာင္းသားတစ္ဦး ျဖစ္သူ Philip Frenzel က ထူးျခားဆန္းသစ္တဲ့ ကိရိယာ တစ္ခုကို တီထြင္လိုက္ပါတယ္။

သူ႔ရဲ႕ တီထြင္ထားမႈကို DesignBoom က ေဖာ္ျပထားတာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ကိရိယာဟာ Case တစ္ခုလို႔ ေျပာႏုိင္ၿပီး ဖုန္းေအာက္ျပဳတ္က်တာကို သူက အာရံုခံႏုိင္ပါတယ္။ ျပဳတ္က်တာနဲ႔ သူက သတၱဳ လက္ေခ်ာင္းမ်ားကို ထုတ္လိုက္ၿပီး ဖုန္းကို ၾကမ္းျပင္နဲ႔ မထိေအာင္ ကာကြယ္ေပးလိုက္ပါတယ္။

တီထြင္သူဟာ ဂ်ာမနီႏုိင္ငံ Aalen University မွ ေက်ာင္းသား ျဖစ္ၿပီး သူ႔ရဲ႕ ကိရိယာဟာ German Mechatronics Society ရဲ႕ ဆုကို ရရွိထားပါတယ္။ လာမယ့္လမွာ သူ႔ရဲ႕ ကိရိယာကို ထုတ္လုပ္ေရာင္းခ်ဖို႔အတြက္ Kickstarter ၀က္ဆိုက္ကေန ရန္ပံုေငြ ေကာက္ခံမွာ ျဖစ္ပါတယ္။

Phone Case မ်ားဟာ ဖုန္းကို ၾကမ္းျပင္နဲ႔ တိုက္ရိုက္မထိေအာင္ ကာကြယ္ေပးေပမယ့္ တုန္ခါမႈ ဒဏ္ကိုေတာ့ ဖုန္းက ခံရပါတယ္။ အဲဒီအတြက္ အတြင္းပိုင္းမွ အစိတ္အပိုင္းမ်ား ပ်က္ဆီးသြားႏုိင္ပါတယ္။ ယခု ကိရိယာကေတာ့ တုန္ခါမႈကို ေလ်ာ့နည္းေစတဲ့ ေပ်ာ့ေျပာင္းတဲ့ သတၱဳလက္တံမ်ားေၾကာင့္ ဖုန္းဟာ ေအာက္ကို ျပဳတ္က်ရင္ တုန္ခါမႈ ဒဏ္ကို အနည္းငယ္သာ ခံစားရပါတယ္။

Ref : theverge

unicode

ဖုန်းပြုတ်ကျရင် ကာကွယ်ပေးမယ့် ကိရိယာ

စမတ်ဖုန်းတွေ လက်ထဲက မတော်တဆ ပြုတ်ကျတာဟာ အမြဲတမ်း ဖြစ်နေတာပါ။ ဒီလို ပြုတ်ကျရင် ဖုန်းမပျက်ဆီးအောင် ကာကွယ်ပေးမယ့် Phone Case များ၊ Screen Protector များကို ထုတ်လုပ်ရောင်းချပေးနေကြပါတယ်။ အခုတော့ ဂျာမန် အင်ဂျင်နီယာ ကျောင်းသားတစ်ဦး ဖြစ်သူ Philip Frenzel က ထူးခြားဆန်းသစ်တဲ့ ကိရိယာ တစ်ခုကို တီထွင်လိုက်ပါတယ်။

သူ့ရဲ့ တီထွင်ထားမှုကို DesignBoom က ဖော်ပြထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကိရိယာဟာ Case တစ်ခုလို့ ပြောနိုင်ပြီး ဖုန်းအောက်ပြုတ်ကျတာကို သူက အာရုံခံနိုင်ပါတယ်။ ပြုတ်ကျတာနဲ့ သူက သတ္တု လက်ချောင်းများကို ထုတ်လိုက်ပြီး ဖုန်းကို ကြမ်းပြင်နဲ့ မထိအောင် ကာကွယ်ပေးလိုက်ပါတယ်။

တီထွင်သူဟာ ဂျာမနီနိုင်ငံ Aalen University မှ ကျောင်းသား ဖြစ်ပြီး သူ့ရဲ့ ကိရိယာဟာ German Mechatronics Society ရဲ့ ဆုကို ရရှိထားပါတယ်။ လာမယ့်လမှာ သူ့ရဲ့ ကိရိယာကို ထုတ်လုပ်ရောင်းချဖို့အတွက် Kickstarter ဝက်ဆိုက်ကနေ ရန်ပုံငွေ ကောက်ခံမှာ ဖြစ်ပါတယ်။

Phone Case များဟာ ဖုန်းကို ကြမ်းပြင်နဲ့ တိုက်ရိုက်မထိအောင် ကာကွယ်ပေးပေမယ့် တုန်ခါမှု ဒဏ်ကိုတော့ ဖုန်းက ခံရပါတယ်။ အဲဒီအတွက် အတွင်းပိုင်းမှ အစိတ်အပိုင်းများ ပျက်ဆီးသွားနိုင်ပါတယ်။ ယခု ကိရိယာကတော့ တုန်ခါမှုကို လျော့နည်းစေတဲ့ ပျော့ပြောင်းတဲ့ သတ္တုလက်တံများကြောင့် ဖုန်းဟာ အောက်ကို ပြုတ်ကျရင် တုန်ခါမှု ဒဏ်ကို အနည်းငယ်သာ ခံစားရပါတယ်။

Ref : theverge

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category