0 Shares 100 Views


Jul 02, 2018
0 100




Ref : gsmarena

unicode

Huawei က GPU Turbo နည်းပညာ ရရှိမယ့် စမတ်ဖုန်းများရဲ့ အသေးစိတ် Schedule ကို ကြေညာ

Huawei က ဇွန်လအစောပိုင်းမှာ GPU Turbo နည်းပညာကို သူ့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးမယ်လို့ ပြောခဲ့ပါတယ်။ ဟွာဝေးက Honor Play မှာ GPU Turbo နည်းပညာကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ ဒီနည်းပညာက Chipset ရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ အဲဒီနည်းပညာဟာ Honor 9i မှာလည်း ပါလာပါတယ်။ Honor 10 မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

ဟွာဝေးက တန်ဖိုးနည်းနဲ့ တန်ဖိုးမြင့် ဖုန်းများ အပါအဝင် ဖုန်းအဟောင်းများမှာ ဒီနည်းပညာကို ထည့်သွင်းပေးတော့မှာ ဖြစ်တယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။ Software Update ကနေ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ Huawei Mate 10 Series များမှာလည်း Beta Version ကို စမ်းသပ် အသုံးပြုနိုင်ခဲ့ပါတယ်။

အခုတော့ ဟွာဝေးက GPU Turbo နည်းပညာ ရရှိမယ့် စမတ်ဖုန်းများရဲ့ အသေးစိတ် Schedule ကို ကြေညာလိုက်ပါပြီ။ အဲဒီမှာ ဘယ်နိုင်ငံများမှာ ဘယ်ဖုန်းများက ဘယ်အချိန် ရရှိမလဲဆိုတာကို အသေးစိတ်ဖော်ပြထားပါတယ်။

Ref : gsmarena

You may be interested

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares9 views

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ

Ko Thuya - Jun 26, 2019

အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန်တီးနေတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…

Leave a Comment

Most from this category