iPhone မှာ 4K Video များ ဘယ်လို ရိုက်မလဲ ?

iPhone ရဲ့ အနောက်ကင်မရာဟာ အရည်အသွေးမြင့်မားတဲ့ HD Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ 4K Video များကို ရိုက်ကူးပေးနိုင်ပြီး Pixels အများဆုံးနဲ့ အချောမွတ်ဆုံး ဗီဒီယိုများကို ဖန်တီးနိုင်ဖို့ Frames per Second (FPS) ကို ချိန်ညှိနိုင်ပါတယ်။ တစ်စက္ကန့်မှာ ဖမ်းယူနိုင်တဲ့ ဖရိမ်များလေလေ ၊ ဗီဒီယိုများမှာ လှုပ်ရှားမှုများက ပိုမို တိကျလေလေ ဖြစ်ပါတယ်။

4K Video များကို ရိုက်ကူးနိုင်တဲ့ ပထမဆုံး iPhone မှာ iPhone 6 ဖြစ်ပါတယ်။ သင့်မှာ iOS 9 နဲ့ အထက် ထည့်သွင်းထားတဲ့ iPhone 6 နဲ့ နောက်ပိုင်း ဖုန်းရှိရင် 4K Video များကို ရိုက်ကူးနိိုင်ပါတယ်။

iPhone ရဲ့ Settings> Camera ထဲသွားပါ။ Record Video နဲ့ Record Slow-mo ကို တစ်ချက်စီနှိပ်ပြီး နှစ်သက်တဲ့ Resolution ကို ရွေးချယ်ပါ။

တစ်ခုမှတ်ထားရမှာက FPS နဲ့ Resolution မြင့်မားလေလေ ၊ ဗီဒီယိုရဲ့ အရွယ်အစားက ကြီးမားလေလေ ဖြစ်ပါတယ်။ Resolution နဲ့ FPS အလိုက် တစ်မိနစ်စာ ဗီဒီယိုရဲ့ အရွယ်အစားများကို အောက်မှာ ဖော်ပြထားပါတယ်။

Standard video recording

• 720p HD at 30fps: 40MB per minute
• 1080p HD at 30fps (default resolution): 60MB per minute
• 1080p HD at 60fps (smoother video): 90MB per minute
• 4K at 24fps: 135MB per minute
• 4K at 30fps: 170MB per minute

Slo-mo video recording

• 1080p HD at 120fps: 170MB per minute
• 1080p HD at 240fps (most frames, default): 480MB per minute

ref : techradar

unicode

iPhone မှာ 4K Video များ ဘယ်လို ရိုက်မလဲ ?

%d bloggers like this: