လိင်ပိုင်းဆိုင်ရာ စော်ကားသူများကို လျှပ်စစ်ဖြင့် တိုက်ခိုက်နိုင်မယ့် ဖိနပ်

အိန္ဒိယမှာတော့ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများဟာ အလွန်ကြီးမားတဲ့ ပြဿနာ ဖြစ်နေပါတယ်။ ဒေသတွင်း မီဒီယာများမှာလည်း နေ့စဉ် မုဒိန်းမှု သတင်းများ ပါလာနေပါတယ်။ အခုတော့ အိန္ဒိယမှ အသက် ၁၈ နှစ်အရွယ် အမျိုးသား ဆယ်ကျော်သက်တစ်ဦးက အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ စော်ကားသူများကို လျှပ်စစ်ဖြင့် တိုက်ခိုက်နိုင်မယ့် ဖိနပ်ကို တီထွင်လိုက်ပါတယ်။

သူဟာ Telengana မှ ကျောင်းသားတစ်ဦး ဖြစ်ပြီး အမည်ကတော့ Siddharth Mandala ဖြစ်ပါတယ်။ သူဟာ ElectroShoe ကို တီထွင်ဖို့ နှစ်အနည်းငယ် အချိန်ယူခဲ့ရပါတယ်။ ဖိနပ်က လိင်ပိုင်းဆိုင်ရာ စော်ကားသူများကို လျှပ်စစ်ဖြင့် တိုက်ခိုက်နိုင်သလို မိသားစုဝင်များနဲ့ ရဲများကိုလည်း အကြောင်းကြားပေးနိုင်ပါတယ်။ ဖိနပ်ဝတ်ဆင်ထားသူ အမျိုးသမီးက တိုက်ခိုက်သူကို ကန်လိုက်တာနဲ့ ဖိနပ်က အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။

သူက “ လမ်းလျှောက်တာနဲ့ လျှပ်စစ်စွမ်းအင် ဖြည့်တင်းပေးတဲ့ Circuit Board ကို ဖန်တီးခဲ့ရပါတယ်။ ရူပဗေဒ သင်ခန်းစာများမှာ ပါတဲ့ Peizoelectric Effect နည်းလမ်းဖြင့် ဒီနည်းပညာကို တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ လမ်းလျှောက်လေလေ ၊ စွမ်းအင် ပိုမို ထုတ်လုပ်နိုင်လေလေ ဖြစ်ပြီး ဘက်ထရီမှာ လျှပ်စစ် စွမ်းအင်ကို သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူဟာ အထက်တန်းကျောင်းကိုတောင် မပြီးသေးတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဖိနပ်ကို တီထွင်ဖို့ အခက်အခဲများ ရင်ဆိုင်ခဲ့ရပြီး Online နဲ့ Offline မှ Programmer များ၊ အင်ဂျင်နီယာများရဲ့ အကူအညီကို ရယူခဲ့ရပါတယ်။ သူဟာ နမူနာ မော်ဒယ် ၁၇ ကို တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူ အလိုရှိတဲ့ ဖိနပ်ကို တီထွင်နိုင်ခဲ့ပါတယ်။

ref : odditycentral

unicode

လိင်ပိုင်းဆိုင်ရာ စော်ကားသူများကို လျှပ်စစ်ဖြင့် တိုက်ခိုက်နိုင်မယ့် ဖိနပ်

%d bloggers like this: