လိင္ပိုင္းဆုိင္ရာ ေစာ္ကားသူမ်ားကို လွ်ပ္စစ္ျဖင့္ တိုက္ခိုက္ႏုိင္မယ့္ ဖိနပ္

အိႏၵိယမွာေတာ့ အမ်ိဳးသမီးမ်ားကို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ားဟာ အလြန္ႀကီးမားတဲ့ ျပႆနာ ျဖစ္ေနပါတယ္။ ေဒသတြင္း မီဒီယာမ်ားမွာလည္း ေန႔စဥ္ မုဒိန္းမႈ သတင္းမ်ား ပါလာေနပါတယ္။ အခုေတာ့ အိႏၵိယမွ အသက္ ၁၈ နွစ္အရြယ္ အမ်ိဳးသား ဆယ္ေက်ာ္သက္တစ္ဦးက အမ်ိဳးသမီးမ်ားအတြက္ လိင္ပိုင္းဆုိင္ရာ ေစာ္ကားသူမ်ားကို လွ်ပ္စစ္ျဖင့္ တိုက္ခိုက္ႏုိင္မယ့္ ဖိနပ္ကို တီထြင္လိုက္ပါတယ္။

သူဟာ Telengana မွ ေက်ာင္းသားတစ္ဦး ျဖစ္ၿပီး အမည္ကေတာ့ Siddharth Mandala ျဖစ္ပါတယ္။ သူဟာ ElectroShoe ကို တီထြင္ဖို႔ ႏွစ္အနည္းငယ္ အခ်ိန္ယူခဲ့ရပါတယ္။ ဖိနပ္က လိင္ပိုင္းဆုိင္ရာ ေစာ္ကားသူမ်ားကို လွ်ပ္စစ္ျဖင့္ တိုက္ခိုက္ႏုိင္သလို မိသားစု၀င္မ်ားနဲ႔ ရဲမ်ားကိုလည္း အေၾကာင္းၾကားေပးႏုိင္ပါတယ္။ ဖိနပ္၀တ္ဆင္ထားသူ အမ်ိဳးသမီးက တိုက္ခိုက္သူကို ကန္လိုက္တာနဲ႔ ဖိနပ္က အလုပ္လုပ္ေပးမွာ ျဖစ္ပါတယ္။

သူက “ လမ္းေလွ်ာက္တာနဲ႔ လွ်ပ္စစ္စြမ္းအင္ ျဖည့္တင္းေပးတဲ့ Circuit Board ကို ဖန္တီးခဲ့ရပါတယ္။ ရူပေဗဒ သင္ခန္းစာမ်ားမွာ ပါတဲ့ Peizoelectric Effect နည္းလမ္းျဖင့္ ဒီနည္းပညာကို တီထြင္ခဲ့ျခင္း ျဖစ္ပါတယ္။ လမ္းေလွ်ာက္ေလေလ ၊ စြမ္းအင္ ပိုမို ထုတ္လုပ္ႏုိင္ေလေလ ျဖစ္ၿပီး ဘက္ထရီမွာ လွ်ပ္စစ္ စြမ္းအင္ကို သိမ္းဆည္းေပးမွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

သူဟာ အထက္တန္းေက်ာင္းကိုေတာင္ မၿပီးေသးတဲ့ ေက်ာင္းသားတစ္ဦး ျဖစ္ပါတယ္။ သူဟာ ဖိနပ္ကို တီထြင္ဖို႔ အခက္အခဲမ်ား ရင္ဆိုင္ခဲ့ရၿပီး Online နဲ႔ Offline မွ Programmer မ်ား၊ အင္ဂ်င္နီယာမ်ားရဲ႕ အကူအညီကို ရယူခဲ့ရပါတယ္။ သူဟာ နမူနာ ေမာ္ဒယ္ ၁၇ ကို တီထြင္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ေနာက္ဆံုးမွာေတာ့ သူ အလိုရွိတဲ့ ဖိနပ္ကို တီထြင္ႏုိင္ခဲ့ပါတယ္။

ref : odditycentral

unicode

လိင်ပိုင်းဆိုင်ရာ စော်ကားသူများကို လျှပ်စစ်ဖြင့် တိုက်ခိုက်နိုင်မယ့် ဖိနပ်

အိန္ဒိယမှာတော့ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများဟာ အလွန်ကြီးမားတဲ့ ပြဿနာ ဖြစ်နေပါတယ်။ ဒေသတွင်း မီဒီယာများမှာလည်း နေ့စဉ် မုဒိန်းမှု သတင်းများ ပါလာနေပါတယ်။ အခုတော့ အိန္ဒိယမှ အသက် ၁၈ နှစ်အရွယ် အမျိုးသား ဆယ်ကျော်သက်တစ်ဦးက အမျိုးသမီးများအတွက် လိင်ပိုင်းဆိုင်ရာ စော်ကားသူများကို လျှပ်စစ်ဖြင့် တိုက်ခိုက်နိုင်မယ့် ဖိနပ်ကို တီထွင်လိုက်ပါတယ်။

သူဟာ Telengana မှ ကျောင်းသားတစ်ဦး ဖြစ်ပြီး အမည်ကတော့ Siddharth Mandala ဖြစ်ပါတယ်။ သူဟာ ElectroShoe ကို တီထွင်ဖို့ နှစ်အနည်းငယ် အချိန်ယူခဲ့ရပါတယ်။ ဖိနပ်က လိင်ပိုင်းဆိုင်ရာ စော်ကားသူများကို လျှပ်စစ်ဖြင့် တိုက်ခိုက်နိုင်သလို မိသားစုဝင်များနဲ့ ရဲများကိုလည်း အကြောင်းကြားပေးနိုင်ပါတယ်။ ဖိနပ်ဝတ်ဆင်ထားသူ အမျိုးသမီးက တိုက်ခိုက်သူကို ကန်လိုက်တာနဲ့ ဖိနပ်က အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။

သူက “ လမ်းလျှောက်တာနဲ့ လျှပ်စစ်စွမ်းအင် ဖြည့်တင်းပေးတဲ့ Circuit Board ကို ဖန်တီးခဲ့ရပါတယ်။ ရူပဗေဒ သင်ခန်းစာများမှာ ပါတဲ့ Peizoelectric Effect နည်းလမ်းဖြင့် ဒီနည်းပညာကို တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ လမ်းလျှောက်လေလေ ၊ စွမ်းအင် ပိုမို ထုတ်လုပ်နိုင်လေလေ ဖြစ်ပြီး ဘက်ထရီမှာ လျှပ်စစ် စွမ်းအင်ကို သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူဟာ အထက်တန်းကျောင်းကိုတောင် မပြီးသေးတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဖိနပ်ကို တီထွင်ဖို့ အခက်အခဲများ ရင်ဆိုင်ခဲ့ရပြီး Online နဲ့ Offline မှ Programmer များ၊ အင်ဂျင်နီယာများရဲ့ အကူအညီကို ရယူခဲ့ရပါတယ်။ သူဟာ နမူနာ မော်ဒယ် ၁၇ ကို တီထွင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ သူ အလိုရှိတဲ့ ဖိနပ်ကို တီထွင်နိုင်ခဲ့ပါတယ်။

ref : odditycentral

%d bloggers like this: