ဒီနှစ်အတွင်း Gaming Phone တစ်လုံးထုတ်လာမယ့် Huawei

နောက်လာမယ့် ၁၂လအတွင်းမှာ ကုမ္ပဏီရဲ့အဓိကထုတ်ကုန်တစ်ချို့ကိုတွေ့ရတော့မှာဖြစ်လို့ 2019 ခုနှစ်ကတော့ Huawei ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးနှစ်တစ်နှစ်ဖြစ်တော့မယ့်ပုံပါပဲ။

Huawei confirms plans for a gaming phone this year, foldable device in 2019

ဒီလအစောပိုင်းတုန်းက Huawei က သူ့ရဲ့ဘယ်စမတ်ဖုန်းနဲ့မဆို ဂိမ်းဆော့တိုင်း စွမ်းရည်ပိုမြှင့်ပေးနိုင်အောင် GPU Turbo နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ Brand ဥက္ကဌ Jim Xu က ဆော့ဖ်ဝဲလ်ပိုင်းပိုကောင်းမွန်တဲ့ ဂိမ်းအသားပေးစမတ်ဖုန်းတစ်လုံးနှစ်ကုန်မှာ ရောက်လာဖို့အစီအစဉ်ရှိကြောင်းဆိုခဲ့ပြီး ဘယ်လို Specs တွေနဲ့ထွက်လာမလဲတော့ မသိပါဘူး။

နောက်နှစ် ဇွန်လမှာလည်း သူ့ရဲ့ ပထမဆုံး 5G ဖုန်းတွေ Device တွေထွက်လာတော့မှာဖြစ်ပြီး Samsung ထက်အရင် ကွေးခေါက်နိုင်တဲ့စမတ်ဖုန်းတွေကိုထွက်ရှိလာမှာဖြစ်ကြောင်းကြေညာထားပါတယ်။ ကွေးခေါက်နိုင်တဲ့စမတ်ဖုန်း 5G နည်းပညာနဲ့ GPU Turbo နည်းပညာအပြင် လာမယ့်နွေဦးမှာလည်း Mate 20 Series တွေကိုမိတ်ဆက်လာဦးမှာပါ။ ၂၀၁၉ ပထမနှစ်ဝက်အတွင်းမှာောတ့ Huawei P30 စီးရီးတွေကိုမိတ်ဆက်လာဦးမှာဖြစ်လို့ ၂၀၁၉ ခုနှစ်ဟာတော့ Huawei ကို ရွှေရောင်တောက်စေမယ့်နေ့ရက်တွေ ဖြစ်စေမလားဆိုတာ ရင်ခုန်စရာပါပဲ။

%d bloggers like this: