0 Shares 4183 Views
Jul 02, 2018
0 4183
[Zawgyi]
Ref: gadgets.ndtv
[Unicode]
Galaxy J8 ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Samsung
Samsung အနေနဲ့ Mid-range စမတ်ဖုန်း အမျိူးအစားဖြစ်တဲ့ Galaxy J8 ကို အိန္ဒိယနိုင်ငံမှာ မနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း Galaxy J6 ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Galaxy J8 ကို အိန္ဒိယနိုင်ငံမှာ ရောင်းချသွားမယ့် စျေးနှုန်းကတော့ ၁၈၉၉၀ ရူပီး (မြန်မာငွေ ၄သိန်း ဝန်းကျင်) ဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ Black, Blue နဲ့ Gold ဆိုပြီး အရောင် ၃မျိူး ထုတ်လုပ်ရောင်းချ သွားမှာ ဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကိုလည်း မကြာခင် ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Samsung Galaxy J8 Specification
Android 8.0 Oreo နဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ၆လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD Super AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 720 X 1480 pixels ရှိပါမယ်။ Snapdragon 450 SoC ကိုအသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage က 64GB ပါဝင်ပြီး MicroSD 256GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ ၄သိန်း ဝန်းကျင် ပေးရမယ့် စမတ်ဖုန်း တစ်လုံး အနေနဲ့ Resolution နဲ့ SoC အပိုင်းမှာ သိပ်တော့ အားမရပါဘူး။ ဒါ့ပေမယ့်လည်း Specification တွေကို ကြည့်ပြီး စမတ်ဖုန်း ကောင်း၊ မကောင်း ဆိုတာ ၁၀၀% ဆုံးဖြတ်လို့ မရပြန်ပါဘူး။ Samsung Galaxy A6+ ကို ၅သိန်းပေးရပြီး Snapdragon 450 SoC ကို သုံးထားလို့ အထင်သေးခဲ့ဖူးပါတယ်။ တကယ့် တကယ် သုံးကြည့်တဲ့အခါမှာတော့ Performance အပိုင်းက ထင်ထားတာထက် ပိုကောင်းသလို၊ Adreno 506 ကြောင့် PUBG လို Game မျိူးကိုလည်း သာသာယာယာ ဆော့နိုင်တာကို တွေ့ရပါတယ်။ PUBG ကတော့ Graphic ကို Low ဘဲ ချိန်ပေးပါတယ်။
နောက်ကျောဘက်မှာ 16MP+5MP Dual Camera ကို ဒေါင်လိုက် တပ်ဆင်ထားပြီး ရှေ့ဘက် မျက်နှာပြင်မှာတော့ 16MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor အသုံးပြုနိုင်သလို Facial Recognition ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3500mAh ထည့်သွင်းထားပြီး အလေးချိန်ကတော့ 177grams ရှိပါမယ်။
Ref: gadgets.ndtv
You may be interested
Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views
Triple Rear Cameras များပါမယ့် Motorola One Action
Ko Thuya - Jun 16, 2019
21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views
လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
Ko Thuya - Jun 16, 2019
ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Ko Thuya - Jun 16, 2019
ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…
Leave a Comment
Most from this category