83 Shares 64 Views

Discount နဲ့ ပရိုမိုးရှင်းတွေကို တစ်နေရာထဲမှာတွေ့ရမယ့် KOOLPON App(Myanmar)

Jun 29, 2018
83 64




ဒေါင်းလုပ် —> Koolpon 









[Unicode]

ဂိမ်းတွေချည်းလှိမ့်ဆော့နေရတာလည်းပျင်းလာပြီ။ ဒီတစ်ပတ်တော့အစားအသောက် အပန်းဖြေစရာတွေဘက်ကိုလှည့်ရအောင် 😜😜 ဒီနေ့က လစာလည်းထုတ်အပြီး TGIF လည်းဖြစ်နေပြန်တော့ကာ…..

အခု အားလုံးစိတ်ဝင်စားလောက်မယ့် App လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ Foodie လေးတွေဆိုရင် သေချာပေါက်သဘောကျလောက်မယ်ထင်ပါရဲ့။ သူ့ရဲ့ နာမည်လေးကတော့ KOOLPON လို့ပေးထားပြီး ဒီ app ကလေးကနေ ကိုယ့်အတွက်ဘာတွေအမြတ်ထွက်နိုင်မလဲကြည့်လိုက်ရအောင်..

ပထမဆုံး App ကို Download လုပ်ပြီး Log In ဝင်လိုက်ပါ။ ပြီးရင် Menu လေးကိုသွားကြည့်ရအောင်။

ဒေါင်းလုပ် —> Koolpon 

Free Coupons မှာတော့ ပရိုမိုးရှင်း Discount ကူပွန်ရနိုင်တဲ့ဆိုင်တွေနဲ့ ဘယ်ဆိုင်ကတော့ ဘယ်လောက်လျှော့ပေးထားတယ်ဆိုတဲ့ဈေးနှုန်းတွေကို ဖော်ပြပေးထားပါတယ်။ အစားအသောက်လား  ခရီးသွားဖို့လား အလှအပလား အဲ့လိုသီးသန့်ရှာချင်ရင်တော့ Filter ကနေ ဝင်ရှာလို့ရပါမယ်။

Buy Coupons ကနေ ကူပွန်တွေဝယ်ယူလို့ရနိုင်ပါတယ်။ ဘယ်လောက်တန်ကူပွန်ဝယ်ရင် Points ဘယ်လောက်ရမယ်ဆိုတာလည်း ပြပေးထားပါတယ်။ နောက်တစ်ခါကူပွန်တွေဝယ်တဲ့အခါ ကိုယ်ရထားတဲ့ Point တွေနဲ့လည်း လဲလို့ရနိုင်ပါတယ်။

Buy Points မှာတော့ Points တွေကို ငွေနဲ့ပေးဝယ်လို့ရပါတယ်။ Point ဝယ်တာကူပွန်ဝယ်တာတွေအတွက် ငွေချေဖို့ကတော့ Credit Cards, Bank တွေ MPU ကဒ်တွေနဲ့ ပေးချေလို့ရနိုင်ပါတယ်။

နောက်တစ်ခုစိတ်ဝင်စားစရာအကောင်းဆုံး Admin အကြိုက်ဆုံးအပိုင်းလေးကတော့ “Deals in Town” ပါပဲ။ မြို့ထဲမှာ ဘယ်ဆိုင်တွေကတော့ ဘာပရိုမိုးရှင်းတွေပေးနေပြီလဲဆိုတာ ဒီမှာပြပေးထားပါတယ်။ စွန်းတန်လွန်းတဲ့ Discount တွေ ပရိုမိုးရှင်းတွေကို ဒီကနေရှာပြီး ဂုန်းဆင်းလို့ရပါတယ်။

Directory မှာတော့ ဆိုင်တွေရဲ့တည်နေရာဆက်သွယ်ရမယ့်နံပါတ်တွေပြပေးထားပြီး “Street Food Review” မှာတော့ လမ်းဘေးကနာမည်ကြီးဆိုင်လေးတွေကို Rating နဲ့အတူဖော်ပြပေးထားပါတယ်။

ကိုယ့်မှာဘာကူပွန်တွေရှိသလဲသိချင်ရင် My Coupons ထဲမှာဝင်ကြည့်လို့ရပြီး ပွိုင့်တွေဘယ်လောက်ရပြီလဲဆိုတာကတော့  My Points History မှာဖော်ပြပေးထားပါတယ်။ ကိုယ်ဝယ်ထားတဲ့ကူပွန်တွေကိုလည်း လက်ဆောင်အနေနဲ့ပေးလို့ရပါသေးတယ်။

နောက် Update ဗားရှင်းမှာ ကားလတ်မှတ်တွေတောင် ဝယ်လို့ရနေပါပြီ။ တော်တော်တော့အဆင်ပြေတာပါပဲ။

ခြုံပြောရရင် ကျွန်တော်တို့လို့ အစားတလိုင်းတွေ ခရီးသွားချင်တဲ့သူတွေ အလှအပစိတ်ဝင်စားသူတွေအတွက် Discount တွေပရိုမိုးရှင်းတွေနဲ့ ငွေကုန်ကြေးကျသက်သာမယ့် အသုံးလည်းဝင်တဲ့ App တစ်ခုလို့ပြောရမှာပါပဲ။

[Unicode]

You may be interested

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views

ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
215 shares51 views

Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max

Ko Thuya - Sep 25, 2018

Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ…

Leave a Comment

Most from this category