နာမည်ကြီး Facebook Quiz App ကနေ လူပေါင်းသန်း၁၂၀ကျော်ရဲ့ဒေတာများပေါက်ကြား

“Which Disney Princess are you?” တို့ဘာညာသာရကာမေးတဲ့ Quiz လေးတွေ တော်တော်များများ ဖြေဖူးကြမယ်ထင်ပါတယ်။  တကယ်တော့ ကိုယ့်နာမည်နဲ့ပုံလေးနဲ့တွဲထွက်လာတဲ့နောက်မှာ နာမည်အပြင် ပေးဆပ်လိုက်ရတာတွေ တော်တော်များပါတယ်။

လုံခြုံရေးဆိုင်ရာသုတေသီတစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ “Nametests” လို့ခေါ်တဲ့ နာမည်ကြီး Quiz App လေးက လူပေါင်းသန်း ၁၂၀လောက်ရဲ့ အချက်အလက်တွေကို ရယူထားပါတယ်တဲ့။ App ကိုဖျက်လိုက်ရင်တောင် ဒေတာတွေသူတို့ဆီမှာရှိနေပြီးပါပြီ။

Image result for Popular Facebook quiz app exposed data on more than 120 million users

နာမည်ကြီးခဲ့တဲ့ Facebook Cambridge Analytica တုန်းကလည်း Facebook သုံးတဲ့သူပေါင်း ၈၇သန်းဆီကနေ ဒေတာတွေရယူခဲ့လို့ ပြဿနာဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့်ဒီတစ်ခေါက်ကတော့ ဖေ့စ်ဘွတ်ခ်ရဲ့စည်းမျဥ်းတွေနဲ့မဆိုင်ဘဲ Nametests ဝဘ်ဆိုဒ်ကဖြေရှင်းရမယ့်ပြဿနာပါ။  ပြဿနာက တစ်လတစ်လမှာ ဒီ နာမည်ကြီး Quiz app ဖြစ်တဲ့ Nametests ကို သုံးနေတဲ့သူက သန်း၁၂၀တောင်ကျော်နေတဲ့ကိစ္စပါ။

လုံခြုံရေးသုတေသီကတော့ သူတွေ့ရသလောက် သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေက Nametests ရဲ့ဝဘ်ဆိုဒ်မှာ ဘာလုံခြုံရေးမှခံထားတာမရှိဘဲ လင့်ခ်နဲ့ဝင်တဲ့သူမှန်သမျှရနိုင်တဲ့ Public အနေနဲ့ရှိနေတယ်လို့ ဆိုထာပါတယ်။ ဘာဒေတာတွေပါသလဲဆိုရင် နာမည်၊ မွေးရပ်မြေနိုင်ငံ၊ မွေးနေ့၊ ယောကျာ်းမိန်းမနဲ့ အသက်စတာတွေအကုန်ပါပါတယ်။

ဒီဒေတာတွေက ဘယ် Third-Party တွေက တောင်းတောင်းရနိုင်နေတဲ့ public ဒေတာတွေအနေနဲ့ရှိနေတာ တော်တော်လန့်ဖို့ကောင်းပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဘယ်ဝဘ်ဆိုဒ်ကမှ User ရဲ့ဒေတာတွေကို ဘယ်ဆီဘယ်လမ်းကိုမှ ပေါက်ကြားခွင့်မပေးရပါဘူး။ ဒါကြောင့် Nametests ကိုသုံးဖူးတဲ့သူတွေရဲ့ဒေတာတွေရမရစမ်းချင်လို့ ဝဘ်ဆိုဒ်တစ်ခုဖန်တီးပြီးဒေတာတောင်းတဲ့အခါမှာ ဝင်ဖူးတဲ့သူတွေရဲ့ Private ပုံတွေ Status တွေနဲ့သူငယ်ချင်းတွေနဲ့ပတ်သတ်တဲ့ ဒေတာတွကိုပါ အကုန်ရနေတာကိုတွေ့ရတာပါပဲ။ အောက်ကဗီဒီယိုတစ်ချက်ရှိုးကြည့်ပါ(လန့်မသွားပါနဲ့)

Nametests ရဲ့အားနည်းမှုဆိုပေမယ့် Third-Party app တွေနဲ့ပတ်သတ်ရင် ဖေ့စ်ဘွတ်ခ်ရဲ့ကိုင်တွယ်နိုင်စွမ်းအားနည်းတယ်လို့လည်း ပြောရမှာပါ။ Cambridge ဒေတာပေါက်ကြားမှုပြီးကတည်းက ဒေတာအလွဲသုံးစားလုပ်တယ်လို့တွေ့ရတဲ့ App ပေါင်း ၂၀၀လောက်ကို ဖေ့စ်ဘွတ်ခ်က ဖျက်ပစ်ခဲ့ပေမယ့် အခုပြဿနာထပ်တက်ပြန်ဦးမယ်ထင်ပါရဲ့….

Ref: cnet

%d bloggers like this: