289 Shares 92 Views

နာမည္ၾကီး Facebook Quiz App ကေန လူေပါင္းသန္း၁၂၀ေက်ာ္ရဲ႕ေဒတာမ်ားေပါက္ၾကား

Jun 29, 2018
289 92

[Zawgyi]

“Which Disney Princess are you?” တို႔ဘာညာသာရကာေမးတဲ့ Quiz ေလးေတြ ေတာ္ေတာ္မ်ားမ်ား ေျဖဖူးၾကမယ္ထင္ပါတယ္။  တကယ္ေတာ့ ကိုယ့္နာမည္နဲ႔ပံုေလးနဲ႔တြဲထြက္လာတဲ့ေနာက္မွာ နာမည္အျပင္ ေပးဆပ္လိုက္ရတာေတြ ေတာ္ေတာ္မ်ားပါတယ္။

လံုျခံဳေရးဆုိင္ရာသုေတသီတစ္ေယာက္က ေဖ့စ္ဘြတ္ခ္မွာ “Nametests” လို႔ေခၚတဲ့ နာမည္ၾကီး Quiz App ေလးက လူေပါင္းသန္း ၁၂၀ေလာက္ရဲ႕ အခ်က္အလက္ေတြကို ရယူထားပါတယ္တဲ့။ App ကိုဖ်က္လိုက္ရင္ေတာင္ ေဒတာေတြသူတို႔ဆီမွာရိွေနျပီးပါျပီ။

Image result for Popular Facebook quiz app exposed data on more than 120 million users

နာမည္ၾကီးခဲ့တဲ့ Facebook Cambridge Analytica တုန္းကလည္း Facebook သံုးတဲ့သူေပါင္း ၈၇သန္းဆီကေန ေဒတာေတြရယူခဲ့လို႔ ျပႆနာျဖစ္ခဲ့ျပီးပါျပီ။ ဒါေပမယ့္ဒီတစ္ေခါက္ကေတာ့ ေဖ့စ္ဘြတ္ခ္ရဲ႕စည္းမ်ဥး္ေတြနဲ႔မဆိုင္ဘဲ Nametests ဝဘ္ဆုိဒ္ကေျဖရွင္းရမယ့္ျပႆနာပါ။  ျပႆနာက တစ္လတစ္လမွာ ဒီ နာမည္ၾကီး Quiz app ျဖစ္တဲ့ Nametests ကို သံုးေနတဲ့သူက သန္း၁၂၀ေတာင္ေက်ာ္ေနတဲ့ကိစၥပါ။

လံုျခံဳေရးသုေတသီကေတာ့ သူေတြ႔ရသေလာက္ သူ႔ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြက Nametests ရဲ႕ဝဘ္ဆိုဒ္မွာ ဘာလံုျခံဳေရးမွခံထားတာမရိွဘဲ လင့္ခ္နဲ႔ဝင္တဲ့သူမွန္သမွ်ရႏုိင္တဲ့ Public အေနနဲ႔ရိွေနတယ္လို႔ ဆိုထာပါတယ္။ ဘာေဒတာေတြပါသလဲဆိုရင္ နာမည္၊ ေမြးရပ္ေျမႏုိင္ငံ၊ ေမြးေန႔၊ ေယာက်ာ္းမိန္းမနဲ႔ အသက္စတာေတြအကုန္ပါပါတယ္။

ဒီေဒတာေတြက ဘယ္ Third-Party ေတြက ေတာင္းေတာင္းရႏုိင္ေနတဲ့ public ေဒတာေတြအေနနဲ႔ရိွေနတာ ေတာ္ေတာ္လန္႔ဖို႔ေကာင္းပါတယ္။ ပံုမွန္အတိုင္းဆိုရင္ ဘယ္ဝဘ္ဆုိဒ္ကမွ User ရဲ႕ေဒတာေတြကို ဘယ္ဆီဘယ္လမ္းကိုမွ ေပါက္ၾကားခြင့္မေပးရပါဘူး။ ဒါေၾကာင့္ Nametests ကိုသံုးဖူးတဲ့သူေတြရဲ႕ေဒတာေတြရမရစမ္းခ်င္လို႔ ဝဘ္ဆုိဒ္တစ္ခုဖန္တီးျပီးေဒတာေတာင္းတဲ့အခါမွာ ဝင္ဖူးတဲ့သူေတြရဲ႕ Private ပံုေတြ Status ေတြနဲ႔သူငယ္ခ်င္းေတြနဲ႔ပတ္သတ္တဲ့ ေဒတာတြကိုပါ အကုန္ရေနတာကိုေတြ႔ရတာပါပဲ။ ေအာက္ကဗီဒီယိုတစ္ခ်က္ရိႈးၾကည့္ပါ(လန္႔မသြားပါနဲ႔)

Nametests ရဲ႕အားနည္းမႈဆိုေပမယ့္ Third-Party app ေတြနဲ႔ပတ္သတ္ရင္ ေဖ့စ္ဘြတ္ခ္ရဲ႕ကိုင္တြယ္ႏုိင္စြမ္းအားနည္းတယ္လို႔လည္း ေျပာရမွာပါ။ Cambridge ေဒတာေပါက္ၾကားမႈျပီးကတည္းက ေဒတာအလြဲသံုးစားလုပ္တယ္လို႔ေတြ႔ရတဲ့ App ေပါင္း ၂၀၀ေလာက္ကို ေဖ့စ္ဘြတ္ခ္က ဖ်က္ပစ္ခဲ့ေပမယ့္ အခုျပႆနာထပ္တက္ျပန္ဦးမယ္ထင္ပါရဲ႕….

Ref: cnet

[Unicode]

“Which Disney Princess are you?” တို့ဘာညာသာရကာမေးတဲ့ Quiz လေးတွေ တော်တော်များများ ဖြေဖူးကြမယ်ထင်ပါတယ်။  တကယ်တော့ ကိုယ့်နာမည်နဲ့ပုံလေးနဲ့တွဲထွက်လာတဲ့နောက်မှာ နာမည်အပြင် ပေးဆပ်လိုက်ရတာတွေ တော်တော်များပါတယ်။

လုံခြုံရေးဆိုင်ရာသုတေသီတစ်ယောက်က ဖေ့စ်ဘွတ်ခ်မှာ “Nametests” လို့ခေါ်တဲ့ နာမည်ကြီး Quiz App လေးက လူပေါင်းသန်း ၁၂၀လောက်ရဲ့ အချက်အလက်တွေကို ရယူထားပါတယ်တဲ့။ App ကိုဖျက်လိုက်ရင်တောင် ဒေတာတွေသူတို့ဆီမှာရှိနေပြီးပါပြီ။

Image result for Popular Facebook quiz app exposed data on more than 120 million users

နာမည်ကြီးခဲ့တဲ့ Facebook Cambridge Analytica တုန်းကလည်း Facebook သုံးတဲ့သူပေါင်း ၈၇သန်းဆီကနေ ဒေတာတွေရယူခဲ့လို့ ပြဿနာဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမယ့်ဒီတစ်ခေါက်ကတော့ ဖေ့စ်ဘွတ်ခ်ရဲ့စည်းမျဥ်းတွေနဲ့မဆိုင်ဘဲ Nametests ဝဘ်ဆိုဒ်ကဖြေရှင်းရမယ့်ပြဿနာပါ။  ပြဿနာက တစ်လတစ်လမှာ ဒီ နာမည်ကြီး Quiz app ဖြစ်တဲ့ Nametests ကို သုံးနေတဲ့သူက သန်း၁၂၀တောင်ကျော်နေတဲ့ကိစ္စပါ။

လုံခြုံရေးသုတေသီကတော့ သူတွေ့ရသလောက် သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေက Nametests ရဲ့ဝဘ်ဆိုဒ်မှာ ဘာလုံခြုံရေးမှခံထားတာမရှိဘဲ လင့်ခ်နဲ့ဝင်တဲ့သူမှန်သမျှရနိုင်တဲ့ Public အနေနဲ့ရှိနေတယ်လို့ ဆိုထာပါတယ်။ ဘာဒေတာတွေပါသလဲဆိုရင် နာမည်၊ မွေးရပ်မြေနိုင်ငံ၊ မွေးနေ့၊ ယောကျာ်းမိန်းမနဲ့ အသက်စတာတွေအကုန်ပါပါတယ်။

ဒီဒေတာတွေက ဘယ် Third-Party တွေက တောင်းတောင်းရနိုင်နေတဲ့ public ဒေတာတွေအနေနဲ့ရှိနေတာ တော်တော်လန့်ဖို့ကောင်းပါတယ်။ ပုံမှန်အတိုင်းဆိုရင် ဘယ်ဝဘ်ဆိုဒ်ကမှ User ရဲ့ဒေတာတွေကို ဘယ်ဆီဘယ်လမ်းကိုမှ ပေါက်ကြားခွင့်မပေးရပါဘူး။ ဒါကြောင့် Nametests ကိုသုံးဖူးတဲ့သူတွေရဲ့ဒေတာတွေရမရစမ်းချင်လို့ ဝဘ်ဆိုဒ်တစ်ခုဖန်တီးပြီးဒေတာတောင်းတဲ့အခါမှာ ဝင်ဖူးတဲ့သူတွေရဲ့ Private ပုံတွေ Status တွေနဲ့သူငယ်ချင်းတွေနဲ့ပတ်သတ်တဲ့ ဒေတာတွကိုပါ အကုန်ရနေတာကိုတွေ့ရတာပါပဲ။ အောက်ကဗီဒီယိုတစ်ချက်ရှိုးကြည့်ပါ(လန့်မသွားပါနဲ့)

Nametests ရဲ့အားနည်းမှုဆိုပေမယ့် Third-Party app တွေနဲ့ပတ်သတ်ရင် ဖေ့စ်ဘွတ်ခ်ရဲ့ကိုင်တွယ်နိုင်စွမ်းအားနည်းတယ်လို့လည်း ပြောရမှာပါ။ Cambridge ဒေတာပေါက်ကြားမှုပြီးကတည်းက ဒေတာအလွဲသုံးစားလုပ်တယ်လို့တွေ့ရတဲ့ App ပေါင်း ၂၀၀လောက်ကို ဖေ့စ်ဘွတ်ခ်က ဖျက်ပစ်ခဲ့ပေမယ့် အခုပြဿနာထပ်တက်ပြန်ဦးမယ်ထင်ပါရဲ့….

Ref: cnet

You may be interested

Home Button မပါတဲ့ iPhone ,iPad မ်ားမွာ Screenshot ရိုက္ကူးနည္းမ်ား
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad မ်ားမွာ Screenshot ရိုက္ကူးနည္းမ်ား

Ko Thuya - Nov 12, 2018

ဖုန္းေတြမွာ သတင္းအခ်က္အလက္မ်ားကို လွ်င္ျမန္စြာ သိမ္းဖိုု႔ စကရင္ေရွာ့မ်ားဟာ အလြန္ အသံုး၀င္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းထုတ္ iOS Device မ်ားမွာ Home Button ကို ဖယ္ရွားလိုက္တဲ့ အတြက္ စကရင္ေရွာ့ ရိုက္နည္းမ်ား ေျပာင္းလဲသြားပါတယ္။ iPhone X နဲ႔…

Xiaomi Black Shark ကို ဥေရာပမွာ ႏို၀င္ဘာလ ၁၆ ရက္ေန႔တြင္ ေရာင္းေတာ့မည္
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥေရာပမွာ ႏို၀င္ဘာလ ၁၆ ရက္ေန႔တြင္ ေရာင္းေတာ့မည္

Ko Thuya - Nov 12, 2018

ေရွာင္မီက ဧၿပီလမွာ Black Shark Gaming Phone ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ကို ဥေရာပမွာ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ ႏုိ၀င္ဘာလ ၁၆ ရက္ေန႔မွာ ႏိုင္ငံေပါင္း ၂၈ ႏုိင္ငံမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ေရွာင္မီရဲ႕ အြန္လိုင္းစတိုးမွာ…

VOOC ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားေၾကာင္း Oppo ေၾကညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားေၾကာင္း Oppo ေၾကညာ

Ko Thuya - Nov 12, 2018

Oppo က ရွန္ဟိုင္းမွာ “Super VOOC Flash Charge Day” အမည္ရ ပြဲတစ္ခုကိုက်င္းပခဲ့ပါတယ္။ VOOC Fast Charging နည္းပညာ ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ရတဲ့ အထိမ္းအမွတ္ အျဖစ္…

Leave a Comment

Most from this category