76 Shares 91 Views


Jun 29, 2018
76 91




Ref : theverge

unicode

128TB SD Card များ ထွက်ပေါ်လာတော့မည်

SD Association က 128 Terabytes အထိ ဝင်ဆန့်တဲ့ SD Card များအတွက် စံနှုန်းအသစ်တစ်ခုကို သတ်မှတ်ပြဌာန်းပေးလိုက်ပါတယ်။ ဒါ့အပြင် အဲဒီ ကဒ်များဟာ တစ်စက္ကန့်လျှင် 985 Megabytes အထိ ဒေတာ ကူးပြောင်းမှု အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ SD Card များမှာ အများဆုံး ပါဝင်တာက 2TB ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက သတ်မှတ်ခဲ့တဲ့ စံနှုန်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ SanDisk က ကမ္ဘာမှာ အရွယ်အစား အကြီးဆုံး 1 Terabyte SD Card ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို အခုထက်ထိ မရောင်းချသေးပါဘူး။ SanDisk က အဲဒီကဒ်များဟာ 4K Video နဲ့ VR များလို ဖော်မက်များအတွက် အသုံးဝင်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒေတာ ပမာဏများစွာ ဝင်ဆန့်တဲ့ ကဒ်များဟာ ဈေးနှုန်း ကြီးမြင့်ပါတယ်။ SanDisk ရဲ့ 512GB SD Card ဟာ အစောပိုင်းမှာ ၈၀၀ ဒေါ်လာ တန်ကြေးရှိပြီး အခုတော့ ၃၀၀ ဒေါ်လာအထိ ဈေးလျှော့ရောင်းပေးထားပါတယ်။

SD Express လို့ခေါ်တဲ့ လျှင်မြန်တဲ့ ဒေတာ ကူးပြောင်းမှု စံနှုန်းအသစ်ဟာလည်း ကဒ်အားလုံးမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ SD Ultra Capacity (SDUC) လို့ ခေါ်တဲ့ ဒေတာ သိမ်းဆည်းမှု စံနှုန်းအသစ်ကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ 2TB Card များတောင် များစွာ ထွက်ပေါ်ခြင်း မရှိသေးပါဘူး။ အဲဒီအတွက် SDUC စံနှုန်းကို အသုံးပြုမယ့် ကဒ်များကို အသုံးပြုနိုင်ဖို့ဟာလည်း အချိန်ကြာမြင့်ဦးမှာပါ။

Ref : theverge

You may be interested

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro
Mobile & Tablets, Oppo
0 shares0 views

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro

Ko Ko PR - Dec 18, 2018

SuperVOOC ရဲ့ မြန်နှုန်းမြင့် စွမ်းဆောင်ချက်တွေနဲ့ အံ့သြမင်သက်သွားစေမယ့် OPPO R17 Pro သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေထဲမှာ စိတ်ရှုပ်ရပြီး အနှောင့်အယှက်ပေးတာ တစ်ခုကိုပြောပါဆိုရင် ညမအိပ်ခင် ဖုန်းအားသွင်းရတာမျိုး၊ စိတ်မချရလို့ မအိပ်ခင် အားသွင်းထားတဲ့မီး ပြန်ပိတ်ရတာမျိုး၊ ဖုန်းအားပြည့်အောင် စောင့်ပြီးမှအိပ်ရတာမျိုး၊ မနက်မိုးလင်းလို့ အပြင်မသွားခင်…

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်
HUBS, LG, NEWS
0 shares0 views

LG က စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီကို ၂၀၁၉ ခုနှစ်မှာ ရောင်းချနိုင်

Ko Thuya - Dec 18, 2018

LG က CES 2018 မှာ စက္ကူလို ခေါက်လိပ်နိုင်တဲ့ တီဗီ နမူနာ မော်ဒယ်ကို ပြသခဲ့ပါတယ်။ အခုတော့ Bloomberg ရဲ့ သတင်းအရင်းအမြစ်တစ်ခုက အဲဒီ တီဗီကို လာမယ့်နှစ်မှာ ရောင်းမယ်လို့ ပြောပါတယ်။ ၆၅ လက်မ OLED…

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့
Android, Apple, HUBS
81 shares30 views

Android Phone များရဲ့ Face Recognition ကို 3D Printed Head ဖြင့် လှည့်စားနိုင်ခဲ့

Ko Thuya - Dec 18, 2018

စမတ်ဖုန်းများမှာ ဒေတာများကို ကာကွယ်ဖို့ အတွက် လက်ဗွေရာ အာရုံခံ နည်းပညာများ ထည့်သွင်းလာကြပါတယ်။ နောက်ပိုင်းမှာတော့ ပိုမို စိတ်ချရတဲ့ မျက်နှာ အာရုံခံ နည်းပညာများကို အသုံးပြုလာကြပါတယ်။ အဆင့်မြင့် မျက်နှာအာရုံခံ နည်းပညာကို ပထမဆုံး အသုံးပြုနိုင်တဲ့ ကုမ္ပဏီက Apple ဖြစ်ပါတယ်။…

Leave a Comment

Most from this category