Samsung ၏ အဆုံးအစမဲ့မျက်နှာပြင် နှင့် Dual Camera ပါဝင်သော Galaxy စမတ်ဖုန်းအသစ် A8 Star အား မြန်မာနိုင်ငံတွင် မိတ်ဆက်

ရန်ကုန်၊ မြန်မာ ဇွန်လ၂၇ရက်၊၂၀၁၈ ခုနှစ် – အဆုံးအစမဲ့ ၆.၃ လက်မ FHD+ sAMOLED ဖုန်းမျက်နှာပြင်နှင့် စွမ်းဆောင်ရည်မြင့် Dual Camera ပါဝင်သည့် နောက်ဆုံးပေါ် Galaxy A8 Star စမတ်ဖုန်းအသစ်အား မြန်မာနိုင်ငံတွင် စတင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း Samsung Myanmar မှ ဇွန်လ ၂၇ရက်နေ့က သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Galaxy A8 Star စမတ်ဖုန်းအသစ်ကို ပါးလွှာသေသပ်သောဒီဇိုင်းနှင့် အချိုးကျသောဘေးဘောင်များနှင့် ဖန်တီးထားသောကြောင့် လက်အတွင်း မြဲမြံစွာကိုင်တွယ်နိုင်မည်ဖြစ်သည်။  အဆိုပါ ပါးလွှာ၍ သေသပ်ကျော့ရှင်းသော ဒီဇိုင်းပါဝင်သည့် စမတ်ဖုန်းအားအသုံးပြု၍ Samsung ချစ်သူများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူမှုဘဝတွင် စတိုင်ကျကျ ဖြတ်သန်းနိုင်မည် ဖြစ်သည်။

အခုမိတ်ဆက်လိုက်တဲ့ Galaxy A8 Star မှာ ၆.၃ လက်မရှိတဲ့ Full HD+ sAMOLED အဆုံးအစမဲ့ မျက်နှာပြင် ပါရှိတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ တကယ့်ကိုကောင်းမွန်တဲ့ ကြည့်ရှုမှု  အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ f2.0 အသုံးပြုထားတဲ့ 24MP အရှေ့ကင်မရာနဲ့ f1.7 အသုံးပြုထားတဲ့ 16MP + 24MP အနောက်ကင်မရာတွေက အလင်းရောင်အားနည်းတဲ့ အချိန်တွေမှာတောင် ကြည်လင်ပြတ်သားတဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of IT and Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။ “ဒီဖုန်းဟာ ဓာတ်ပုံတွေကို သေသေသပ်သပ်နဲ့လှလှပပ ရိုက်ရတာကိုကြိုက်တဲ့လူတွေနဲ့ ရုပ်ရှင်ကြည့်တဲ့အချိန် ဒါမှမဟုတ် ဂိမ်းကစားတဲ့အချိန်တွေမှာ အကောင်းဆုံးမြင်ကွင်း အတွေ့အကြုံကို ခံစားချင်တဲ့လူတွေအတွက် တကယ့်ကိုသင့်တော်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များ ပါဝင်သော စမတ်ဖုန်းတစ်လုံးဖြစ်သည့် Galaxy A8 Star တွင် အကောင်းမွန်ဆုံး အဆုံးစမဲ့ ဖန်သားမျက်နှာပြင် နှင့် ကင်မရာတို့အား ထည့်သွင်းပေးထားသည်။ အဆိုပါ ထိပ်တန်းလုပ်ဆောင်ချက်များအား သုံးစွဲသူများ စွဲမက်နှစ်သက်မည်ဖြစ်ပြီး အကောင်းမွန်ဆုံးသော ဖျော်ဖြေရေးဆိုင်ရာ ကြည့်ရှုမှုအတွေ့အကြုံနှင့် ထင်ရှားပြတ်သားသော ရုပ်ပုံများအား Galaxy A8 Star ကိုအသုံးပြု၍ ခံစားကြည့်ရှုနိုင်မည် ဖြစ်သည်။

Galaxy A8 Star မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar မှ တယ်လီနောမြန်မာနှင့် ပူးပေါင်း၍ အပိုထပ်ဆောင်း ဒေတာများအား ဝယ်ယူအားပေးသူများသို့ ပေးအပ်သွားမည်ဖြစ်သည်။ တယ်လီနောသည် ယခုအခါ မြန်မာနိုင်ငံရှိ အသုံးပြုသူများအား နောက်ဆုံးပေါ် ခေတ်မီ ကွန်ရက်များဖြင့် အလျင်မြန်ဆုံး 4G မြန်နှုန်းမြင့်လိုင်းအား ၂၄နာရီ ၇ရက်ပတ်လုံး ပေးအပ်လျက်ရှိသည်။

Samsung Myanmar ရဲ့ အခု Galaxy A8 Star မိတ်ဆက်ခြင်းနဲ့အတူ တယ်လီနောအနေနဲ့ စမတ်ဖုန်းသုံးစွဲသူတွေကို ပိုမိုကောင်းမွန်တဲ့ အင်တာနက်သုံးစွဲရမှု အတွေ့အကြုံတွေရရှိစေလိုတဲ့ဆန္ဒနဲ့ အလွယ်တကူရယူနိုင်မယ့် ဒေတာ ထပ်ဆောင်း အစီအစဉ်ကို ပေးအပ် ထားတာဖြစ်ပါတယ်။ A8 Star စမတ်ဖုန်းတွေကို ဝယ်ယူသူတိုင်းအနေနဲ့ လစဉ် ၃,၀၀၀၊ ၅,၀၀၀ (သို့) ၁၀,၀၀၀ ကျပ် ငွေဖြည့်ယုံနဲ့ လတိုင်း ၅၀၀ မဂ္ဂါဘိုက် ကနေ ၂ ဂစ်ဂါဘိုက် အထိကို တစ်နှစ်တိတိရရှိမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ Head of Device ဖြစ်သူ Colin Tanက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမှသုံးစွဲများအားလုံးအတွက် Samsung Myanmar သည် မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်းပြီး Galaxy A8 Star စမတ်ဖုန်းသစ်အပြင် အခြားသော Samsung စမတ်ဖုန်းများအား မည်သူမဆို အရစ်ကျငွေပေးချေစနစ်ဖြင့် အလွယ်တကူဝယ်ယူနိုင်စေရန် ပူးပေါင်းစီစဉ်ထားသည်။ အဆိုပါအစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် Galaxy A8 Star ဖုန်းအသစ်နှင့် အခြား Samsung စမတ်ဖုန်းများအားလုံးကို လစဉ်အရစ်ကျငွေပေးချေစနစ်ဖြင့် တစ်လလျှင် အသက်သာဆုံးသော အတိုးနှုန်း ၁.၀၈% ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Samsung Galaxy A8 Star အား မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ၇၈၉,၀၀၀ ကျပ်ဖြင့် အဖြူရောင် နှင့် အနက်ရောင် အရောင် နှစ်မျိုးဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

Samsung ၏ အဆုံးအစမဲ့မျက်နှာပြင် နှင့် Dual Camera ပါဝင်သော Galaxy စမတ်ဖုန်းအသစ်
A8 Star အား မြန်မာနိုင်ငံတွင် မိတ်ဆက်

%d bloggers like this: